International Organizations
တောင်တရုတ်ပင်လယ်အရေးနှင့် စပ်လျဉ်း၍ အမေရိကန်ကိုယ်စားလှယ်၏ မှားယွင်းသော ပြောဆိုချက်ကို တရုတ်ဘက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပယ်ချ
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးသည် ဇန်နဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး တံခါးဖွင့်ဆွေးနွေးပွဲအတွင်း ဖြည့်စွက်ပါဝင်ဆွေးနွေးရာ၌ အမေရိကန်ကိုယ်စားလှယ်၏ ဆွေးနွေးချက်အတွင်း တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်၌ “တိုးချဲ့မှုအသွင် တရားမဝင်တောင်းဆိုချက် လုပ်ဆောင်သည်” ဟူသော မှားယွင်းသည့်ပြောဆိုချက်ကို ပြန်လည်ချေပခဲ့သည်။
ဖုချုံးက တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့် စပ်လျဉ်း၍ အမေရိကန်ကိုယ်စားလှယ်၏ မှားယွင်းသော ပြောဆိုချက်ကို အခိုင်အမာကန့်ကွက်ပြီး တည်ကြည်လေးနက်သော တုံ့ပြန်မှုအား မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ကျွန်းစုများနှင့် ၎င်းအနီးတစ်ဝိုက် ပင်လယ်ပြင်အပေါ် အငြင်းပွားဖွယ်မရှိသော အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီး သက်ဆိုင်ရာ ပင်လယ်ပြင်အပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်နှင့် စီမံအုပ်ချုပ်ပိုင်ခွင့်ရှိကြောင်း၊ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်သမုဒ္ဒရာ အခွင့်အရေးနှင့် အကျိုးစီးပွားသည် သမိုင်းနှင့် တရားဥပဒေအရ အပြည့်အဝအထောက်အထားများရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” အဖွဲ့ဝင်နိုင်ငံ မဟုတ်သဖြင့် “သဘောတူညီချက်” တရားသူကြီးအနေဖြင့် မိမိကိုယ်ကိုသတ်မှတ်လျက် အခြားနိုင်ငံအား လက်ညှိုးထိုး ပြောင်ပြောင်တင်းတင်း စွက်ဖက်မှု လုပ်ပိုင်ခွင့်မရှိကြောင်း၊ အမေရိကန်သည် တောင်တရုတ်ပင်လယ်အရေး၏ သမိုင်းဖြစ်ရပ်ရှုထောင့်နှင့် ပကတိအဖြစ်မှန်ကို မျက်ကွယ်ပြုပြီး နေရာတကာ သွေးခွဲကုန်းတိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ထို့ပြင် တောင်တရုတ်ပင်လယ်ဒေသတွင် မြေပြင်အခြေစိုက် တာလတ်ဒုံးကျည်များ အပါအဝင် တိုက်ခိုက်ရေးလက်နက်များ ဖြန့်ကြက်ထားပြီး “ရေကြောင်းသွားလာမှု လွတ်လပ်ရေး” အမည်တပ်ကာ ခေတ်မီ ရေယာဉ်၊ လေယာဉ် အများအပြားကို တောင်တရုတ်ပင်လယ်သို့ အကြိမ်ကြိမ် စေလွှတ်၍ စစ်ရေးထောက်လှမ်းမှု၊ လေ့ကျင့်မှုလုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံ ရေပိုင်နက်၊ လေပိုင်နက်နှင့် ကျွန်းစုအနီးတစ်ဝိုက် ရေပိုင်နက်နှင့် လေပိုင်နက်သို့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ မည်သူက တောင်တရုတ်ပင်လယ်တွင် ဖိအားပေး အကျပ်ကိုင်၍ ဗိုလ်ကျအနိုင်ကျင့်နေခြင်း၊ မည်သူက ဒေသတွင်းတည်ငြိမ်မှုကို အနှောင့်အယှက်ပြုလုပ်၍ ရေကြောင်းသွားလာမှု လွတ်လပ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်း၊ မည်သူက နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီးနေခြင်းတို့ လုပ်ဆောင်နေသည်ဟူသည့် ဖြစ်ရပ်မှန်မှာ ပြောကြားစရာမလိုအောင် ရှင်းလင်းနေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中方在联合国安理会驳斥美国代表关于南海问题的错误言论
新华社联合国1月26日电 中国常驻联合国代表傅聪26日在安理会国际法治公开辩论会上作补充发言,回击美国代表在发言中污蔑中国在南海所谓“扩张性非法声索”的错误言论。
傅聪说,中方坚决反对美国代表关于南海问题的错误言论,不得不做出严正回应。中国在南海诸岛及其附近海域拥有无可争辩的主权,对相关海域拥有主权权利和管辖权。中国在南海的领土主权和海洋权益具有充分的历史和法理依据。
傅聪表示,美国不是《联合国海洋法公约》缔约国,更无权以《公约》法官自居、对他国指手画脚。美方罔顾南海问题的历史经纬和客观事实,到处搬弄是非、挑拨离间,甚至在南海地区部署包括陆基中程导弹在内的进攻性武器,以“航行自由”为名频繁派先进舰机到南海搞军事侦察和演习,擅闯中国领海领空及岛礁邻近海空域。究竟是谁在南海搞胁迫、搞霸凌,是谁在扰乱地区稳定、威胁航行自由与安全,又是谁在破坏国际法治?真相不言自明。(完)
图说:2025年12月11日,在位于纽约的联合国总部,中国常驻联合国代表傅聪(第二排,左)代表“全球治理之友小组”43个成员在“联合国80周年改革倡议”(UN80改革)联大通报会上作共同发言。 新华社记者 谢锷 摄
