Asia
ပန်ဒါဝက်ဝံကြီး ရှောင်ရှောင် နှင့် လေလေ မကြာမီ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်
တိုကျို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
လက်ရှိတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ အူအဲနိုတိရစ္ဆာန်ဥယျာဉ်၌ နေထိုင်လျက်ရှိသည့် ပန်ဒါဝက်ဝံကြီး ရှောင်ရှောင် နှင့် လေလေကို မကြာမီ တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း အဆိုပါတိရစ္ဆာန်ဥယျာဉ်မှ ဆင်ဟွာသတင်းထောက်အား အတည်ပြုပြောကြားခဲ့သည်။
ပန်ဒါဝက်ဝံကြီး ရှောင်ရှောင်နှင့် လေလေသည် ဇန်နဝါရီ ၂၇ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ဂျပန် Kyodo News သတင်းဌာန၏ ထိုမတိုင်မီ သတင်းဖော်ပြချက်အရ သိရသည်။
ရှောင်ရှောင်နှင့် လေလေသည် ၂၀၂၁ ခုနှစ်တွင် အူအဲနိုတိရစ္ဆာန်ဥယျာဉ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည့် ပန်ဒါဝက်ဝံကြီး ပီလိနှင့် ရှန်းနွီတို့၏ သားသမီးများဖြစ်သည်။ ရှောင်ရှောင် နှင့် လေလေ၏ အစ်မဖြစ်သူ ရှန်းရှန်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။
တရုတ်-ဂျပန်၏ ထိုမတိုင်မီ ကတိပြုချက်အရ ရှောင်ရှောင် နှင့် လေလေအား ပြန်လည်ပေးအပ်ရမည့်ကာလမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ဖြစ်သည်။ တိုကျိုဘက်က ပြန်လည်ပေးအပ်ရန် အသေးစိတ်ရက်စွဲနှင့် စပ်လျဉ်း၍ တရုတ်ဘက်နှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ ပြန်လည်ပေးအပ်မည့်ကာလကို တစ်လခန့်ရှေ့တိုးရန် ဆုံးဖြတ်ခဲ့သည်ဟု ထိုမတိုင်မီ ဂျပန်မီဒီယာများက သတင်းဖော်ပြသည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် ဂျပန်နိုင်ငံ ဝါခါယာမာခရိုင်ရှိ Adventure World ကစားကွင်းတွင် မွေးမြူထားသော ပန်ဒါဝက်ဝံကြီး ၄ ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ အူအဲနိုတိရစ္ဆာန်ဥယျာဉ်ရှိ ရှောင်ရှောင်နှင့် လေလေသည် လက်ရှိဂျပန်နိုင်ငံပြည်တွင်း၌ နောက်ဆုံးကျန်ရှိသော ပန်ဒါဝက်ဝံကြီးနှစ်ကောင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
大熊猫“晓晓”和“蕾蕾”将从日本回国
新华社东京1月20日电 日本东京上野动物园向新华社记者证实,目前生活在该园的大熊猫“晓晓”和“蕾蕾”不久将返回中国。
据日本共同社此前报道,大熊猫“晓晓”和“蕾蕾”将于27日启程,返回中国。
“晓晓”和“蕾蕾”2021年出生于上野动物园,是2024年9月返还中国的大熊猫“比力”和“仙女”的子女。“晓晓”和“蕾蕾”的姐姐“香香”已于2023年2月回到中国。
根据中日双方此前约定,“晓晓”和“蕾蕾”的返还期限为2026年2月。日本媒体此前报道称,东京都方面与中方就具体日期进行了协商,决定将返还时间提前约一个月。
2025年6月,日本和歌山县冒险世界游乐园饲养的4只大熊猫返回中国。上野动物园的“晓晓”和“蕾蕾”成为目前日本国内仅有的两只大熊猫。(完)
1、这是2025年12月25日在日本东京上野动物园拍摄的大熊猫“晓晓”。 新华社记者 贾浩成 摄
2、这是2025年12月25日在日本东京上野动物园拍摄的大熊猫“蕾蕾”。 新华社记者 贾浩成 摄
3、2025年12月25日,在日本东京的上野动物园,游客选购大熊猫“晓晓”和“蕾蕾”的纪念商品。 新华社记者 贾浩成 摄
