Europe
အသစ်တစ်ကြိမ် ယူကရိန်း-အမေရိကန်-ရုရှား တွေ့ဆုံဆွေးနွေးမှုကို မည်သည့်အချိန်မှ ကျင်းပမည်မသိဟု ဇယ်လန်းစကီး ဆို
ကိဗ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးက လက်ရှိအနေဖြင့် နောက်ဆုတ်ထားသည့် ယူကရိန်း-အမေရိကန်-ရုရှား တွေ့ဆုံဆွေးနွေးမှုကို မည်သည့်အချိန်မှ ကျင်းပမည်အား မသိရှိသေးကြောင်း မတ် ၁၄ ရက်က ပြောကြားခဲ့သည်ဟု Ukrinform သတင်းအေဂျင်စီ၏ မတ် ၁၅ ရက် သတင်းအရ သိရသည်။
အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခြင်းကြောင့် မူလက အမေရိကန်တွင် ကျင်းပရန် စီစဉ်ထားသည့် အသစ်တစ်ကြိမ် ယူကရိန်း-အမေရိကန်-ရုရှား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို လာမည့်သီတင်းပတ်အထိ နောက်ဆုတ်ရန် အမေရိကန်က အဆိုပြုခဲ့ကြောင်း၊ လက်ရှိတွင် ရက်စွဲအတိအကျနှင့် အကြံပြုချက် မရှိသေးကြောင်း၊ ယူကရိန်းဘက်အနေဖြင့် အမေရိကန်ဘက်၏ ပြန်လည်ဖြေကြားမှုကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် အမေရိကန်သို့ သွားရောက်၍ ဆွေးနွေးပွဲ တက်ရောက်လိုကြောင်း၊ သို့သော် ရုရှားဘက်က အမေရိကန်သို့သွားရောက်၍ ဆွေးနွေးညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးကြောင်း ၎င်းက ဆိုသည်။
ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က မတ် ၁၃ ရက်တွင် ရုရှားအနေဖြင့် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ဆက်လက်ကျင်းပရန် ဆန္ဒရှိကြောင်း၊ သို့သော် လက်ရှိတွင် အသစ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုအတွက် ရက်စွဲအချက်အလက် အတိအကျမရှိသေးကြောင်း ပြောကြားခဲ့သည်။
ရုရှားဘက်သည် ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ အမေရိကန်ဘက်နှင့် ထိတွေ့မှုများ လုပ်ဆောင်နေကြောင်း၊ အီရန်အခြေအနေကြောင့် အမေရိကန်က ယူကရိန်းအရေးကိစ္စအား ဖြေရှင်းရန် အာရုံစူးစိုက်မှုကို ပျံ့လွင့်သွားစေမည်ဟု ရုရှားက စိုးရိမ်ခြင်းမရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
ရုရှား-အမေရိကန်-ယူကရိန်း သုံးနိုင်ငံကိုယ်စားလှယ်များသည် ဇန်နဝါရီ ၂၃ ရက်မှ ဇန်နဝါရီ ၂၄ ရက် အထိလည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိလည်းကောင်း ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ဆွေးနွေးညှိနှိုင်းမှု နှစ်ကြိမ် လုပ်ဆောင်ခဲ့သည်။ တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည်။ (Xinhua)
——————
(Chinese Version)
泽连斯基:不知何时举行新一轮乌美俄三方会谈
新华社基辅3月15日电(记者李东旭)据乌克兰国家通讯社15日报道,乌克兰总统泽连斯基14日说,目前尚不清楚被推迟的乌美俄三方会谈何时重启。
泽连斯基表示,因对伊朗发动军事打击,美方提议将原定在美国举行的新一轮乌美俄三方会谈推迟至下周举行。目前尚无明确的日期和建议,乌方还在等待美方的回复。
他说,乌方愿前往美国参会,但俄方尚未做好前往美国会谈的准备。
俄罗斯总统新闻秘书佩斯科夫13日表示,俄罗斯希望继续就乌克兰问题举行俄美乌三方会谈,但目前还没有新一轮会谈具体日期的消息。他说,俄方正与美方就乌克兰问题进行接触,俄方并不担心伊朗局势会分散美国处理乌克兰问题的注意力。
1月23日至24日、2月4日至5日,俄美乌三方代表在阿联酋阿布扎比举行两轮会谈。第三轮会谈于2月17日至18日在瑞士日内瓦举行。(完)
图说:2月14日,在德国慕尼黑,乌克兰总统泽连斯基在慕尼黑安全会议上发表讲话。新华社记者李颖摄
