Europe
ဂရင်းလန်းကျွန်းကို အမေရိကန် အဘယ်ကြောင့် ဤမျှ သွားရည်ကျ တပ်မက်နေရသနည်း
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်စစ်တပ် အတင်းအဓမ္မ ဖမ်းဆီးထိန်းချုပ်ပြီးနောက် အမေရိကန် သမ္မတ ထရမ့်သည် ၎င်းတာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ အကြိမ်များစွာ ကြေညာပြောကြားခဲ့သည့် ဂရင်းလန်းကျွန်းရရှိရေးသို့ လျင်မြန်စွာပင် မြားဦးလှည့်လာပြီဖြစ်သည်။ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး Karoline Leavitt က ဂရင်းလန်းကျွန်းရရှိရေးအတွက် “အမေရိကန်စစ်တပ် အသုံးပြုခြင်း” အပါအဝင် “ရွေးချယ်မှုများစွာ” ကို သမ္မတ ထရမ့်နှင့် ၎င်း၏အဖွဲ့က ဆွေးနွေးခဲ့သည်။
ဂရင်းလန်းကျွန်းကို ထရမ့်အစိုးရ အဘယ်ကြောင့် ဤမျှ သွားရည်ယို တပ်မက်နေရသနည်းဟု အပြင်လောကမှ သုံးသပ်ရာတွင် အောက်ပါသော့ချက်စကားလုံးနှစ်ခုကို အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုကြသည်။
ပထမတစ်ခုမှာ တည်နေရာ ဖြစ်သည်။
“တည်နေရာ၊ တည်နေရာ၊ တည်နေရာ” ဟု အေပီသတင်းဌာနက “တည်နေရာ” ဟူသော စကားလုံးကို သုံးခါဆက်တိုက်သုံး၍ ဂရင်းလန်းကျွန်းကို ထရမ့် အဘယ်ကြောင့် ဤမျှ လိုချင်နေရာသည်ကို အနက်ဖွင့်ဆိုခဲ့သည်။
ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင် ရှိပြီး ကမ္ဘာ့ပထမအကြီးဆုံး ကျွန်းဖြစ်သည်။ ယင်းကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေပိုက်နက်ဖြစ်ပြီး မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိ၍ ကာကွယ်ရေးနှင့် သံတမန်ရေးရာကိစ္စရပ်များကို ဒိန်းမတ်အစိုးရက လက်ကိုင်ထားစီမံခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန်သည် ဂရင်းလန်းကျွန်း၌ စစ်အခြေစိုက်စခန်း တစ်ခုထားရှိသည်။ ဂရင်းလန်းကျွန်း၏ မဟာဗျူဟာတည်နေရာသည် အရေးကြီးရာ စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုအပေါ် အမေရိကန်၏ နျူကလီးယားထိုးစစ်နှင့် ကာကွယ်ရေး မဟာဗျူဟာ၏ အရေးပါသည့် ထောက်တိုင်နေရာဖြစ်ခဲ့သလို နေတိုး (NATO) ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်မှုစနစ်အတွင်း “ဂရင်းလန်း-အိုက်စလန်-ဗြိတိန် ကွာဟချက်” ၏ အချက်အချာကျသည့် ကွင်းဆက်တစ်ခုလည်း ဖြစ်သည်။
ရာသီဥတုပူနွေးလာခြင်းနှင့်အတူ အာတိတ်သမုဒ္ဒရာရှိ ပင်လယ်ရေခဲအရည်ပျော်မှုများ အရှိန်မြင့် ဖြစ်ပေါ်လာရာ အာတိတ်ရေကြောင်းလမ်း၏ ကုန်သွယ်ရေးအလားအလာသည် နေ့စဉ်နှင့်အမျှ သိသာထင်ရှားလာသည်။ ယင်းမှာ ရေကြောင်းလမ်းအချို့၏ သယ်ယူပို့ဆောင်မှုအချိန်ကို လျှော့ချနိုင်သလို ဆူးအက်တူးမြောင်းနှင့် ပနားမာတူးမြောင်း စသည့် တားဆီးဖြတ်တောက်ခံရရန် လွယ်ကူသည့် သမားရိုးကျရေကြောင်းသယ်ယူပို့ဆောင်မှုလမ်းကြောင်းများကို ရှောင်ကွင်းနိုင်သည်။
အာတိတ်သမုဒ္ဒရာ ရာသီဥတုနှင့် ပင်လယ်၏ အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်သော်ငြားလည်း ထရမ့်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်ခြင်းမှတစ်ဆင့် မြောက်အတ္တလန္တိတ်နှင့် အာတိတ် သမုဒ္ဒရာမှ မြောက်အမေရိကသို့ ဖြတ်သန်းသော ရေကြောင်းလမ်းကို ကာကွယ်စောင့်ကြည့်လိုသည်မှာ ထင်ရှားကြောင်း အေပီသတင်းဌာန၏ ပြောဆိုချက်အရ သိရသည်။
အာတိတ်ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းနှစ်ခုဖြစ်သော မြောက်အမေရိကတိုက် ကမ်းရိုးတန်းတစ်လျှောက်ရှိ အနောက်မြောက်ရေကြောင်းလမ်းနှင့် မြောက်ဝင်ရိုးစွန်းကို ဖြတ်သန်းသွားသော ဗဟိုရေကြောင်းလမ်းအတွက် ဂရင်းလန်းကျွန်းသည် အချက်အချာကျသည့်နေရာတွင် တည်ရှိကြောင်း၊ ရေရှည်ကြည့်မည်ဆိုလျှင် ဂရင်းလန်းကျွန်းသည် အရေးပေါ်အခြေအနေ ကိုင်တွယ်စီမံရာတွင် အရေးကြီးသည့်အနက်အဓိပ္ပါယ်ရှိကြောင်း အမေရိကန် ဟားဗက်တက္ကသိုလ် ကနေဒီကျောင်း Belfer သိပ္ပံနှင့်နိုင်ငံတကာရေးရာစင်တာ ဆောင်းပါးက ယူဆသည်။
ဒုတိယတစ်ခုမှာ အရင်းအမြစ် ဖြစ်သည်။
“စဉ်းစားလို့မရနိုင်လောက်တဲ့ သဘာဝအရင်းအမြစ်များ” ဟု အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ဂရင်းလန်းကျွန်းကို ဤကဲ့သို့ ချီးမွမ်း ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းတွင် မြေရှားသတ္တု၊ ဂရက်ဖိုက်၊ ကြေးနီ၊ နီကယ် စသည့် စွမ်းအင်အသွင်ပြောင်းမှု၊ ချစ်ပ်ထုတ်လုပ်မှုတွင် မရှိမဖြစ် အရင်းအမြစ်များ ပေါကြွယ်ဝပေသည်။ ဂရင်းလန်းကျွန်း ရေခဲမရှိသည့်နေရာ မျက်နှာပြင်ဧရိယာ စတုရန်းကီလိုမီတာ ၄ သိန်း ခန့်တွင် ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်း ဘူမိဗေဒဆန်းစစ်ရေးဌာန၏ ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်သည့် သုတေသနတွင် နှစ်ပေါင်း ၄ ဘီလီယံနီးပါးကို လွှမ်းခြုံထားသည့် ဘူမိဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အတွင်း ရှုပ်ထွေးသော ဘူမိဖွဲ့စည်းပုံရှိပြီး သတ္တုအရင်းအမြစ်မျိုးစုံ ရှာဖွေတူးဖော်ရန် မျှော်မှန်းရာနေရာဖြစ်သည်။ ဥရောပသမဂ္ဂက ယူဆသတ်မှတ်ထားသည့် အဓိကသတ္တုထုတ်ကုန် ၃၄ မျိုးတွင် ၃၁ မျိုးကို ဂရင်းလန်းကျွန်းတွင် ရှာဖွေတွေ့ရှိနိုင်သည်။ အမေရိကန် ဘူမိဗေဒလေ့လာရေး (USGS) ကလည်း ဂရင်းလန်းကျွန်းအနီး ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ် ပေါကြွယ်ဝသည်ဟု ယူဆသတ်မှတ်ထားသည်။
ကာလကြာရှည် ဂရင်းလန်းကျွန်း၏ သတ္တုတူးဖော်ထုတ်လုပ်မှုများက အကန့်အသတ်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်အထိ ဂရင်းလန်းကျွန်းတွင် လည်ပတ်နေသော သတ္တုတူးဖော်ရေးစီမံကိန်းမှာ နှစ်ခုသာ ရှိသည်။ ဂရင်းလန်းကျွန်း ရေခဲလွှာနှင့် ပင်လယ်ရေခဲအရည်ပျော်မှုများနှင့်အတူ ယင်းကျွန်းနှင့် အနီးတစ်ဝိုက် ပင်လယ်အရင်းအမြစ် တူးဖော်ရေးအခက်အခဲမှာ တစ်စတစ်စ ပို၍ လျော့နည်းလာကြောင်း Belfer သိပ္ပံနှင့်နိုင်ငံတကာရေးရာစင်တာ ဆောင်းပါးက ထောက်ပြထားသည်။
ယင်းအရင်းအမြစ်များကပင် အမေရိကန်ရှိ လူအချို့ကို အရာအားလုံးလျစ်လျူရှုကာ စွဲလမ်း၊ တပ်မက်၊ နစ်မြောနေစေခြင်း ဖြစ်သည်။
ဗင်နီဇွဲလားသည် အမေရိကန် ပါဝင်စွက်ဖက်သည့် နောက်ဆုံးတစ်နိုင်ငံ မဖြစ်နိုင်ကြောင်းနှင့် “ကျုပ်တို့အနေနဲ့ ဂရင်းလန်းကို လုံးဝလိုအပ်တယ်” ဟု ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပေါ် ဒိန်းမတ် စသည့် ဥရောပနိုင်ငံများက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်နှင့် ဗြိတိန်နိုင်ငံများ ဇန်နဝါရီ ၆ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ ဂရင်းလန်းကျွန်းကို ၎င်း၏ ပြည်သူများသာ ပိုင်ဆိုင်ကြောင်း၊ ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းကသာ ၎င်းနှင့်စပ်လျဉ်းသည့် အရေးကိစ္စကို ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း အလေးထား ပြောကြားခဲ့သည်။ (Xinhua)

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သည့် ဂရင်းလန်းကျွန်း Aasiaat မြို့ရှိ လမ်းမမြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သည့် ဂရင်းလန်းကျွန်း Nuuk ဆိပ်ကမ်းအား ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
新闻分析|格陵兰岛为何让美国如此垂涎
美军强行控制委内瑞拉总统马杜罗后,美国总统特朗普迅速将注意力转向他上任以来多次扬言要得到的格陵兰岛。美国白宫新闻秘书莱维特表示,总统特朗普及其团队正在讨论“一系列选项”以得到格陵兰岛,其中包括“动用美国军队”。
在外界分析特朗普政府为何如此垂涎格陵兰岛时,有两个关键词被频频提及。
其一,位置。
“位置,位置,位置。”美联社连用三个“位置”解释特朗普为何如此想要格陵兰岛。
格陵兰岛位于北美洲东北部,是世界第一大岛。该岛是丹麦自治领地,有高度自治权,国防和外交事务由丹麦政府掌管。美国目前在格陵兰岛有一个军事基地。格陵兰岛战略位置重要,曾是冷战中美国对苏联核攻防战略的重要支点,也是北约反潜作战体系中“格陵兰-冰岛-英国缺口”的关键一环。
随着气候变暖,北冰洋的海冰加速融化,北极航道的商业潜力日益凸显,可以减少部分航运时间并绕开苏伊士运河和巴拿马运河等容易被阻断的传统航运要道。
尽管北冰洋的气候和海况依然恶劣,但按美联社的说法,特朗普显然希望通过控制格陵兰岛扼守从北大西洋和北冰洋通往北美的航道。美国哈佛大学肯尼迪学院贝尔弗科学和国际事务中心文章认为,对于两条北极航道,即沿着北美洲北部沿岸的西北航道和穿越北极点的中央航道,格陵兰岛处于关键位置。从长期看,格陵兰岛在预防和应对紧急情况等事务中意义重大。
其二,资源。
“不可思议的自然资源。”美国副总统万斯如此“赞赏”格陵兰岛。
格陵兰岛富集稀土、石墨、铜、镍等能源转型、芯片制造的刚需资源。丹麦与格陵兰岛地质勘测所2023年发布的研究指出,格陵兰岛无冰区面积约40万平方公里,拥有涵盖近40亿年地质演变过程的复杂地质构造,是寻找和开发各种矿产资源的理想之地。欧盟认定的34种关键矿产中,31种可以在格陵兰岛找到。美国地质调查局还判断格陵兰岛附近海域富含油气资源。
长期以来,格陵兰岛的矿产开发有限。截至2023年,格陵兰岛仅有两个正在运营的采矿项目。贝尔弗科学和国际事务中心的文章指出,随着格陵兰岛冰层和海冰融化,该岛及周边海域资源开采难度会逐渐降低。
正是资源,让美国一些人罔顾一切地着迷、痴迷、沉迷。
特朗普4日宣称,委内瑞拉可能不会是美国干预的最后一个国家,并称“我们绝对需要格陵兰岛”。对此,丹麦等欧洲国家强烈反对。丹麦、法国、德国、意大利、波兰、西班牙和英国6日还发表联合声明,强调格陵兰岛属于其人民,只有丹麦和格陵兰岛有权决定涉及其自身的事务。(完)
1. 这张美国白宫发布的视频截图显示,1月3日,美国总统特朗普在佛罗里达州海湖庄园举行发布会。新华社发
2. 这是1月7日在丹麦自治领地格陵兰岛亚细亚特拍摄的街景(手机照片)。新华社发(张全卫摄)
3. 2025年3月20日,货轮停靠在丹麦自治领地格陵兰岛努克港。新华社记者彭子洋摄
