Connect with us

Europe

ဟော်မုဇ်ရေလက်ကြား ရေကြောင်းကာကွယ်ရေးတွင် ပါဝင်ရန် မလိုအပ်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ပြောကြား 

ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံရ၍ မီးလောင်ကျွမ်းနေသည့် ထိုင်းကုန်တင်သင်္ဘောအား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Royal Thai Navy/Handout via Xinhua)
ဘာလင်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ၏ ရေကြောင်းစောင့်ရှောက်ရေးလှုပ်ရှားမှုကို ဟော်မုဇ်ရေလက်ကြားအထိ တိုးချဲ့နိုင်သည် ဆိုသည့်အပေါ်  သံသယရှိကြောင်း၊ ၎င်းတွင် ဂျာမနီ ပါဝင်ရန် မလိုအပ်ဟု ယူဆကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Johann Wadephul က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
Johann Wadephul က ယင်းနေ့ ဂျာမနီ Das Erste ရုပ်သံဌာန၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် လုံခြုံရေးအာမခံချက်ကို အဆင့်မြှင့်တင်ရန် ဥရောပသမဂ္ဂ၏ “Shield” ရေကြောင်း ကာကွယ်ရေး လှုပ်ရှားမှု အတိုင်းအတာကို ဟော်မုဇ်ရေလက်ကြားအထိ တိုးချဲ့နိုင်ခြေရှိခြင်းအပေါ် ၎င်းအနေဖြင့် အလွန် သံသယရှိကြောင်း၊ မူလက ပင်လယ်နီ စသည့် ပင်လယ်ပြင်တွင် ဖြန့်ကြက်ထားသည့် ယင်းလှုပ်ရှားမှုသည် ယနေ့တိုင် လုံလောက်သည့် ထိရောက်မှု မရှိကြောင်း ပြောကြားခဲ့သည်။
စစ်ရေးပဋိပက္ခကို အရင်းအမြစ်က ဖြေရှင်းပြီးမှသာလျှင် လုံခြုံရေးက အာမခံချက်ရနိုင်မည် ဖြစ်ကြောင်း Johann Wadephul က ပြောကြားခဲ့သည်။ ပင်လယ်ရေကြောင်းလုံခြုံရေး ကာကွယ်ထိန်းသိမ်းမှုနှင့်စပ်လျဉ်း၍ ဥရောပအနေဖြင့် အစဉ်အမြဲ အပြုသဘောဆောင်သည့် ထောက်ခံအားပေးမှုပေးခဲ့ကြောင်း၊ “ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အရေးတကြီးလိုအပ်မှုကို မတွေ့မြင်ရသလို ဒီထဲမှာ ဂျာမနီ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း မယူဆဘူး” ဟု ၎င်းက ဆိုသည်။
ဂျာမနီအနေဖြင့် အမေရိကန်နှင့် အစ္စရေးကို သတင်းအချက်အလက်မျှဝေမှု ထားရှိရန်၊ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတွင် မည်သည့်အသေးစိတ်ပစ်မှတ်များ ထားရှိထားသေးသည်အား ရှင်းလင်းစွာ ပြောပြရန်၊ ထို့နောက် ဤစစ်ပွဲကို မည်သို့ အဆုံးသတ်မည်ကို မိမိတို့အတူဆွေးနွေးရန် တောင်းဆိုထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးက အကြီးစားစစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်ခဲ့ရာ အီရန်က အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ စစ်အခြေစိုက်စခန်း စသည့် ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ စစ်ပွဲ၏ သက်ရောက်မှုကြောင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်း သယ်ယူပို့ဆောင်မှုများသည် လုံးဝပြတ်တောက်လုနီးပါး ဖြစ်ခဲ့သည်။
ဟော်မုဇ်ရေလက်ကြား “ရေကြောင်းကာကွယ်ရေး မဟာမိတ်” ဟူသည်ကို ဖွဲ့စည်းကြောင်း အမေရိကန်အစိုးရက မကြာမီရက်ပိုင်းတွင် ကြေညာရန် စီစဉ်ထားကြောင်း အမေရိကန် Wall Street Journal ၏ မတ် ၁၅ ရက် သတင်းများအရ သိရသည်။
အမေရိကန်ဘက်မှ အခြေအနေသိရှိသူ အရာရှိတစ်ဦးက အချို့နိုင်ငံများက ထို ရေနံပို့ဆောင်ရေး နိုင်ငံတကာ ပင်လယ်ရေကြောင်းလမ်းကို ဖြတ်သန်းသွားသည့် သင်္ဘောများအား အကာအကွယ်ပေးရန် သဘောတူညီကြကြောင်း၊ သို့သော် ရေကြောင်းကာကွယ်ရေး လှုပ်ရှားမှုမှာ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား အပစ်အခတ် မရပ်စဲမီ စတင်မည်လောဆိုသည်ကိုမူ ဆွေးနွေးနေဆဲဖြစ်ကြောင်း ဆိုသည်။
ထိုသတင်းအပေါ်  မှတ်ချက်ပေးရန် အိမ်ဖြူတော်က ငြင်းဆိုထားကြောင်း၊ “ရေကြောင်းကာကွယ်ရေး မဟာမိတ်” ကြေညာမည့်အချိန်မှာ စစ်ပွဲအခြေအနေကြောင့် ပြောင်းလဲနိုင်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး မတိုင်မီပင် ရေကြောင်းကာကွယ်ရေး၌ ပါဝင်မည့်အပေါ်  ယင်း၏ အန္တရာယ်များကို ထည့်သွင်းစဉ်းစားကာ နိုင်ငံအများအပြားက စောင့်ကြည့်နေသည့်အနေအထားတွင် ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ထိုနေ့တွင်ပင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက အမေရိကန် မီဒီယာ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် အချို့နိုင်ငံများက အီရန်နှင့် ထိတွေ့ဆက်ဆံပြီးဖြစ်ရာ ၎င်းနိုင်ငံများ၏ ရေယာဉ်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ လုံခြုံဘေးကင်းစွာ ဖြတ်သန်းသွားရန် မျှော်လင့်ကြကြောင်း ပြောကြားခဲ့သည်။ အီရန်အနေဖြင့် ယင်းနိုင်ငံများနှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒရှိကြောင်းနှင့် အီရန်စစ်တပ်က နောက်ဆုံး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
德国外长:没必要参与霍尔木兹海峡护航
  新华社柏林3月15日电(记者张毅荣 李超)德国外交部长瓦德富尔15日对欧盟护航行动可能扩大至霍尔木兹海峡表达怀疑,认为德国没必要参与其中。
  瓦德富尔当天接受德国电视一台采访时表示,对于欧盟“盾牌”护航行动范围可能扩大至霍尔木兹海峡以提升安全保障,他“高度怀疑”,这项原本部署在红海等海域的行动迄今“不够有效”。
  瓦德富尔说,只有当军事冲突“从根本上得到解决”时,安全才能得到保障。涉及维护海上航道安全,欧洲始终提供建设性支持,“但我既未看到迫切的必要性,更不认为德国有必要参与其中”。
  他补充说,德方要求美国和以色列保持信息共享,明确告知对伊朗军事行动还有哪些具体目标,“然后与我们共同探讨如何结束这场战争”。
  美国和以色列2月28日对伊朗发起大规模军事行动,伊朗对以色列以及美国在中东地区的军事基地等目标发起还击。受战事影响,霍尔木兹海峡航运几乎完全中断。
  据美国《华尔街日报》15日独家报道,美国政府打算近日宣布组建所谓霍尔木兹海峡“护航联盟”。美方知情官员称,一些国家同意为通行这一国际石油海运关键航道的船只提供护航。不过,护航行动是否在美以与伊朗停火前就开始,仍在讨论中。
  这篇报道说,白宫拒绝就此消息置评,“护航联盟”宣布时间可能因战场形势而变化。对于在停火前就参与护航,考虑到个中风险,许多国家持保留态度。
同一天,伊朗外交部长阿拉格齐接受美国媒体采访时说,一些国家已同伊朗接触,希望本国船只能够安全通过霍尔木兹海峡。他说,伊朗愿意与这些国家谈判,最终决定将由伊朗军方作出。(完)
1. 这张泰国海军3月11日发布的照片显示,一艘泰国货船在霍尔木兹海峡海域遭袭起火。新华社发(泰国海军供图)