Connect with us

Africa & Middle East

တရုတ်နိုင်ငံ၏ “အခွန်သုည” အစီအမံက ပြည်သူများအား အကျိုးပြုရန် မျှော်လင့်လျက်ရှိဟု ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ အစိုးရအရာရှိ ဆို

ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ ဘရာဇာဗီလီမြို့၌ ကျင်းပသည့် “အခွန်သုည - အခွင့်အလမ်းအသစ်” တရုတ်- ကွန်ဂို (ဘရာဇာဗီးလ်) စီးပွားကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အမှာစကားပြောကြားနေသော ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Denis Christel Sassou-Nguesso ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇာဗီးလ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ “အခွန်သုည” အစီအမံသည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ၏ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ သယ်ဆောင်လာမည်ဖြစ်ကြောင်း၊ ယင်းအစီအမံသည် ၎င်းနိုင်ငံ ပြည်သူများအား အကျိုးပြုရန် မျှော်လင့်လျက်ရှိကြောင်း ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Denis Christel Sassou-Nguesso က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
“အခွန်သုည – အခွင့်အလမ်းအသစ်” တရုတ်- ကွန်ဂို (ဘရာဇာဗီးလ်) စီးပွားကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်က ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ ဘရာဇာဗီလီမြို့၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ Denis Christel Sassou-Nguesso ၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ရေးရာ သံအမတ်ကြီး လျိုယွိရှီး၊ ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အန်းချင်း တို့ တက်ရောက်ခဲ့သည်။
Denis Christel Sassou-Nguesso က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ “အခွန်သုည” အစီအမံသည် ကွန်ဂို (ဘရာဇာဗီးလ်) နိုင်ငံ စိုက်ပျိုးရေးထုတ်ကုန်နှင့် ကုန်ထုတ်လုပ်ငန်း ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်မှုအား မြှင့်တင်ပေးရန် အထောက်အကူပြုပြီး လူငယ်များ လုပ်ငန်းခွင်ဝင်မှု တိုးတက်လာစေကာ ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းကို လက်တွေ့ကျကျ ကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
လျိုယွိရှီးက “အခွန်သုည” သည် ခေတ်သစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ ရွှေရောင် အမှတ်တံဆိပ်ကတ်ဖြစ်ပြီး တရုတ်နိုင်ငံက တစ်ဖက်သတ်တံခါးဖွင့်လှစ်မှုကို တိုးချဲ့ပေးသည့် အရေးကြီးအစီအမံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲကာလအတွင်း တရုတ်နှင့် ကွန်ဂို (ဘရာဇာဗီးလ်) နှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီပေါင်း ၁၀ ခုကျော်သည် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ရွယ်သည့်စာလွှာအား လက်မှတ်ရေးထိုးခဲ့သည်။ ကွန်ဂို (ဘရာဇာဗီးလ်) မှ Poria cocos ၊ မြေပဲ၊ ပိုတက်ဆီယမ်ဆား (Potash) စသည့် ထုတ်ကုန်များကို “အခွန်သုည” အစီအမံဖြင့် တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ထားသော အာဖရိကတိုက် နိုင်ငံ ၅၃ နိုင်ငံအပေါ် အခွန်သုညအစီအမံ ဘက်စုံကျင့်သုံးသွားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီးပွားရေးမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်း လက်မှတ်ထိုးခြင်းအား ဆက်လက်တွန်းအားပေးဖော်ဆောင်မည့်အပြင် “အစိမ်းရောင်လမ်းကြောင်း” အဆင့်မြှင့်တင်ခြင်း စသည့်အစီအမံများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် အာဖရိကထုတ်ကုန်များ ဈေးကွက်ဝင်ရောက်ခွင့်ကို တစ်ဆင့်တိုး ချဲ့ထွင်သွားမည်ဖြစ်သည်။ (Xinhua)

——————-
(Chinese Version)
刚果(布)官员:期待中国“零关税”举措惠及民众
新华社布拉柴维尔2月27日电(记者郑扬子)刚果(布)国际合作部长德尼·克里斯特尔·萨苏-恩格索26日说,中国“零关税”举措将为刚果(布)农业、工业发展带来新机遇,期待这一举措惠及该国民众。
“零关税·新机遇”中刚商贸洽谈会暨签约仪式26日在刚果(布)首都布拉柴维尔举行。克里斯特尔、中非合作论坛事务大使刘豫锡、中国驻刚果(布)大使安青等出席仪式。
克里斯特尔接受新华社记者采访时表示,“零关税”举措有助于提升刚果(布)农产品和工业产品的附加值,带动青年就业,切实改善当地民众生活水平。
刘豫锡表示,“零关税”是新时代中非合作的金色名片,是中国主动扩大单边开放的重要举措。
洽谈会期间,来自中刚两国的10余家企业签署合作意向书,刚果(布)的茯苓、花生、钾盐等产品将借助“零关税”举措出口中国。
中方将于2026年5月1日起对53个非洲建交国全面实施零关税举措,同时继续推动商签共同发展经济伙伴关系协定,并通过升级“绿色通道”等进一步扩大非洲输华产品准入。(完)
图说:2月26日,刚果(布)国际合作部长德尼·克里斯特尔·萨苏-恩格索在布拉柴维尔举行的“零关税·新机遇”中刚商贸洽谈会暨签约仪式上致辞。新华社记者 郑扬子 摄