North America
ဂျက်ဖရီအက်ပ်စတိန်းနှင့် ဆက်နွယ်မှုကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟားဗက်တက္ကသိုလ်သင်ကြားရေးရာထူးမှ နုတ်ထွက်မည်
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း၊ ဟားဗက်တက္ကသိုလ် ဥက္ကဋ္ဌဟောင်း Lawrence H. Summers သည် အမည်ဆိုးဖြင့် ကျော်ကြားသည့် ကွယ်လွန်သွားပြီဖြစ်သော ဘီလျံနာ ဂျက်ဖရီအက်ပ်စတိန်းနှင့် ဆက်နွှယ်မှုကြောင့် ယခုပညာသင်နှစ်ကုန်တွင် ၎င်း၏ဟားဗက်ပါမောက္ခရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ဟားဗက်တက္ကသိုလ် ကျောင်းသတင်းစာ၏ ဖေဖော်ဝါရီ ၂၅ ရက် ဖော်ပြချက်အရ သိရသည်။
Summers သည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ အနားယူခဲ့ပြီး ဟားဗက်မှ မထွက်ခွာမီ သင်ကြားရေးရာထူး၌ ပြန်လည်လုပ်ဆောင်မည်မဟုတ်ကြောင်း ဟားဗက်တက္ကသိုလ် ကျောင်းသတင်းစာ The Harvard Crimson နှင့် The New York Times တို့၏ သတင်းဖော်ပြချက်အရ သိရသည်
Summers ရာထူးမှနုတ်ထွက်ခြင်းနှင့် လတ်တလောတွင် ထုတ်ပြန်ထားသော အက်ပ်စတိန်းအမှု စာရွက်စာတမ်းများကို ကျောင်းက ပြန်လည်သုံးသပ်နေမှု သက်ဆိုင်မှုရှိသည်ဟု ဟားဗက်တက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူ Jason Newton က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
Summers သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဟားဗက်တက္ကသိုလ် Kennedy ကျောင်း Mossavar-Rahmani စီးပွားရေးနှင့် အစိုးရစင်တာ၏ တွဲဖက်ဒါရိုက်တာ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၁ ခုနှစ်မှစ၍ ဤရာထူးတွင် အစဉ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Summers သည် ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဟားဗက်တက္ကသိုလ် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အိုဘားမားအစိုးရလက်ထက်တွင် အိမ်ဖြူတော် အမျိုးသားစီးပွားရေး ကော်မတီ အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
အက်ပ်စတိန်းသည် ၂၀၀၈ ခုနှစ်တွင်အရွယ်မရောက်သေးသူများအား ပြည့်တန်ဆာလုပ်ရန် လှုံ့ဆော်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် နိုင်ငံရေး၊ စီးပွားရေးလောကမှ အကျော်အမော်များနှင့် အဆက်အသွယ်ထိန်းသိမ်းထားဆဲဖြစ်ရာ Summers သည်လည်း ယင်းတို့အနက် တစ်ဦးဖြစ်ပြီး နှစ်ဖက်သည် မကြာခဏ အပြန်အလှန်ဆက်သွယ်ခဲ့ကြကြောင်း အမေရိကန် လွှတ်တော်၏ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည် အက်ပ်စတိန်းအမှုဆိုင်ရာ စာရွက်စာတမ်းများတွင် ပြသထားသည်။ သက်ဆိုင်ရာ အချက်အလက်များ ထုတ်ဖော်ခံရပြီးနောက် Summers က “ကိုယ့်ရဲ့ အပြုအမူတွေအပေါ် နက်နက်ရှိုင်းရှိုင်း ရှက်ရွံ့မိပါတယ်” ဟု ယင်းလပိုင်း ၁၇ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး “၎င်းတာဝန်ယူထားတဲ့ အများပြည်သူရေးရာအလုပ်တွေကနေ” နုတ်ထွက်မည်ဖြစ်သော်လည်း သင်ကြားမှုကိုမူ ဆက်လက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကျောင်းအနေဖြင့် Summers နှင့် အက်ပ်စတိန်းတို့၏ ပတ်သက်မှုကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဟားဗက်တက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူက နောက်တစ်နေ့တွင် အတည်ပြုခဲ့သည်။
Summers သည် အက်ပ်စတိန်းနှင့် မိတ်ဆွေဆက်ဆံရေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ပြီး အက်ပ်စတိန်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် ၎င်း၏ ပုဂ္ဂလိကကျွန်းပေါ်သို့ သွားရောက်ခဲ့ဖူးကြောင်း အမေရိကန်မီဒီယာများက နှစ်ဦး ဆက်သွယ်ခဲ့သော အီးမေးလ်အကြောင်းအရာများကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမေရိကန် တရားစီရင်ရေးဌာန အဆောက်အအုံကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………..
(Chinese Version)
与爱泼斯坦有牵连 美国前财长将辞去哈佛教职
新华社华盛顿2月25日电(记者杨伶 吴晓凌)据美国哈佛大学校报25日报道,由于与臭名昭著的已故富商杰弗里·爱泼斯坦有牵连,美国前财政部长、哈佛前校长劳伦斯·萨默斯将在本学年结束时辞去哈佛教授职务。
据哈佛校报《哈佛深红报》和《纽约时报》报道,萨默斯自去年11月以来一直休假,在离开哈佛前不会重返教学岗位。
哈佛校方发言人贾森·牛顿在一份声明中说,萨默斯辞职与校方正在审查近期公布的爱泼斯坦案文件相关联。
这名发言人说,萨默斯已于25日辞去哈佛大学肯尼迪学院穆萨瓦尔-拉赫马尼商业与政府中心联合主任的职务。他从2011年起一直担任这一职务。
萨默斯1999年至2001年担任美国财长,2001年至2006年担任哈佛校长。他还在奥巴马政府担任过白宫国家经济委员会主任。
美国国会去年11月公布的文件显示,爱泼斯坦2008年因教唆未成年人卖淫被定罪后,仍有大量政商名流与之保持联系,萨默斯也在其中,且双方互动频繁。相关信息披露后,萨默斯当月17日晚发表声明称,他为“自己的行为深感羞耻”,并宣布将退出“他所承担的公共事务”,但将继续教学。次日,哈佛大学发言人证实,校方将调查萨默斯与爱泼斯坦的关系。
美国媒体援引两人联络的邮件内容报道,萨默斯与爱泼斯坦多年保持友好关系,曾前往后者的私人岛屿,并乘坐其私人飞机。(完)
图说1:2025年5月24日在美国马萨诸塞州剑桥拍摄的哈佛大学校园。新华社发(朱子于摄)
图说2:这是2022年3月10日在美国首都华盛顿拍摄的美国司法部大楼。新华社记者刘杰摄
