Europe
“ဗြိတိန်ဗားရှင်း FBI” ထူထောင်ကြောင်း ဗြိတိန် ထုတ်ပြန်ကြေညာ
လန်ဒန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
ဗြိတိန်အစိုးရအနေဖြင့် အမျိုးသားရဲဝန်ဆောင်မှုအဖွဲ့အစည်းအသစ် ထူထောင်သွားမည်ဖြစ်ရာ ယင်းသည် “ဗြိတိန်ဗားရှင်း FBI (အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို)” ပင် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Shabana Mahmood က ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။
တစ်နေ့တခြား ရှုပ်ထွေးလာသော ပြစ်မှုကျူးလွန်မှု ခြိမ်းခြောက်မှုများအား ရင်ဆိုင်ရန် အဆိုပါအဖွဲ့အစည်းတွင် ကျွမ်းကျင်လူရည်ချွန်နှင့် ခေတ်မီနည်းပညာများကို ပေါင်းစပ်သွားမည်ဖြစ်ကြောင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
အစီအစဉ်အရ ဗြိတိန်သည် အမျိုးသားရဲရေးရာကော်မရှင်နာ တစ်ဦးကို နိုင်ငံတစ်ဝန်း အဆင့်အမြင့်ဆုံး ရဲရေးရာလုပ်ငန်း တာဝန်ခံအဖြစ် ခန့်အပ်ပြီး ယင်းအဖွဲ့အစည်း လည်ပတ်မှုကို စီမံခန့်ခွဲခိုင်းမည်ဖြစ်သည်။ ထိုလုပ်ဆောင်ချက်သည် ဗြိတိန်နိုင်ငံ ရဲလုပ်ငန်းစနစ် ထူထောင်သည့် နှစ်ပေါင်း ၂၀၀ ခန့်အတွင်း အကြီးမားဆုံး ရဲရေးလုပ်ငန်းစနစ် ပြုပြင်ပြောင်းလဲမှုပင်ဖြစ်သည်။
ဗြိတိန်က ထိုနေ့တွင်ပင်ထုတ်ပြန်သော ရဲရေးရာလုပ်ငန်း ပြုပြင်ပြောင်းလဲမှု စက္ကူဖြူစာတမ်း၌ ဗြိတိန်ရဲရေးရာလုပ်ငန်းစနစ်သည် လက်ရှိတွင် ပြန့်ကြဲနေသော ဖွဲ့စည်းပုံမှ ဒေသန္တရနှင့် အမျိုးသားရဲရေးရာလုပ်ငန်း တာဝန်ခွဲဝေမှု ဟူသော ပိုမိုရှင်းလင်းသည့် အသွင်သစ်သို့ ပြောင်းလဲသွားမည်ဟု ဖော်ပြထားသည်။
အဆိုပါအစီအစဉ်အရ အမျိုးသားရဲဝန်ဆောင်မှုအဖွဲ့အစည်းသည် နိုင်ငံတစ်ဝန်း တစ်ပြေးညီအင်အားအနေဖြင့် အကြမ်းဖက်ဝါဒ၊ အစီအစဉ်ချ ပြစ်မှုကျူးလွန်မှုနှင့် ပမာဏကြီးမားသော လိမ်လည်မှု စသည်တို့ အပါအဝင် အရှုပ်ထွေးဆုံး၊ အဆုံးရွားဆုံး ပြစ်မှုကျူးလွန်သည့် လုပ်ရပ်များကို ကိုင်တွယ်စီမံသွားမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိပြန့်ကြဲလျက်ရှိသော အဖွဲ့အစည်းများစွာအတွင်းရှိ သက်ဆိုင်ရာတာဝန်ဌာနများကို တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားမည်ဖြစ်ရာ ယင်းအနက် အမျိုးသားရာဇဝတ်မှုအေဂျင်စီ (NCA)၊ အကြမ်းဖက်တိုက်ဖျက်ရေး ရဲရေးရာစနစ်၊ ဒေသတွင်းအစီအစဉ်ချ ပြစ်မှုကျူးလွန်မှုဆိုင်ရာဌာန၊ ရဲဘက်သုံး ဝေဟင်အင်အားနှင့် ယာဉ်ထိန်းရဲလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
英国宣布设立“英国版FBI”
新华社伦敦1月26日电(记者郑博非)英国内政大臣谢巴娜·马哈茂德26日宣布,英国政府成立新的国家警察服务机构,相当于“英国版FBI(美国联邦调查局)”。
英国内政部表示,这一机构将整合专业人才和先进技术,以应对日益复杂的犯罪威胁。按照规划,英国将设立国家警察专员,作为全国最高级别警务负责人,统筹领导该机构运作。此举是英国警察制度建立约200年来最大规模的警务系统改革。
英国同日发布的警务改革白皮书显示,英国警务体系将从目前的分散结构,转向地方与国家警务分工更加清晰的新模式。
根据方案,国家警察服务机构将作为全国统一力量,应对最复杂、最严重的犯罪行为,包括恐怖主义、有组织犯罪以及大规模欺诈活动。当前分散在多个机构中的相关职能将被集中整合,其中包括国家犯罪调查局、反恐警务体系、区域性有组织犯罪单位、警用航空力量以及交通警务职能。(完)
图说:2025年10月2日,警察和应急人员在英国曼彻斯特的犹太教堂袭击事件现场工作。新华社发
