Connect with us

Africa & Middle East

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အီရန်ထံ ပံ့ပိုးပေးသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား တီဟီရန်၌ ကျင်းပ

အီရန်နိုင်ငံ မြို့တော်တီဟီရန်၌ ပျက်စီးနေသော အဆောက်အဦရှေ့တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကယ်ဆယ်ရေးဝန်ထမ်းများကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အီရန် လခြမ်းနီအသင်းထံ ပံ့ပိုးပေးသည့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို မတ် ၁၅ ရက်က အီရန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ကျင်းပခဲ့သည်။ အဆိုပါအကူအညီကို အီရန်နိုင်ငံ Shajarah Tayyebeh မူလတန်းကျောင်း၌ သေဆုံးခဲ့သော ဆရာမနှင့် ကျောင်းသူများ၏ မိသားစုဝင်များကို အားပေးနှစ်သိမ့်ရန်နှင့် ထောက်ပံ့ပေးရန် သီးသန့်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် အီရန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချုံဖေဝူက တရုတ်နိုင်ငံအနေဖြင့် အရပ်သားပြည်သူနှင့် စစ်ရေးမဟုတ်သော ပစ်မှတ်များအပေါ် ခွဲခြားမှုမရှိ တိုက်ခိုက်သည့် လုပ်ရပ်အားလုံးကို ပြစ်တင်ရှုတ်ချကြောင်း၊ စာသင်ကျောင်းကိုတိုက်ခိုက်ခြင်း၊ ကလေးငယ်များ ထိခိုက်စေခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား ဆိုးရွားစွာ ချိုးဖောက်နေသလို လူသားမျိုးနွယ် ကိုယ်ကျင့်တရားနှင့် အမှန်အမှား ခွဲခြားနိုင်မှု၏ နောက်ဆုံးစည်းမျဉ်းကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အီရန်ပြည်သူများက အခက်အခဲကိုကျော်ဖြတ်ရန် ဆက်လက် ထောက်ခံပေးသွားလိုကြောင်း၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ၏ စစ်မှန်ရိုးသားသောမိတ်ဆွေနှင့် မဟာဗျူဟာမြောက်မိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) အား အတူတကွ လက်တွေ့ကျင့်သုံးပြီး အရှေ့အလယ်ပိုင်းဒေသ စည်းစနစ်ပြန်လည်ဖော်ဆောင်ရန်၊ ပြည်သူများ ပြန်လည်တည်ငြိမ်အေးချမ်းစေရန်၊ ကမ္ဘာကြီး ပြန်လည်ငြိမ်းချမ်းစေရန် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခမ်းအနားတွင် အီရန် လခြမ်းနီအသင်း နိုင်ငံတကာရေးရာ ဒုတိယဥက္ကဋ္ဌ Razieh Alishavandi က တရုတ်နိုင်ငံအနေဖြင့် အီရန်ဘက် အခက်အခဲရှိချိန်တွင် ကူညီသောလက် ကမ်းလင့်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ တာဝန်ယူမှုရှိသော နိုင်ငံကြီးပုံရိပ်နှင့် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ဖေးမကူညီသည့် နက်ရှိုင်းသောသံယောဇဉ်ကို အပြည့်အဝထင်ဟပ်စေသည်ကို ဖော်ပြနေကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အပေါ် အကြီးစား စစ်ရေးလှုပ်ရှားမှု စတင်သည့် ပထမဆုံးနေ့တွင် အီရန်နိုင်ငံ တောင်ပိုင်း Hormozgan ပြည်နယ် Minab မြို့ရှိ Shajarah Tayyebeh မူလတန်းကျောင်း တိုက်ခိုက်မှုခံရကာ လူ ၁၆၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုမှာ အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ်များဖြစ်ကြောင်းသိရသည်။ (Xinhua)

——————-
(Chinese Version)
中国红十字会向伊朗提供紧急人道主义援助交接仪式在德黑兰举行
新华社德黑兰3月15日电(记者沙达提)中国红十字会向伊朗红新月会提供20万美元紧急人道主义援助交接仪式15日在中国驻伊朗大使馆举行。这笔援助专门用于慰问和抚恤伊朗沙贾雷·塔耶贝小学遇难师生家属。
中国驻伊朗大使丛培武在交接仪式上表示,中方谴责一切无差别袭击平民和非军事目标的行为,袭击学校、伤害儿童更是严重违背国际人道法,突破人类道德良知底线。中方愿继续支持伊朗人民渡过难关。作为中东国家的真诚朋友和战略伙伴,中方愿同中东国家一起践行全球安全倡议,还中东以秩序,还人民以安宁,还世界以和平。
伊朗红新月会国际事务副主席阿利什万迪在仪式上感谢中方在伊方困难时刻施以援手,表示这充分彰显了中方负责任大国形象和两国人民守望相助的深厚情谊。
2月28日,美国和以色列对伊朗发起大规模军事行动首日,伊朗南部霍尔木兹甘省米纳卜市沙贾雷·塔耶贝小学遭袭,至少165人遇难,大多是10岁左右的小女孩。(完)
图说:3月12日,在伊朗首都德黑兰,救援人员在受损建筑前工作。新华社记者 沙达提 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.