Africa & Middle East
အမေရိကန်-အစ္စရေး စစ်ရေးလှုပ်ရှားမှုက အရှေ့အလယ်ပိုင်းတစ်ခုလုံး၏ တည်ငြိမ်မှုကို ဖျက်ဆီးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ဗလာဒီဗော့စတော့ခ် (ရုရှား)၊ မတ် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်-အစ္စရေး စစ်ရေးလှုပ်ရှားမှုက အရှေ့အလယ်ပိုင်းတစ်ခုလုံး၏ တည်ငြိမ်မှုကို ဖျက်ဆီးခဲ့ပြီး ဒေသတွင်းတစ်ခုလုံးအပေါ် ကပ်ဘေးသဖွယ် အကျိုးဆက်များ သယ်ဆောင်ပေးမည်ဖြစ်ရာ မဖြစ်မနေ ချက်ချင်း ရပ်တန့်ရန်၊ သံတမန်ရေးအရ ဖြေရှင်းနည်းလမ်း ရှာဖွေရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မတ် ၁၂ ရက် ပုံမှန်သတင်းစာရှင်းလင်ပွဲတွင် ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေသည် အလွန်ဆိုးရွားနေပြီး အာရပ်နိုင်ငံအများအပြားသည်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးများကို ကြုံတွေ့နေရကြောင်း Zakharova က ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်-အစ္စရေး စစ်ရေးလှုပ်ရှားမှုကြောင့် အီရန်အရပ်သား တစ်ထောင်ကျော် သေဆုံးခဲ့ရပြီး Minab မြို့ရှိ မိန်းကလေးမူလတန်းကျောင်းစသည့် အရပ်ဘက်သုံးပစ်မှတ်များကို ရုန့်ရင်းကြမ်းတမ်းစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ပြည်တွင်းရှိ အရပ်ဘက်သုံးအခြေခံအဆောက်အအုံများနှင့် သမိုင်းဝင်နေရာများ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်။
တီဟီရန်နှင့် အနီးနားရှိ လောင်စာဆီသိုလှောင်သည့်အဆောက်အအုံကို မတ် ၇ ရက်က တိုက်ခိုက်ခဲ့ရာ အန္တရာယ်ရှိသော အရာဝတ္ထုများစွာ လေထုထဲသို့ လွှင့်ထုတ်ခဲ့သောကြောင့် တီဟီရန်မြို့တွင် အဆိပ်ရှိသော အက်ဆစ်မိုးများ ရွာသွန်းစေကာ သန်းပေါင်းများစွာသော မြို့နေပြည်သူများကို အဆိပ်ရှိသော ပတ်ဝန်းကျင်တွင် နေထိုင်စေခဲ့ကြောင်း၊ ဤ အန္တရာယ်ရှိသော အရာဝတ္ထုများသည် လေ၊ ရေ၊ အစားအစာ၊ အပင်နှင့် တိရစ္ဆာန်များအပေါ် ရေရှည်ဆိုးကျိုးများနှင့် ဖျက်ဆီးမှုအသွင် အကျိုးဆက်များ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း Zakharova က တစ်ချိန်တည်မှာပင် ပြောကြားခဲ့သည်။ (Xinhua)


………………………..
(Chinese Version)
俄外交部:美以军事行动破坏了整个中东的稳定
新华社符拉迪沃斯托克3月13日电(记者孙萍)俄罗斯外交部发言人扎哈罗娃12日在例行记者会上表示,美以军事行动破坏了整个中东的稳定,将给整个地区带来灾难性后果,必须立即停止,寻求外交解决方案。
据俄外交部网站消息,扎哈罗娃说,伊朗人道主义状况极其严峻,而多个阿拉伯国家也在经历人道主义灾难。美以的军事行动已造成逾千名伊朗平民丧生,伊朗米纳卜市女子小学等民用目标遭野蛮轰炸,伊朗境内的民用基础设施和历史古迹遭袭击破坏。
扎哈罗娃同时说,德黑兰及附近的燃料储存设施7日遭袭,大量有害物质被释放到大气中,导致德黑兰降下有毒酸雨,数百万城市居民暴露在有毒环境中。这些有害物质将对空气、水、食物、植物和动物带来长期负面影响和破坏性后果。(完)
图说:3月12日,在伊朗首都德黑兰,市民站在建筑废墟前。新华社记者 沙达提 摄
