Connect with us

Europe

ဂရင်းလန်းကျွန်းကို ရရှိရန် မည်သည့်အခကြေးငွေမျှ ပေးဆောင်မည်မဟုတ်ဟု ထရမ့်ဆို

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားပြီးနောက် မီဒီယာများ၏မေးမြန်းမှုကို လက်ခံဖြေကြားနေသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါဗို့စ် (ဆွစ်ဇာလန်)၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဂရင်းလန်းကျွန်းကို ရရှိရန်အတွက် မည်သည့်အခကြေးငွေမျှ ပေးဆောင်မည်မဟုတ်ဘဲ ယင်းဒေသ၌ အမေရိကန် “အပြည့်အဝ ဝင်ရောက်ခွင့်” ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဤ “အပြည့်အဝ ဝင်ရောက်ခွင့်” သည် “အဆုံးမရှိ၊ အချိန်အကန့်အသတ်မရှိ” ကြောင်း ထရမ့်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ အမေရိကန် Fox သတင်းချန်နယ်၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။

ဂရင်းလန်းကျွန်းအရေးနှင့် ပတ်သက်သည့် အသေးစိတ်များကို အမေရိကန် စေ့စပ်ညှိနှိုင်းလျက်ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ” အပြည့်အဝ ဝင်ရောက်ခွင့်” ဆိုသည်မှာ အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းပေါ်တွင် “ကျွန်တော်တို့လိုအပ်တဲ့ ဘယ်အရာကိုမဆို ဖြန့်ကြက်ထားနိုင်တယ်” ဟု သဘောသက်ရောက်သော်လည်း “ကျွန်တော်တို့ဆွေးနွေးနေတာက အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာလုံခြုံရေးအကြောင်း” ဖြစ်သောကြောင့် အမေရိကန်သည် ယင်းအတွက်မည်သည့်အခကြေးငွေမျှ ပေးဆောင်မည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်းတွင် “Golden Dome” ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်မည်ဖြစ်ပြီး ယင်းမှာ အမေရိကန်၏ တစ်ခုတည်းသော စိုက်ထုတ်မှုဖြစ်သည်ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
特朗普称不会为获得格陵兰岛支付任何费用
新华社瑞士达沃斯1月22日电(记者张兆卿 焦倩)美国总统特朗普22日称,不会为获得格陵兰岛支付任何费用,美国将取得对这一地区的“全面准入权限”。
特朗普在瑞士达沃斯接受美国福克斯新闻频道采访时称,这一“全面准入权限”是“不会结束、没有时间限制的”。
特朗普称,美国正就格陵兰岛问题相关细节进行谈判。“全面准入权限”意味着美国可以在格陵兰岛上“部署我们需要的任何东西”,但美国不会为此支付任何费用,因为“我们谈论的是国家安全和国际安全”。
特朗普补充称,美国要在格陵兰岛部署“金穹”导弹防御系统,这是美国唯一的付出。(完)
图说:1月21日,美国总统特朗普在瑞士达沃斯举办的世界经济论坛年会上发表演讲后,接受记者提问。新华社记者 彭子洋 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.