Connect with us

International Organizations

အမေရိကန်က အီရန်နျူကလီးယားအကျပ်အတည်းအား စတင်သူဖြစ်ကြောင်း တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်များလုပ်ဆောင်ခြင်းအား ဆန္ဒပြနေကြသူများကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်သည် အီရန် နျူကလီးယားအကျပ်အတည်းအား စတင်သူအနေဖြင့် ၎င်း၏လုပ်ရပ်များမှာ နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူအား ဆန့်ကျင်လျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဖုချုံးက မတ် ၁၂ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အီရန်ပိတ်ဆို့အရေးယူမှုကော်မတီ ရှင်းလင်းတင်ပြမှုအစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ဖုချုံးက တရုတ်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်အနေဖြင့် လက်ရှိ အီရန်နျူကလီးယား အခြေအနေနှင့် ၎င်း၏အနာဂတ်ထွက်လမ်းနှင့်စပ်လျဉ်း၍ အောက်ပါအချက်များအား အလေးထား ပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် လက်နက်အင်အားသည် နိုင်ငံတကာ အငြင်းပွားမှုအား ဖြေရှင်းရန် မှန်ကန်သော နည်းလမ်းမဟုတ်ဘဲ အီရန်၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တင်းမာမှုအခြေအနေ တစ်ဆင့်တိုး အရှိန်မြင့်တက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် စစ်ပွဲအခြေအနေက အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်းကို ကာကွယ်ရန်အတွက် အမေရိကန်နှင့် အစ္စရေးအနေဖြင့် စစ်ရေးလှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ကာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အာမခံစောင့်ကြည့်မှုခံရသည့် အီရန်နျူကလီးယားအဆောက်အဦများအား တိုက်ခိုက်ခြင်းမပြုသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်အနေဖြင့် အီရန်နျူကလီးယားအရေးသည် နောက်ဆုံးတွင် နိုင်ငံရေးအရ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသည့်လမ်းကြောင်းပေါ်သို့သာ ပြန်လည်သွားရောက်ရမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အမေရိကန်က အီရန်နျူကလီးယား ဘက်စုံသဘောတူညီချက်မှ တစ်ဖက်သတ်နုတ်ထွက်မှုကြောင့်သာ အီရန်နျူကလီးယားအကျပ်အတည်း ဖြစ်ပွားစေခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်က မိမိ၏ဂုဏ်သိက္ခာကိုပင် ငဲ့ကွက်ခြင်းမရှိဘဲ အီရန်နှင့် စေ့စပ်ညှိနှိုင်းနေစဉ်တွင်ပင် အစ္စရေးနှင့်အတူ အီရန်အပေါ် ကြမ်းတမ်းစွာ လက်နက်အသုံးပြုခဲ့ခြင်းကြောင့်လည်း သံတမန်ရေးအရ ကြိုးပမ်းမှုများကို အချည်းနှီး ဖြစ်စေခဲ့ကြောင်း၊ အမေရိကန်သည် အီရန်နျူကလီးယားအကျပ်အတည်းအား စတင်သူအနေဖြင့် ၎င်း၏လုပ်ရပ်များမှာ နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူအား ဆန့်ကျင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ၎င်းက‌ပြောကြားခဲ့သည်။

တတိယအချက်အနေဖြင့် တရားမျှတမှုနှင့် အမှန်တရားကို လက်ကိုင်ထားကာ အီရန်က “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” အဖွဲ့ဝင်နိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုသည့်ခံစားခွင့်ကို လက်တွေ့ကျ အာမခံပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အစီရင်ခံစာနှင့် ၎င်းအဖွဲ့အစည်းညွှန်ကြားရေးမှူးချုပ်၏ သဘောထားဖော်ပြချက်အရ အီရန်သည် နျူကလီးယားလက်နက်အား ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဖော်ပြသည့်သက်သေမရှိကြောင်း၊ အီရန်အပေါ် ဘက်စုံထောင့်စုံ၍ တင်းကျပ်စွာ သေချာစောင့်ကြည့်ခြင်းဖြင့် အီရန်နျူကလီးယား စီမံကိန်း၏ ငြိမ်းချမ်းမှုအကြောင်းတရားအား အပြည့်အဝ အာမခံပေးနိုင်သည်ကို အီရန်နျူကလီးယား ဘက်စုံသဘောတူညီချက်၏ အတွေ့အကြုံက သက်သေပြနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအချက်အနေဖြင့် လုံခြုံရေးကောင်စီ၏ လှုပ်ရှားမှုသည် တင်းမာသောအခြေအနေအား ပြေလျော့‌စေရန်၊ အရှေ့အလယ်ပိုင်းဒေသ ရေရှည်လုံခြုံအေးချမ်းမှုကို ကာကွယ်ထိန်းသိမ်းရန် ဖြစ်သင့်ပြီး သမာသမတ်ကျမှုကင်းမဲ့ခြင်း မဖြစ်သင့်သလို ဒဏ်ခတ်အရေးယူ ဖိအားပေးခြင်း၊ တစ်သီးပုဂ္ဂလနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်အတွက် ဝန်ဆောင်မှုပေးသည့် ကိရိယာလည်း မဖြစ်သင့်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့် ဘက်အသီးသီးက ယုံကြည်မှုတည်ဆောက်ရန်၊ ကွဲလွဲမှုများကို ရင်ကြားစေ့ရန် ကူညီပေးပြီး ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ရန်အတွက် အကျိုးရှိသောအခြေအနေ ဖန်တီးပေးသင့်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် လုံခြုံရေးကောင်စီ၌ နိုင်ငံရေးကြိုးကိုင်မှု လုပ်ဆောင်ခြင်းကို ရပ်တန့်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖုချုံးက အီရန်နျူကလီးယားအရေးအား သင့်လျော်စွာဖြေရှင်းခြင်းသည် နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေးစနစ်၏ ဩဇာရှိမှု၊ ထိရောက်မှုနှင့် သက်ဆိုင်နေပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှုအတွက် အလွန်အရေးကြီးကြောင်း၊ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက်တွင် ပါဝင်သူအနေဖြင့် တရုတ်နိုင်ငံသည် တရားမျှတ၍ ဓမ္မဓိဋ္ဌာန်ကျသော ရပ်တည်ချက်ကို ဆက်လက်အရင်းခံကာ ဘက်အသီးသီးနှင့်အတူ ချိတ်ဆက်ညှိနှိုင်းပြီး စုပေါင်းအင်အားများ စုစည်းကာ တရားမျှတမှုကို လက်ကိုင်ထား၍ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်မှု၊ အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှုလုပ်ငန်းစဉ် တွန်းအားပေးမှုအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
中国代表:美国是伊核危机的始作俑者
新华社联合国3月12日电 中国常驻联合国代表傅聪12日在安理会伊朗制裁委员会通报会上发言时表示,美国作为伊核危机的始作俑者,其所作所为违反国际法以及联合国宪章宗旨原则,中方予以强烈谴责。
傅聪说,作为安理会成员,中方愿就当前伊核形势及其未来出路强调以下几点。
第一,武力不是解决国际争端的正确方式,伊朗国家主权、安全和领土完整应该得到尊重。美国和以色列应立即停止军事行动,不得攻击接受国际原子能机构保障监督的伊朗核设施,避免紧张事态进一步升级,防止战事蔓延至整个中东地区。
第二,伊核问题最终还是要回到政治外交解决轨道。是美国单方面退出伊核全面协议,引发伊核危机,也是美国置自身信誉于不顾,与以色列两度在与伊朗谈判进程中悍然对伊动武,导致外交努力付诸东流。美国作为伊核危机的始作俑者,其所作所为违反国际法以及联合国宪章宗旨原则,中方予以强烈谴责。
第三,要坚持公道正义,切实保障伊朗作为《不扩散核武器条约》缔约国享有的和平利用核能权利。根据国际原子能机构报告及机构总干事表态,没有证据表明伊朗计划制造核武器。全面协议的经验证明,通过对伊朗实施全面、严格保障监督,完全能够确保伊朗核项目和平属性。
第四,安理会行动的出发点应是缓和紧张局势、维护中东地区长治久安,不能有失公允,更不能成为制裁施压、服务个别国家政治议程的工具。安理会应协助各方建立信任、弥合分歧,为重启谈判创造有利条件。有关国家应停止在安理会搞政治操弄。
傅聪表示,伊核问题的妥善解决事关国际防扩散体系权威性和有效性,对中东地区和平稳定至关重要。作为安理会常任理事国和伊核问题全面协议参与方,中方将继续秉持客观公正立场,同各方加强沟通协调,凝聚合力,主持公道,为恢复中东地区和平、推进伊核问题政治解决进程发挥建设性作用。(完)
图说:3月7日,人们在美国纽约参加集会游行,抗议美国和以色列对伊朗发动军事打击。 新华社记者 张凤国 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.