Connect with us

Africa & Middle East

အီရန်၌ လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်အတွင်း လူ ၃,၁၁၇ ဦး သေဆုံးခဲ့သည်ဟု အီရန်တရားဝင် ထုတ်ပြန်

အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်အတွင်း ပျက်စီးခဲ့သော ဘဏ်ထဲတွင် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
အီရန် လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်ကြောင့် လူပေါင်း ၃,၁၁၇ သေဆုံးခဲ့ပြီး ယင်းအနက် ၂,၄၂၇ ဦးမှာ အများပြည်သူနှင့် တရားဥပဒေစိုးမိုရေးဝန်ထမ်းများဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) က အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဇန်နဝါရီ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ အဆိုပါထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်က အီရန်ဒေသအချို့တွင် “အကြမ်းဖက်” လှုပ်ရှားမှုအများအပြားဖြစ်ပွားခဲ့ကြောင်း၊ “အကြမ်းဖက်သမား များ” သည် အစွန်းရောက် IS အဖွဲ့၏ လုပ်ရပ်များနှင့်ပုံစံတူသော “အကြမ်းဖက်မှုများ” ဖော်ဆောင်ခဲ့ပြီး သေနတ်များကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြောင်း၊ “အကြမ်းဖက်” လှုပ်ရှားမှုများကြောင့် ဈေး၊ ဆိုင်ခန်း၊ ဘဏ်၊ ဗလီ၊ ကယ်ဆယ်ရေးကားများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆေးကုသရေးစင်တာ၊ ဆီဆိုင်စသည့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်အတွင်း ပျက်စီးခဲ့သော အကောက်ခွန်ရုံး အဆောက်အအုံကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………………
(Chinese Version)
伊朗官方:3117人在近期骚乱事件中死亡
新华社照片,德黑兰,2026年1月21日
当日,伊朗伊斯兰共和国广播电视台援引伊朗国家安全委员会声明报道,伊朗近期发生的骚乱事件共导致3117人死亡,其中2427人是民众和执法人员。伊朗国家安全委员会的这份声明说,本月8日、9日,伊朗部分地区发生多起“恐怖”活动。“恐怖分子”实施类似极端组织“伊斯兰国”的“恐怖”行为,并广泛使用枪支。“恐怖”活动还造成市场、商铺、银行、清真寺、救援车辆、公共交通工具、医疗中心、加油站等公共和私人财产受损。
图说1:1月21日,在伊朗首都德黑兰,一名男子站在近期骚乱事件中受损的银行内。 新华社记者 沙达提 摄
图说2:1月21日,在伊朗首都德黑兰,车辆经过在近期骚乱中受损的一处税务局建筑。新华社记者 沙达提 摄