Connect with us

International Organizations

ရုရှားအဆိုပြုသည့် အရှေ့အလယ်ပိုင်း အခြေအနေ ဆုံးဖြတ်ချက်မူကြမ်း အတည်မပြုနိုင်ခြင်းအပေါ် စိတ်ပျက်၍ စိတ်မကောင်းဖြစ်ရကြောင်း တရုတ်နိုင်ငံ ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ အရှိန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဖုချုံးက မတ် ၁၁ ရက်တွင် ရုရှား အဆိုပြုသော အရှေ့အလယ်ပိုင်း အခြေအနေ ဆုံးဖြတ်ချက်မူကြမ်းအား လုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်မှုအပြီးတွင် ဆုံးဖြတ်ချက်မူကြမ်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို ထပ်မံအလေးအထား အဆိုပြုထားခြင်း၊ စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် ဘက်ပေါင်းစုံအားတိုက်တွန်းခြင်း၊ အရပ်သားနှင့် အရပ်ဘက်သုံး အဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်မှုအားလုံးအပေါ် ပြစ်တင်ရှုတ်ချခြင်း၊ သံတမန်ရေးစေ့စပ်ဆွေးနွေးမှုလမ်းကြောင်းကို ပြန်လည်ရောက်ရန် ဘက်ပေါင်းစုံကို အားပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုသလို အားပေးထောက်ခံကြောင်း၊ ဆုံးဖြတ်ချက်မူကြမ်း အတည်မပြုနိုင်ခြင်းအပေါ် စိတ်ပျက်၍ စိတ်မကောင်းဖြစ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းမှာ မူလကပင် မဖြစ်ပွားသင့်သော စစ်ပွဲ ဖြစ်သလို ဘက်ပေါင်းစုံအတွက်လည်း အကျိုးမရှိသော စစ်ပွဲဖြစ်ကြောင်း ဖုချုံးက ရှင်းလင်းဆွေးနွေးရာတွင် အလေးထားပြောကြားခဲ့သည်။
လက်နက်အင်အားသည် ပြဿနာဖြေရှင်းသည့် နည်းလမ်းမဟုတ်သလို လက်နက်ကိုင် တိုက်ခိုက်ကြခြင်းက အမုန်းတရား အာဃာတအသစ်များကိုသာ ထပ်တိုးစေပြီး အန္တရာယ်အကျပ်အတည်းအသစ်များကို အစပျိုးစေမည် ဖြစ်ကြောင်းကို အရှေ့အလယ်ပိုင်း၏သမိုင်းကြောင်းက ကမ္ဘာသူ၊ ကမ္ဘာသားများအား အကြိမ်ကြိမ် ပြောပြပြီးဖြစ်ကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်၊ စစ်မက်မီးလျှံများ အရှိန်အဟုန်မြင့် ယိုလျှံပျံ့နှံ့လာမှုကို ကာကွယ်တားဆီးရန်၊ တွေ့ဆုံစေ့စပ်ဆွေးနွေးမှုကို အမြန်ဆုံးပြန်လည် ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ဖုချုံးက အီရန်အရေးဆုံးဖြတ်ချက်မူကြမ်းနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်မှုအပြီး ရှင်းလင်းပြောကြားရာတွင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။
ဖုချုံးက အမေရိကန်နှင့် အစ္စရေးသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံမှ အခွင့်အာဏာ ရရှိခြင်းမရှိဘဲ အီရန်-အမေရိကန် စေ့စပ်ဆွေးနွေးနေစဉ်အတွင်းမှာပင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းစစ်ပွဲ၏ မူရင်းဇာစ်မြစ်ကပင် သင့်တင့်လျောက်ပတ်မှုနှင့် တရားဝင်မှု ကင်းမဲ့ကြောင်း၊ အခြေအနေ ဆိုးရွားလာမှုကို ရှောင်ရှားရမည့် အခြေခံမှာ အမေရိကန်နှင့် အစ္စရေး စစ်ရေးလှုပ်ရှားမှုအား ရပ်တန့်ခြင်းပေါ်တွင် မူတည်ကြောင်း၊ စစ်မက်မီးလျှံ အချိန်ကြာမြင့်ခြင်းနှင့် အရှိန်မြင့်တက်နေခြင်းမှာ မည်သည့်ပါတီ၏ အကျိုးစီးပွားနှင့်မျှ မကိုက်ညီသလို ဒေသတွင်းပြည်သူများကိုသာ ထိခိုက်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စိတ်မကောင်းဖြစ်ရသည်မှာ ဆုံးဖြတ်ချက်မူကြမ်းသည် ပဋိပက္ခအရင်းအမြစ်နှင့် ဘက်စုံအသွင်ကို ဘက်စုံမျှတစွာ ထင်ဟပ်မပြနိုင်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်က အဆိုပြုသည့် လျော်ကန်သော အကြံပြုချက်မှာ အပြည့်အဝ လက်ခံကျင့်သုံးခံရမှု မရှိခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ကြားနေမဲပေးရခြင်း ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中方对俄方所提中东局势决议草案未获通过感到失望和遗憾
新华社联合国3月11日电 中国常驻联合国代表傅聪11日在安理会表决俄罗斯提出的涉中东局势决议草案后表示,决议草案重申《联合国宪章》宗旨和原则,敦促各方立即停止军事行动,谴责所有针对平民和民用设施的袭击,鼓励各方回归外交谈判轨道,中方表示欢迎和支持,对决议草案未获通过感到失望和遗憾。
傅聪在解释性发言中强调,这是一场本不应发生的战争,也是一场对各方都没有好处的战争。中东的历史反复告诉世人,武力不是解决问题的办法,兵戎相见只会增添新的仇恨,酝酿新的危机。当务之急是立即停止军事行动,防止战火升级蔓延,尽快重回对话谈判。中方将继续为争取和平作出努力。
当天,傅聪还在安理会表决涉伊朗局势决议草案后进行解释性发言。他说,美国和以色列未经联合国安理会授权,在伊美谈判正在进行当中,对伊朗发动武力袭击,明显违背《联合国宪章》宗旨原则和国际关系基本准则。这场战争的源起缺乏正当性与合法性,避免局势恶化的根本在于美以停止军事行动。战火延宕升级不符合任何一方利益,受害的只能是地区人民。
傅聪表示,遗憾的是,决议草案未能全面、平衡反映冲突的根源和全貌,中方提出的合理建议没有得到充分采纳,因此中方不得不投下弃权票。(完)
1. 2月28日,在位于纽约的联合国总部,安理会就中东地区冲突升级举行紧急会议。新华社记者 谢锷 摄