Connect with us

International Organizations

ဂါဇာ ဘက်စုံ ရေရှည်အပစ်ရပ်ရေး တွန်းအားပေးရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

ဂါဇာမြို့ရှိ အိုးမဲအိမ်မဲ့ပြည်သူများအား လက်ခံထားသည့် စာသင်ကျောင်းတစ်ကျောင်းတွင် ပါလက်စတိုင်း ကလေးငယ်တစ်ဦးအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဂါဇာ ဘက်စုံ ရေရှည်အပစ်ရပ်ရေး တွန်းအားပေးရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇန်နဝါရီ ၂၈ ရက် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့်အချေအတင်ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ဖုချုံးက လက်ရှိ အရှေ့အလယ်ပိုင်းသည် သမိုင်း၏လမ်းဆုံတွင် ထပ်မံရောက်ရှိနေရာ လုံခြုံရေးအခြေအနေမှာ အကဲဆတ်၍ ထိလွယ်ရှလွယ် ဖြစ်နေပြီး ပဋိပက္ခအမျိုးမျိုး အထပ်ထပ်ဖြစ်ပွားနေကြောင်း၊ ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းအရေး၏ အချက်အချာ ဖြစ်နေဆဲ ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သဘောတူညီချက်များကို တစ်ဆင့်တိုး စုစည်းကာ ပါလက်စတိုင်းအရေး ဆောလျင်စွာ ဘက်စုံ၊ တရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်ရေးကို တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။

ဂါဇာ ပထမအဆင့် အပစ်ရပ်ရေးသဘောတူညီချက် ရရှိသည်မှာ သုံးလကျော်ကြာ ရှိလာပြီဖြစ်သော်လည်း စစ်ရေးတိုက်ခိုက်မှုများမှာ ရပ်စဲမှု မရှိသေးသလို အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုများအဆက်မပြတ် မြင့်တက်လျက်ရှိကြောင်း ဖုချုံးက ထောက်ပြ ပြောကြားခဲ့သည်။ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း အခြေအနေတင်းမာလာရာ သိမ်းပိုက်သူဘက်မှ အခြေချနေထိုင်သည့်နေရာများကို အဆက်မပြတ်တိုးချဲ့ကာ အခြေချနေထိုင်သူများအား ထင်သလို အကြမ်းဖက်ခွင့်ပေးနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ အထူးသဖြင့် အစ္စရေးက အပစ်ရပ်ရေးသဘောတူညီချက်ကို ဘက်စုံလေးစားလိုက်နာရန်၊ ဂါဇာ ဘက်စုံရေရှည်အပစ်ရပ်ရေးဖော်ဆောင်မှုကို တွန်းအားပေးရန် တိုက်တွန်းကြောင်း၊ အစ္စရေးအနေဖြင့် အခြေချနေထိုင်သည့်နေရာများ၌ လှုပ်ရှားမှုကို ချက်ချင်းရပ်တန့်သင့်သလို အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုကို တားဆီးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာ လူသားချင်းစာနာထောက်ထားမှုအခြေအနေများသည် အရေးပေါ်စိုးရိမ်ဖွယ်ရာ ဖြစ်နေဆဲ ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ဝင်ရောက်မှုမှာ အကန့်အသတ်ခံနေရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစ္စရေးက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေဝတ္တရားများ ဖော်ဆောင်ရန်၊ နယ်စပ်ဖြတ်သန်းရာ နေရာအားလုံးကို ဖွင့်လှစ်ပြီး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ဝင်ရောက်မှု ကန့်သတ်ချက်များကို ဖယ်ရှားရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဖိနှိပ်မှုများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
မကြာမီရက်ပိုင်းက အရှေ့ဂျေရုဆလမ်ရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ရုံးခန်းများ အတင်းအကျပ်ဖြိုဖျက်ခြင်းနှင့် မီးရှို့ခြင်းခံခဲ့ရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင် အထူးစိုးရိမ်ပူပန်ကြောင်း၊ ယင်းလုပ်ငန်းရုံးများ၏ အထူးအခွင့်အာဏာ၊ ကင်းလွတ်ခွင့်နှင့် ပုံမှန်တာဝန်ထမ်းဆောင်မှုများကို အာမခံပေးရန် အစ္စရေးတွင် တာဝန်ဝတ္တရားရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာသည် ပါလက်စတိုင်းပြည်သူများ၏မိသားစုဥယျာဉ် ဖြစ်ရာ ဂါဇာ၏ စစ်ပွဲအလွန်စီစဉ်မှုများသည် ပါလက်စတိုင်းအရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းနှင့် သက်ဆိုင်ကြောင်း၊ ဂါဇာအနာဂတ်နှင့်စပ်လျဉ်းသည့် စီစဉ်မှုမှန်သမျှသည် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ခြင်း” အခြေခံမူကို အခိုင်အမာ လက်ကိုင်ထားသင့်သလို ပါလက်စတိုင်းပြည်သူများ၏ သဘောဆန္ဒကိုလေးစားရန်၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်သည့်စိုးရိမ်ပူပန်မှုများကို ကြည့်ရှုရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” နှင့် ချိတ်ဆက်ရန် ဆောင်ရွက်သင့်ကြောင်း ဖုချုံးက အလေးထားပြောကြားခဲ့သည်။
ဂါဇာစစ်ပွဲအလွန် စီမံခန့်ခွဲမှုတွင် ပါလက်စတိုင်း၏ပင်မအခန်းကဏ္ဍမှ ပါဝင်မှုကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ၏ ပခုံးထက်တွင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး၏ ထိပ်တန်းတာဝန်ကို ထမ်းရွက်ထားရာ ဂါဇာအခြေအနေနှင့် စစ်ပွဲအလွန် စီစဉ်မှုများကို ဆက်လက်၍ အနီးကပ်စောင့်ကြည့်ကာ ရှိသင့်သည့်အခန်းကဏ္ဍမှ ပါဝင်သွားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာမြို့ အဆောက်အဦအပျက်အစီးများရှေ့တွင် ကုန်ပစ္စည်း ရောင်းချနေသူတစ်ဦးအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ဂါဇာမြို့ ဈေးတစ်ခုတွင် သွားလာနေသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
中国代表呼吁推动加沙全面持久停火
新华社联合国1月28日电 中国常驻联合国代表傅聪28日在安理会中东问题公开辩论会上发言,呼吁推动加沙全面持久停火。
傅聪说,当前中东再次站在历史的十字路口,安全形势敏感脆弱,各种矛盾相互叠加。巴勒斯坦问题仍是中东问题的核心,国际社会应当进一步凝聚共识,推动巴勒斯坦问题早日得到全面、公正、持久解决。
傅聪指出,加沙第一阶段停火协议达成已经3个多月,但军事袭击仍未停止,平民伤亡不断攀升。约旦河西岸局势紧张,占领方持续扩张定居点,纵容定居者暴力。中方呼吁有关各方,特别是以色列全面遵守停火协议,推动实现加沙全面持久停火。以色列应立即停止定居点活动,遏制定居者暴力。
傅聪说,加沙人道局势仍然危急,人道物资准入受到限制。中方敦促以色列履行国际人道法义务,开放全部过境点,解除人道物资准入限制,停止对人道机构的打压。近日联合国近东巴勒斯坦难民救济和工程处在东耶路撒冷的馆舍遭到强拆和纵火,中方对此表示严重关切。以色列有义务确保工程处的特权、豁免和正常履职。
傅聪强调,加沙是巴勒斯坦人民的家园,加沙的战后安排事关巴勒斯坦问题政治解决。任何关于加沙未来的安排,都应坚持“巴人治巴”原则,尊重巴勒斯坦人民的意愿,照顾中东国家的合理关切,并同“两国方案”相衔接。中方将继续支持巴勒斯坦在加沙战后治理中的主体地位。安理会肩负着维护国际和平与安全的首要责任,应当继续对加沙局势和战后安排保持密切关注,发挥应有作用。(完)
1. 这是1月15日在加沙城一处容纳流离失所者的学校里拍摄的巴勒斯坦儿童。新华社发(里泽克·阿卜杜勒贾瓦德摄)
2. 1月15日,商贩在加沙城的建筑废墟前售卖商品。新华社发(里泽克·阿卜杜勒贾瓦德摄)
3. 这是1月15日在加沙城一处集市拍摄的往来人群。新华社发(里泽克·阿卜杜勒贾瓦德摄)