Asia
တောင်ကိုရီးယား-တရုတ် ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှုက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို တွန်းအားပေးရန် အရေးကြီးအခွင့်အလမ်းဖြစ်လာဟု လီဂျေမြောင် ဆို
ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား-တရုတ် ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို တွန်းအားပေးရန် အရေးကြီးအခွင့်အလမ်းဖြစ်လာကြောင်း၊ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးအား ပြန်လည်အဓိပ္ပာယ်သတ်မှတ်ခြင်းဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းအား စူးစမ်းရှာဖွေကာ နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ဇန်နဝါရီ ၂၁ ရက်တွင် ဆိုးလ်မြို့ အိမ်ပြာတော် ဧည့်ဂေဟာ၌ ကျင်းပသည့် နှစ်သစ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“လဆန်းပိုင်းက တောင်ကိုရီးယား-တရုတ် အကြီးအကဲ တွေ့ဆုံဆွေးနွေးမှုက သိပ်ကိုအနက်အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုကို တွန်းအားပေးဖို့ အရေးကြီးအခွင့်အလမ်း ဖြစ်လာပါတယ်။ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်ဘက်က ကျွန်တော်တို့ကို အင်မတန် လှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ခံခဲ့ပါတယ်။ တောင်ကိုရီးယားပြည်သူနဲ့ တရုတ်ပြည်သူတွေကလည်း ဒီမြင်ကွင်းတွေကို အတူသက်သေထူခဲ့ကြပါတယ်” ဟု လီဂျေမြောင်က ဆိုသည်။
တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးအား ပြန်လည်အဓိပ္ပာယ်သတ်မှတ်ခြင်းဖြင့် တရုတ်ဘက်အတွက် အကျိုးဖြစ်ထွန်းသလို တောင်ကိုရီးယားအတွက်လည်း အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အား အပြည့်အဝ စူးစမ်းရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သည့် ကဏ္ဍများစွာရှိသလို အပြန်အလှန်အပေါ်ယုံကြည်မှုကိုလည်း စဉ်ဆက်မပြတ် မြှင့်တင်ရန်လိုအပ်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား-တရုတ်နှစ်နိုင်ငံသည် စီးပွားရေး၊ သံတမန်ဆက်ဆံရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ တစ်ချိန်တည်းတွင် နှစ်ဖက်က စစ်ရေးနှင့် လုံခြုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရေးအပိုင်းတွင်လည်း ဖြစ်နိုင်ခြေများရှိနေကြောင်း၊ ထို့ပြင် ယဉ်ကျေးမှု၊ ခရီးသွားလာရေး စသည့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်မှုအလားအလာသည်လည်း များစွာတိုးချဲ့မှုရှိလာကြောင်း လီဂျေမြောင်က ယူဆသည်။ (Xinhua)
——————
(Chinese Version)
李在明:韩中领导人会谈成为推动两国关系改善的重要契机
新华社首尔1月21日电(记者黄昕欣 姬新龙)韩国总统李在明21日在首尔青瓦台迎宾馆举行的新年记者会上表示,韩中领导人会谈成为推动两国关系改善的重要契机,将通过重新定义韩中双边关系探索互利合作方案,通过两国多领域合作持续提升互信。
李在明说:“我认为月初的韩中领导人会谈非常有意义,这成为推动两国关系改善的重要契机。在访华过程中,中方给予我们非常热情的款待,韩国国民和中国人民共同见证了这些场景。”
李在明表示,通过重新定义韩中双边关系,完全可以探索出既对中国有利、也对韩国有利的合作方案。韩中两国可以合作的领域很多,也需要持续提升彼此信任。
李在明认为,韩中两国在经济、外交等领域的合作非常重要,同时双方在军事与安全领域合作、提升互信方面也具备可能性。此外,文化、旅游等人文交流领域的发展空间和前景得到了很大拓展。(完)
图说:1月5日下午,国家主席习近平在北京人民大会堂同来华进行国事访问的韩国总统李在明举行会谈。会谈后,两国元首共同见证签署合作文件。新华社记者 岳月伟 摄
