Connect with us

Africa & Middle East

အီရန်ပြည်သူများ တီဟီရန်မြို့တွင် လူထု စုဝေးခဲ့ကြပြီး အီရန်ထိပ်တန်းခေါင်းဆောင်သစ်အပေါ် သစ္စာစောင့်တည်ကြောင်း ဖော်ပြခဲ့

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ တော်လှန်ရေးရင်ပြင်တွင် ပြည်သူလုထုက စုဝေး၍ အီရန်ထိပ်တန်းခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီ အပေါ် သစ္စာစောင့်တည်ကြောင်း ဖော်ပြနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ တော်လှန်ရေးရင်ပြင်တွင် စုဝေးပွဲလာရောက်ကြသူများက အီရန်နိုင်ငံတော်အလံများ ဝှေ့ယမ်းလျက် မို့ချ်တာဘာ ခါမေနီ အမည်ကို ကြွေးကြော်ကာ ၎င်းအပေါ် သစ္စာစောင့်တည်ကြောင်း ဖော်ပြခဲ့သည်ကို ဒေသစံတော်ချိန် မတ် ၉ ရက် ညနေပိုင်း၌ ဆင်ဟွာသတင်းထောက် တွေ့ရှိခဲ့သည်။ ပြည်သူလူထုသည် အမေရိကန်ဆန့်ကျင်ရေး၊ အစ္စရေး ဆန့်ကျင်ရေး ဆောင်ပုဒ်များကိုလည်း ကြွေးကြော်ခဲ့ကြပြီး အီရန်အပေါ် အမေရိကန်-အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကို အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ (Xinhua)

………………………..
(Chinese Version)
伊朗民众在德黑兰集会 表达对新任最高领袖的忠诚
新华社照片,德黑兰,2026年3月9日
新华社记者当地时间9日下午3时在德黑兰革命广场看到,集会者挥舞着伊朗国旗,高呼穆杰塔巴·哈梅内伊的名字,表达对其的忠诚。民众还高呼反美、反以口号,强烈谴责美以对伊朗的军事行动。
图说:3月9日,在伊朗首都德黑兰革命广场,民众参加集会表达对伊朗新任最高领袖穆杰塔巴·哈梅内伊的忠诚。 新华社记者 沙达提 摄