Connect with us

Africa & Middle East

တရုတ်နိုင်ငံက အာဖရိကနိုင်ငံများအပေါ် အခွန်သုညအစီအမံ ကျင့်သုံးခြင်းက အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း ဆီနီဂေါနိုင်ငံ Think Tank ဆို

China Harbour Engineering Company Ltd. (CHEC) မှ တာဝန်ယူတည်ဆောက်သော ကင်မရွန်းနိုင်ငံ Kribi ရေနက်ဆိပ်ကမ်း ဒုတိယအဆင့်ဆိပ်ကမ်းတွင် ရပ်နားထားသော ကုန်တင်သင်္ဘောကို ၂၀၂၅ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံ Think Tank ဖြစ်သည့် Timbuktu Institute ဥက္ကဋ္ဌ Bakary Sambe သည် မကြာသေးမီက မော်ရိုကိုမီဒီယာ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသော အာဖရိကတိုက် နိုင်ငံများအပေါ် အခွန်သုည အစီအမံ ကျင့်သုံးခြင်းသည် အာဖရိကမှ တရုတ်နိုင်ငံအပေါ် တင်ပို့မှုကို မြှင့်တင်ပေးလိုက်မည်သာမက လတ်တလော နိုင်ငံတကာအခြေအနေတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုနက်ရှိုင်းသောတန်ဖိုးကိုလည်း ပိုမိုထင်ဟပ်ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစီအမံသည် တရုတ်ဈေးကွက်သို့ အာဖရိကထုတ်ကုန်ပစ္စည်းများ ဝင်ရောက်သည့် အလားအလာကို သိသိသာသာတိုးချဲ့ပေးလိုက်သည်သာမက တရုတ်နိုင်ငံသို့ “စိုက်ပျိုးရေးထုတ်ကုန်၊ သတ္တုပစ္စည်းထုတ်ကုန်နှင့် အချို့သော ကုန်ထုတ်လုပ်ငန်းထုတ်ကုန်များ” တင်ပို့မှုကိုလည်း အကျိုးဖြစ်ထွန်းစေကြောင်း Bakary Sambe က ယူဆသည်။

အဆိုပါလုပ်ရပ်သည် “တရုတ်-အာဖရိက ဆက်ဆံရေးတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ အရေးကြီးအခန်းကဏ္ဍကို တစ်ဆင့်တိုးခိုင်မြဲစေမည်” သာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကိုလည်း နက်ရှိုင်းစေလိမ့်မည်ဟု ၎င်းက ထောက်ပြခဲ့သည်။ အချို့သော အနောက်နိုင်ငံများ၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ဦးမော့လာသည့် နောက်ခံအခြေအနေအောက်တွင် တရုတ်နိုင်ငံက ဈေးကွက်အား ပိုမိုကြီးမားစွာ တံခါးဖွင့်လှစ်၍ နိုင်ငံရေးအရ တောင်းဆိုချက်များလည်း ပူးတွဲပါဝင်ခြင်းမရှိသောကြောင့် အာဖရိက ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထောက်ခံအားပေးသည့် လက်တွေ့ကျသော သဘောထားကို ပေါ်လွင်စေသည်ဟု ၎င်းက ဆိုသည်။

အခွန်သုညသည် အာဖရိက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အခွင့်အလမ်းများ သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံများအနေဖြင့် ယင်းကိုအခွင့်ကောင်းယူကာ ထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်မှုကို တိုးမြှင့်ခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် စံချိန်မီစနစ်များ ပြည့်စုံကောင်းမွန်စေခြင်းတို့ လုပ်ဆောင်နိုင်မည်ဆိုပါက စက်မှုလုပ်ငန်းအသွင်ပြောင်းမှု လုပ်ငန်းစဉ်ကို ထိရောက်စွာ တွန်းအားပေးဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း Bakary Sambe က အလေးထား ပြောကြားခဲ့သည်။
မူဝါဒအား အကောင်အထည်မဖော်မီ ပြင်ဆင်မှုလုပ်ငန်းများသည် အလွန်အရေးကြီးကြောင်း၊ အာဖရိကနိုင်ငံအသီးသီးမှ အစိုးရများအနေဖြင့် လုပ်ငန်းကုမ္ပဏီများက ဈေးကွက်စည်းမျဉ်းစည်းကမ်းနှင့် ရင်းနှီးလာစေရန်၊ တင်ပို့မှုစွမ်းရည်တိုးမြှင့်ရန် ကူညီလုပ်ဆောင်ပေးခြင်းဖြင့် မူဝါဒအကျိုးအမြတ်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရလဒ်အဖြစ် လက်တွေ့ကျကျပြောင်းလဲလာရန် လုပ်ဆောင်ပေးရမည်ဟုလည်း ၎င်းက တစ်ချိန်တည်းတွင် သတိပေးခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ထားသော အာဖရိကတိုက် နိုင်ငံ ၅၃ နိုင်ငံအပေါ် အခွန်သုညအစီအမံ ဘက်စုံကျင့်သုံးသွားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီးပွားရေးမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်း လက်မှတ်ထိုးခြင်းအား ဆက်လက်တွန်းအားပေးဖော်ဆောင်မည့်အပြင် “အစိမ်းရောင်လမ်းကြောင်း” အဆင့်မြှင့်တင်ခြင်း စသည့်အစီအမံများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် အာဖရိကထုတ်ကုန်များ ဈေးကွက်ဝင်ရောက်ခွင့်ကို တစ်ဆင့်တိုးချဲ့ထွင်သွားမည်ဖြစ်သည်။ (Xinhua)

——————
(Chinese Version)
全球瞭望|塞内加尔智库:中国对非零关税举措具有重要意义
新华社达喀尔2月22日电(记者陈晨)塞内加尔智库廷巴克图研究所所长巴卡里·桑布日前在接受摩洛哥媒体采访时表示,中国宣布对非洲建交国实施零关税举措,不仅将促进非洲对华出口,更彰显中非合作在当前国际形势下的深层价值。
桑布认为,这一举措将显著扩大非洲产品进入中国市场的空间,有助于带动“农产品、矿产品及部分制造业产品”对华出口。
他指出,此举将进一步“巩固中非合作论坛在中非关系中的重要作用”,深化南南合作。在部分西方国家贸易保护主义抬头的背景下,中方以更大力度开放市场且不附加政治条件,展现出支持非洲发展的务实态度。
桑布强调,零关税也将为非洲产业发展带来机遇。非洲国家若能借此机会提升产品附加值、完善物流与标准体系,将有效推动工业化进程。
他同时提醒,政策落地前的准备工作至关重要,非洲各国政府需要帮助企业熟悉市场规则、提升出口能力,让政策红利切实转化为经济发展成果。
中方将于2026年5月1日起对53个非洲建交国全面实施零关税举措,同时继续推动商签共同发展经济伙伴关系协定,并通过升级“绿色通道”等措施进一步扩大非洲输华产品准入。(完)
图说:货轮停靠在由中国港湾工程有限责任公司承建的喀麦隆克里比深水港二期码头(2025 年 5 月 9 日摄) 新华社发(科普索摄)