Europe
၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး အလွတ်နှင်းလျှောစီး Halfpipe ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကူအိုက်လျင်နှင့် လီဖောင်းဟွေ့တို့က ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိ
လီဗီညို (အီတလီ)၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ လီဗီညိုမြို့တွင် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး အလွတ်နှင်းလျှောစီး Halfpipe ပြိုင်ပွဲ ဖိုင်နယ်ပွဲ၌ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင် ကူအိုက်လျင်နှင့် လီဖောင်းဟွေ့တို့သည် ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး အလွတ်နှင်းလျှောစီး Halfpipe ဖိုင်နယ်ပွဲ ဒုတိယတစ်ခေါက်ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်နေသည့် တရုတ်နိုင်ငံ ပြိုင်ပွဲဝင် ကူအိုက်လျင်အား တွေ့မြင်ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး အလွတ်နှင်းလျှောစီး Halfpipe ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား၌ ကြေးတံဆိပ်ဆုရှင် ဗြိတိန်နိုင်ငံ ပြိုင်ပွဲဝင် Zoe Atkin ၊ ရွှေတံဆိပ်ဆုရှင် တရုတ်နိုင်ငံ ပြိုင်ပွဲဝင် ကူအိုက်လျင်၊ ငွေတံဆိပ်ဆုရှင် တရုတ်နိုင်ငံ ပြိုင်ပွဲဝင် လီဖောင်းဟွေ့ (ယာမှ ဝဲသို့) အား တွေ့မြင်ရစဉ် (ဆင်ဟွာ)




——————
(Chinese Version)
冬奥会|自由式滑雪——女子U型场地技巧:中国选手谷爱凌、李方慧分获冠、亚军
新华社照片,利维尼奥(意大利),2026年2月22日
当地时间2月22日,在意大利利维尼奥举行的米兰-科尔蒂纳冬奥会自由式滑雪女子U型场地技巧决赛中,中国选手谷爱凌、李方慧分获冠、亚军。
1、2月22日,冠军中国选手谷爱凌在颁奖仪式上。 新华社记者 张宏祥 摄
2、2月22日,中国选手谷爱凌在第二轮比赛中。新华社记者 王鹏 摄
3、2月22日,季军英国选手阿特金、冠军中国选手谷爱凌、亚军中国选手李方慧(从右至左)在颁奖仪式上。新华社记者 张宏祥 摄
