Connect with us

Europe

တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကားများ၏ နော်ဝေကားအသုံးပြုမှု ဈေးကွက်ဝေစု အဆက်မပြတ် တိုးပွားလာ

နော်ဝေနိုင်ငံ မြို့တော်အော့စလိုရှိ တရုတ်မော်တော်ကားကုမ္ပဏီ BYD ၏ အရောင်းဆိုင်တစ်ဆိုင်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့စလို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကားများ၏ နော်ဝေကားအသုံးပြုမှု ဈေးကွက်တွင် ပိုင်ဆိုင်ထားသည့်ဝေစုမှာ အဆက်မပြတ် တိုးပွားလာကြောင်း၊ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံးတွင် စုစုပေါင်း ၂၄,၅၂၄ စင်း ရောင်းချရပြီး အဆိုပါနိုင်ငံ၏ အသစ်ရောင်းချရသော စုစုပေါင်း ကားအရေအတွက်၏ ၁၃.၇ ရာခိုင်နှုန်း နေရာယူထားကြောင်း၊ ၂၀၂၄ ခုနှစ်ထက် ရာခိုင်နှုန်းပွိုင့် ၃.၃ မြင့်တက်လာကြောင်း နော်ဝေကားလမ်းအဖွဲ့ချုပ် (OFV) က ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

၂၀၂၅ ခုနှစ်တွင် နော်ဝေနိုင်ငံ၌ မှတ်ပုံတင်ထားသည့် အသစ်သုံးကားများတွင် ၉၆ ရာခိုင်နှုန်း နီးပါးသည် လျှပ်စစ်သီးသန့်သုံးကားများဖြစ်ပြီး BYD သည် ကားအသစ်ဈေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားသည့် တရုတ်အမှတ်တံဆိပ် ဖြစ်လာကာ ကားကုမ္ပဏီများ၏ ရောင်းချရမှုစာရင်းတွင် အဆင့် ၁၀ နေရာမှ ရပ်တည်လျက်ရှိသည်။ MG ၊ XPeng စသည့် အမှတ်တံဆိပ်များ၏ ရောင်းချရမှုပမာဏသည်လည်း ထိပ်တန်း အဆင့် ၂၀ တွင် ပါဝင်ကြောင်း သိရသည်။

ထည့်သွင်းပြောကြားထိုက်သည်မှာ တရုတ်အမှတ်တံဆိပ်များသည် နှစ်ကုန်ပိုင်းတွင် လုပ်ဆောင်ချက်များ ပိုမိုအားကောင်းလာခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအမှတ်တံဆိပ်များသည် နော်ဝေကားသစ်ဈေးကွက်၏ ဝေစု ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယမန်နှစ် ကာလတူထက် ၉.၃ ရာခိုင်နှုန်းပွိုင့် ပမာဏအများအပြား တိုးတက်လာခဲ့ကြောင်း အချက်အလက်များက ဖော်ပြလျက်ရှိသည်။
တရုတ်အမှတ်တံဆိပ်များ၏ ကောင်းမွန်သောလုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ OFV တာဝန်ရှိပုဂ္ဂိုလ် ဂဲလ်အင်ဂါစတော့ က တရုတ်မော်တော်ကားကုမ္ပဏီများသည် အဓိကကျသော အသေးစိတ်ခွဲခြားထားသည့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိသော လျှပ်စစ်ကားမော်ဒယ်များ ထုတ်လုပ်မိတ်ဆက်ပေးခြင်းဖြင့် နော်ဝေဈေးကွက်၏ အဓိကဖွဲ့စည်းမှုအစိတ်အပိုင်း ဖြစ်လာလျက်ရှိ‌ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
中国品牌电动车在挪威乘用车市场份额持续增加
新华社奥斯陆1月2日电(记者张玉亮)挪威公路联合会2日公布的数据显示,中国品牌电动车在挪威乘用车市场上所占份额持续增加,2025年全年共销售24524辆,占该国新车总销量的13.7%,比2024年增长3.3个百分点。
2025年,挪威注册的新乘用车近96%为纯电动车,比亚迪成为新车市场份额最大的中国品牌,位列车企销量排行榜第10位。名爵、小鹏等品牌销量也进入前20位。
值得一提的是,中国品牌在年末表现尤为强劲。数据显示,2025年12月,中国品牌占据了挪威新车市场17%的份额,较上一年同期大幅增长9.3个百分点。
针对中国品牌的亮眼表现,挪威公路联合会负责人盖尔·英厄·斯托克表示,中国车企凭借在关键细分市场推出具有竞争力的电动车车型,正迅速成为挪威市场的重要组成部分。(完)
图说:这是1月2日在挪威首都奥斯陆拍摄的中国车企比亚迪的一家经销商门店。新华社发(陈雅琴摄)