Latin America
တရုတ်နိုင်ငံက အမေရိကန်လုပ်ရပ်အား ပြစ်တင်ရှုတ်ချမှုအပေါ် ဗင်နီဇွဲလား ကျေးဇူးတင်ကြောင်း ဆို
ကရာကတ်စ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
အမေရိကန်က ဗင်နီဇွဲလား သမ္မတ မာဒူရိုနှင့် ၎င်း၏ဇနီးအား အတင်းအဓမ္မ ဖမ်းဆီးထိန်းချုပ်မှုနှင့် ဗင်နီဇွဲလားအား ကျူးကျော်သည့်လုပ်ရပ်များအပေါ် တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချမှုအား ကျေးဇူးတင်ရှိကြောင်း ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodríguez သည် ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
Delcy Rodríguez က လူမှုမီဒီယာ၌ ပို့စ်တင်ပြီး ၎င်းအနေဖြင့် ထိုနေ့တွင် ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လန်ဟူနှင့် တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန်သည် နိုင်ငံတကာဥပဒေအား ဆိုးရွားစွာချိုးဖောက်ခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံ အချုပ်အခြာအာဏာအား ချိုးဖောက်သည့် လုပ်ရပ်များအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမှုတွင် တရုတ်နိုင်ငံက ခိုင်မြဲသော ရပ်တည်ချက်ထားရှိခြင်းအား ဗင်နီဇွဲလားနိုင်ငံအနေဖြင့် များစွာတန်ဖိုးထား ချီးကျူးကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံအပေါ် ကြီးမားသော စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီး ဗင်နီဇွဲလား မြို့တော်ကရာကတ်စ် စသည့် ဒေသများအား လျှပ်တစ်ပြက် ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အပြင် မာဒူရို ဇနီးမောင်နှံကိုလည်း အတင်းအဓမ္မထိန်းချုပ်ကာ ၎င်းတို့အား အမေရိကန်အထိ ခေါ်ဆောင်သွားခဲ့သည်။ မာဒူရို ဇနီးမောင်နှံသည် ဇန်နဝါရီ ၅ ရက်တွင် အမေရိကန် နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးတွင် ရုံးထုတ်ခံရပြီး အမေရိကန်ဘက်၏ “ပြစ်မှုကျူးလွန်သည်” ဟူသော စွဲချက်များကို ငြင်းဆိုခဲ့သည်။ အမေရိကန်က ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာအား ဆိုးရွားစွာ ချိုးဖောက်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ တရားရုံးချုပ်သည် ဇန်နဝါရီ ၃ ရက်တွင် ထိုစဉ်က ဒုတိယသမ္မတ Delcy Rodríguez အား ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခဲ့သည်။ Delcy Rodríguez သည် ဇန်နဝါရီ ၅ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်၌ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)
——————
(Chinese Version)
委内瑞拉感谢中国谴责美方行径
新华社加拉加斯1月8日电(记者田睿 吴昊)委内瑞拉临时总统德尔西·罗德里格斯8日感谢中国谴责美国强行控制马杜罗总统及其妻子和侵略委内瑞拉的行径。
罗德里格斯在社交媒体发文说,她当天会见中国驻委内瑞拉大使蓝虎,并表示委方赞赏中国在强烈谴责美国严重违反国际法和侵犯委内瑞拉主权行径方面所持的坚定立场。
美国3日凌晨对委内瑞拉发起大规模军事行动,突袭委首都加拉加斯等地,强行控制马杜罗夫妇并将他们带至美国。马杜罗夫妇5日在纽约一家联邦地区法院出庭,拒绝美方所谓“犯罪”指控。国际社会广泛谴责美国严重侵犯委内瑞拉主权。
委内瑞拉最高法院3日命令时任副总统罗德里格斯担任代理总统。5日,罗德里格斯在委内瑞拉全国代表大会宣誓就任临时总统。(完)
图说:1月5日下午,委内瑞拉代理总统德尔西·罗德里格斯在该国全国代表大会宣誓就任委临时总统。这是当日在宣誓就任仪式上拍摄的德尔西·罗德里格斯。 新华社发(委内瑞拉总统府供图)
