North America
ဟော်မုဇ်ရေလက်ကြား ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မှု သေချာစေရေး နေတိုးမဟာမိတ်များ ကူညီဆောင်ရွက်ရန် ထရမ့် ဖိအားပေး
ဝါရှင်တန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
နေတိုး (NATO) အဖွဲ့ မဟာမိတ်များအနေဖြင့် ဟော်မုဇ်ရေလက်ကြား အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မှုကို အမေရိကန်အား ကူညီလုပ်ဆောင်ပေးခြင်းမရှိပါက နေတိုးအဖွဲ့သည် “အလွန်ဆိုးရွားသည့်” အနာဂတ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထရမ့်က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် မတ် ၁၅ ရက်တွင် ဗြိတိန် The Financial Times ၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ဖြေကြားရာ၌ ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်၏ ဟော်မုဇ်ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှုအပိုင်းနှင့်စပ်လျဉ်းသည့် လှုပ်ရှားမှုများတွင် ပါဝင်ရန် ထပ်မံဖိအားပေး တောင်းဆိုခဲ့ကြောင်း အဆိုပါသတင်းစာ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။
ဥရောပသည် ဟော်မုဇ်ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှု၏ အဓိကအကျိုးခံစားရသူဖြစ်ကြောင်း၊ “အဲဒီနေရာမှာ ဘယ်လိုမတော်တဆမှ မဖြစ်ပွားအောင် ကူညီပေးသင့်” ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ မဟာမိတ်များအနေဖြင့် အမေရိကန်ဘက်၏ တောင်းဆိုမှုကို “တုံ့ပြန်မှုမရှိခြင်း” သို့မဟုတ် “အနုတ်လက္ခဏာဆောင်တဲ့တုံ့ပြန်မှု” လုပ်ဆောင်မည်ဆိုပါက “ဒါက နေတိုးအဖွဲ့ရဲ့ အနာဂတ်အတွက် အလွန့်အလွန်အကျိုးမရှိဘူးလို့ ကျွန်တော်ထင်တယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်သည် ထိုမတိုင်မီ ယူကရိန်းအရေးကိစ္စ၌ နေတိုးအဖွဲ့ထံ ကူညီမှုပေးအပ်ခဲ့ကြောင်း၊ ယခုအခါ “သူတို့က ကျွန်တော်တို့ကို ကူညီပေး၊ မပေးကို ကြည့်ရတော့မယ်” ဟုလည်း ထရမ့်ကပြောကြားခဲ့သည်။ အမေရိကန်သည် မဟာမိတ်ထံ ထောက်ပံ့မှုပေးသော်လည်း မဟာမိတ်က အမေရိကန် လိုအပ်ချိန်တွင် ကူညီပေးလိမ့်မည်မှာ မသေချာသည့်အတွက် နေတိုးအဖွဲ့သည် “တစ်လမ်းမောင်း” ဖြစ်သည်ကို အစောကပင် ပြောဖူးကြောင်းလည်း ၎င်းကဆိုသည်။
ဗြိတိန်အကြောင်းနှင့်စပ်လျဉ်း၍ ထရမ့်က ဗြိတိန်သည် အမေရိကန်၏ “ထိပ်တန်းမဟာမိတ်” နှင့် “ပူးပေါင်းဆောင်ရွက်မှု အကြာရှည်ဆုံး မဟာမိတ်” ဖြစ်သည်ဟု အစဉ်အမြဲရှုမြင်ခံရကြောင်း၊ သို့သော် အမေရိကန်က တောင်းဆိုချက် တောင်းဆိုချိန်တွင်မူ ဗြိတိန်က “မလာချင်” ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် အီရန်၏ ရေနံတင်ပို့မှု အချက်အချာ Kharg ကျွန်းအပေါ် တိုက်ခိုက်မှုအသစ် လုပ်ဆောင်ရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း၊ ထို့ပြင် အီရန် ရေနံ အခြေခံအဆောက်အဦများအပေါ် ဦးတည်၍ တစ်ဆင့်တိုး လှုပ်ရှားမှု လုပ်ဆောင်နိုင်ခြေရှိကြောင်းလည်း ထရမ့်က သတိပေးပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
特朗普施压北约盟友协助确保霍尔木兹海峡畅通
新华社伦敦3月15日电(记者赵家淞)美国总统特朗普15日表示,若北约盟友不采取行动协助美国使霍尔木兹海峡保持畅通,北约将面临“非常糟糕”的未来。
据英国《金融时报》15日报道,特朗普当天接受电话采访时再次施压欧洲国家,要求其加入美国在霍尔木兹海峡通航方面的行动。特朗普称,欧洲是霍尔木兹海峡通航的重要受益方,“理应帮助确保那里不会发生任何不测”。如果盟友对美方要求“没有回应”或“回应消极”,“我认为这对北约的未来将极为不利”。
特朗普还称,美国此前在乌克兰问题上向北约提供帮助,如今“要看看他们是否会帮助我们”。他还称,早就说过北约是“一条单行道”,即美国向盟友提供支持,但盟友未必会在美国需要时出手相助。
谈及英国时,特朗普称,英国常被视为美国“头号盟友”和“合作最久的盟友”,但当美方提出要求时,英方“不愿前来”。
特朗普还警告称,美国已准备好对伊朗石油出口枢纽哈尔克岛发动新的打击,并可能进一步针对伊朗石油基础设施采取行动。(完)
图说:1月21日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会发表演讲。 新华社记者 连漪 摄
