Europe
တရုတ်နိုင်ငံက ကမ္ဘာ့စည်းစနစ်အား ကာကွယ်ထိန်းသိမ်းနေသော်လည်း ထရမ့်ကမူ ကမ္ဘာ့စည်းစနစ်အား ဖျက်ဆီးချင်နေသည်ဟု ဆွစ်ဇာလန်မီဒီယာ ဖော်ပြ
ဂျီနီဗာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
“ဥရောပအနေဖြင့် တရုတ်နိုင်ငံ၏ စကားကို အတည်မှတ်ယူသင့်သည်” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးအား ဆွစ်ဇာလန်နိုင်ငံ Neue Zürcher Zeitung သတင်းစာသည် မကြာသေးမီက သတင်းဖော်ပြခဲ့သည်။ ဥရောပအနေဖြင့် အခွင့်အလမ်းအား အမိအရဖမ်းဆုပ်ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သင့်သည်ဟု ဆောင်းပါးက ယူဆထားသည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
တရုတ်နိုင်ငံက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်သူများထံ အောက်ပါသတင်းအချက်အလက်များဖြင့် သတင်းစကားပါးလိုက်သည်။ ယင်းမှာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒသည် နိုင်ငံတကာစည်းစနစ် တည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းသော၊ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို မြှင့်တင်သော မှန်ကန်သည့်လမ်းကြောင်းဖြစ်ကြောင်း၊ နိုင်ငံကြီးအချို့က အခြားနိုင်ငံများအား အနိုင်ကျင့်ခြင်းကို ခွင့်ပြု၍ ကမ္ဘာကြီးက “တောရိုင်းစည်းမျဉ်း” သို့ နောက်ပြန်ဆုတ်သွား၍မရဘဲ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ရမည်ဖြစ်ကြောင်း တို့ပင်ဖြစ်သည်။
တရုတ်နိုင်ငံက ကုန်သွယ်ရေးအရေးကိစ္စတွင် ရပ်တည်ချက်သည် သမ္မတထရမ့် အုပ်ချုပ်နေသော အမေရိကန်နှင့် လုံးဝမတူညီပေ။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ဆုံးဖြတ်ချက်နှင့် ၎င်း၏အငြင်းပွားမှုဖြေရှင်းရေးယန္တရားကို လက်ခံသည်။ ထို့ပြင် တရုတ်နိုင်ငံက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား အခိုင်အမာ လက်ကိုင်ထား၍ ကုလသမဂ္ဂက သဘာဝပတ်ဝန်းကျင်၊ လူမှုအသိုက်အဝန်းနှင့် စိန်ခေါ်မှုများ စီမံခန့်ခွဲမှုများအား ဖြေရှင်းရန် ကြိုးပမ်းခြင်းဟူသည့် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကိုလည်း ထောက်ခံအားပေးသည်။ ဉာဏ်ရည်တု (AI) က သယ်ဆောင်လာသော စိန်ခေါ်မှုများအား ကိုင်တွယ်စီမံရာတွင် တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ဉာဏ်ရည်တု (AI) လက်တွေ့အသုံးချမှု စည်းမျဉ်းစည်းကမ်းအား အတူတကွ သတ်မှတ်ရန် ဆန္ဒရှိသည်။
တရုတ်နိုင်ငံက ကမ္ဘာ့စည်းစနစ်အား ကာကွယ်ထိန်းသိမ်းနေသော်လည်း ထရမ့်ကမူ ကမ္ဘာ့စည်းစနစ်အား ဖျက်ဆီးချင်နေသည်။ မျှော်မှန်း၍မရအောင်ဖြစ်နေသည့် မိတ်ဖက်တစ်ခုကို တစ်ဖက်သတ်အားကိုးခြင်းသည် မည်မျှအန္တရာယ်များသနည်းကို ဆွစ်ဇာလန်နှင့် ဥရောပက လက်ရှိကိုယ်တိုင်ခံစားနေရသည်။ ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံအသီးသီး အစိုးရတို့က ဝါရှင်တန် စိတ်ကွက်မည်စိုးသဖြင့် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရန် အချက်ပြမှုအပေါ် လျစ်လျူရှုထားပါက အခွင့်ကောင်းကို လက်လွတ်ဆုံးရှုံးသွားမည်သာ ဖြစ်ပေသည်။ (Xinhua)
—————–
(Chinese Version)
全球瞭望丨瑞士媒体:中国在捍卫世界秩序,而特朗普却想摧毁世界秩序
新华社日内瓦1月23日电(记者王其冰)瑞士《新苏黎世报》日前刊登题为《欧洲应该把中国的话当真》的文章。文章认为欧洲应该抓住机遇,加强与中国合作。文章摘要如下:
中国向达沃斯与会者传达了如下信息:多边主义是维护国际秩序稳定、促进发展和进步的正确道路。世界不能退回到丛林法则,让一些大国欺凌其他国家,而是应该追求合作共赢。
中国在贸易问题上的立场与特朗普总统治下的美国截然不同,中国接受世界贸易组织的裁决及其争端解决机制。此外,中国承诺坚持可持续发展,支持联合国致力于解决环境、社会和治理挑战的发展目标。在应对人工智能带来的挑战方面,中国愿意与其他国家合作,共同制定人工智能应用规则。
中国在捍卫世界秩序,而特朗普却想摧毁世界秩序。瑞士和欧洲现在正亲身感受到,单方面依赖一个变得不可预测的伙伴是多么危险。如果欧盟和欧洲各国政府因为害怕惹恼华盛顿,而对中国的合作信号置之不理,那将错失良机。(完)
图说:1月20日晚,在瑞士达沃斯,嘉宾参加世界经济论坛2026年年会“大连之夜”招待会。新华社记者 连漪 摄
