Asia
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က ကမ္ဘာကြီးအတွက် တည်ငြိမ်မှုကို ဖြည့်တင်းပေးခဲ့သည်ဟု နိုင်ငံအများအပြားမှ လူပုဂ္ဂိုလ်များ ယူဆ
ဘာကူ၊ မတ် ၁၄ ရက် (ဆင်ဟွာ)
၁၃ ကြိမ်မြောက် ဘာကူ ကမ္ဘာလုံးဆိုင်ရာဖိုရမ်က “တရုတ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မတ် ၁၃ ရက်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံအများအပြားမှ လူပုဂ္ဂိုလ်များက တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာကြီးအတွက် တည်ငြိမ်မှုကို ဖြည့်တင်းပေးသည်ဟု ယူဆကြသည်။ ၁၃ ကြိမ်မြောက် ဘာကူ ကမ္ဘာလုံးဆိုင်ရာဖိုရမ်ကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူတွင် မတ် ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး “အသွင်ကူးပြောင်းမှုအတွင်း ကမ္ဘာကြီး၏ ကွဲလွဲမှုများ ရင်ကြားစေ့ပေးခြင်း” ခေါင်းစဉ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များကို အလေးထား ဆွေးနွေးခဲ့ကြသည်။ (Xinhua)

အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူတွင် ၁၃ ကြိမ်မြောက် ဘာကူ ကမ္ဘာလုံးဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က ကျင်းပစဉ် (ဓာတ်ပုံ- AZERTAC news agency/Handout via Xinhua)

…………………………
(Chinese Version)
多国人士认为全球治理倡议为世界注入稳定性
新华社照片,巴库,2026年3月14日
图说1:3月13日,在阿塞拜疆首都巴库,与会人士参加第十三届巴库全球论坛“中国与全球治理倡议”主题研讨。 新华社记者 陈俊锋 摄
图说2:3月12日,第十三届巴库全球论坛开幕式在阿塞拜疆首都巴库举行。新华社/阿新社
第十三届巴库全球论坛3月13日举行“中国与全球治理倡议”主题研讨。与会多国人士认为,中国提出的全球治理倡议为变乱交织的世界注入稳定性。第十三届巴库全球论坛本月12日至14日在阿塞拜疆首都巴库举行,聚焦全球安全、多边主义、数字治理、可持续发展等议题,主题为“在转型中的世界弥合分歧”。
