Connect with us

International Organizations

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပေါ်ခဲ့ကြောင်း WHO သတင်းထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်စ် (အလယ်) အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုတစ်ခုရှိခဲ့ပြီး လက်ရှိ ၎င်းနှင့် ဆက်စပ်၍ အခြားကူးစက်မှုများကို မတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၆ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
WHO ၏ ထိုနေ့ သတင်းထုတ်ပြန် ပြောကြားမှုအရ ကူးစက်ခံရသူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Rajshahi ဒေသတွင် နေထိုင်သော အသက် ၄၀ မှ ၅၀ အရွယ်ကြားရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ဇန်နဝါရီ ၂၁ ရက်တွင် ကိုယ်ပူခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်တွင် နီပါးရ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သက်ဆိုင်ရာအာဏာပိုင်ဘက်က ဖေဖော်ဝါရီ ၃ ရက်တွင် ယင်းအခြေအနေကို WHO သို့ အကြောင်းကြားခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးသည် လတ်တလောတွင် ခရီးသွားရာဇဝင်မရှိသော်လည်း စွန်ပလွံသီးစိမ်းဖျော်ရည်ကို သောက်သုံးခဲ့ကြောင်း၊ ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၃၅ ဦး၏ နီပါးရ်ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုရလဒ်မှာမူ ရောဂါပိုးမရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ်ကူးစက်ရောဂါ အသေးစားဖြစ်ပွားမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဒီဇင်ဘာလမှ ဧပြီလကြားတွင် ရောဂါကူးစက်မှု ပိုမိုများပြားကြောင်း၊ ယင်းမှာ စွန်ပလွံသီးဖျော်ရည်၏ ရိတ်သိမ်းချိန်၊ စားသုံးချိန်တို့နှင့် တိုက်ဆိုင်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နီပါးရ်ဗိုင်းရပ်စ်ရောဂါသည် ရှားပါးသော်လည်း ပြင်းထန်သော တိရစ္ဆာန်နှင့်လူ အကြား ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါပိုးရှိသော တိရစ္ဆာန်များ (ဥပမာ- လင်းနို့) မှတစ်ဆင့် လူသားများထံ ကူးစက်နိုင်ကြောင်း၊ သို့မဟုတ် သက်ဆိုင်ရာ တိရစ္ဆာန်များ၏ တံတွေး၊ ဆီး သို့မဟုတ် မစင်များဖြင့် ညစ်ညမ်းခံထားသော အစားအစာများမှ လူသားများထံ ကူးစက်နိုင်သလို ရောဂါပိုးရှိသူများနှင့် နီးကပ်စွာ ထိတွေ့ခြင်းမှတစ်ဆင့် လူအချင်းချင်း ကူးစက်နိုင်ကြောင်း၊ ရောဂါသေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်း မှ ၇၅ ရာခိုင်နှုန်း အကြားရှိကြောင်း သိရသည်။ လက်ရှိတွင် အတည်ပြုထားသော ပစ်မှတ်ထားကုသမှုအတွက် ဆေးဝါးများ သို့မဟုတ် ကာကွယ်ဆေးများ မရှိသေးသော်လည်း အစောပိုင်း ပံ့ပိုးကုသမှုဖြင့် အသက်ရှင်သန်မှုနှုန်းကို မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။ (Xinhua)
………………………..
(Chinese Version)
世卫组织通报孟加拉国出现尼帕病毒感染病例
新华社日内瓦2月6日电 世界卫生组织6日通报,孟加拉国出现1例尼帕病毒感染病例,目前未发现与之相关的其他病例。
据世卫组织当天发布的新闻公报介绍,感染者是一名生活在孟加拉国拉杰沙希地区的女性,年龄在40岁至50岁之间。她于1月21日出现发热和神经系统症状,1月29日被确诊感染尼帕病毒,孟加拉国有关方面2月3日向世卫组织通报了情况。这名女性近期无旅行史,但食用过生椰枣汁,其35名密切接触者的尼帕病毒检测结果呈阴性。
公报说,孟加拉国常出现小规模尼帕病毒病疫情,12月至4月之间病例相对较多,这与椰枣汁的收获和食用季节相符。
尼帕病毒病是一种罕见但严重的人畜共患病,可通过被感染动物(例如蝙蝠)传播给人类,或通过受到相关动物唾液、尿液或粪便污染的食物传播给人类,也可通过与感染者密切接触而人际传播,病死率在40%至75%之间。目前尚无获批的针对性治疗药物或疫苗,但早期支持性治疗可提高生存率。(完)

图说:12月11日,世界卫生组织总干事谭德塞(中)在瑞士日内瓦举行的新闻发布会上讲话。新华社记者 连漪 摄