Connect with us

Africa & Middle East

အစ္စရေးက “မဖြစ်မနေလိုအပ်သော လုံခြုံရေး ကန့်သတ်ချက်” ဖြင့် ရာဖာနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ရန် စီစဉ်

ရာဖာနယ်စပ်ဂိတ်၏ အီဂျစ်နိုင်ငံဘက်ခြမ်းတွင် ရပ်နားထားသော လူနာတင်ယာဉ်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဂါဇာဒေသ ရာဖာနယ်စပ်ဂိတ်ကို မတ် ၁၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး “အကန့်အသတ်ဖြင့်” လူပုဂ္ဂိုလ်များ နှစ်ဖက်ဖြတ်သန်းသွားလာမှုကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာမှု ကိစ္စရပ်များ တာဝန်ယူရသည့် အဖွဲ့အစည်းက မတ် ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

“နယ်မြေပိုင်နက်အတွင်း အစိုးရလှုပ်ရှားမှု ညှိနှိုင်းရေးရုံး” ဟု အမည်ရသည့်အဖွဲ့အစည်းက အစ္စရေးဘက်အနေဖြင့် လုံခြုံရေးအရ သုံးသပ်အကဲဖြတ်မှုနှင့် ပြန်လည် လည်ပတ်ရန် အခြေအနေများအား စိစစ်ပြီးနောက် ရာဖာနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အဆိုပါနယ်စပ်ဂိတ်အပေါ် “မဖြစ်မနေ လိုအပ်သော လုံခြုံရေး ကန့်သတ်ချက်” အား ထားရှိဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယ်စပ်ဂိတ်တွင် ဖြတ်သန်းသွားလာမှု စည်းမျဉ်းစည်းကမ်းကိုမူ နယ်စပ်ဂိတ်မပိတ်ခင် ယန္တရားအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်များက ဂါဇာကမ်းမြောင်ဒေသဝင်ထွက်ရာတွင် အီဂျစ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး အစ္စရေးဘက်၏ ခွင့်ပြုမှုကို ကြိုတင်ရယူရမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က နယ်စပ်ဂိတ်လည်ပတ်မှုကို ကြီးကြပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အစ္စရေးဘက်က နယ်စပ်ဂိတ်မှဖြတ်သန်းသွားလာသူများကို “တစ်ဆင့်တိုးစိစစ်မှုနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုမှု လုပ်ငန်းစဉ်” လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ရာဖာနယ်စပ်ဂိတ်သည် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းနှင့် အီဂျစ်နိုင်ငံ ထိစပ်ရာနေရာတွင် တည်ရှိပြီး ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် များစွာအရေးကြီးသည်။ ၂၀၂၄ ခုနှစ် မေလတွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းဘက်အခြမ်းအား ထိန်းသိမ်းပြီးသည်မှစ၍ ရာဖာနယ်စပ်ဂိတ်သည် အခြေခံအားဖြင့် ပိတ်ထားသည့်အခြေအနေတွင်ရှိသည်။ ရာဖာနယ်စပ်ဂိတ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် တရားဝင်ပြန်လည်စတင်ဖွင့်လှစ်ခဲ့ပြီး လူပုဂ္ဂိုလ်အရေအတွက် အကန့်အသတ်ဖြင့် နှစ်ဖက်သွားလာခွင့်ပြုခဲ့သည်။ အစ္စရေးနှင့် အမေရိကန်က ပူးတွဲ၍ အီရန်အပေါ် အကြီးစား စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့သည့် ပထမနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးဘက်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ရာဖာနယ်စပ်ဂိတ်ကို ပိတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

——————
(Chinese Version)
以色列拟重开拉法口岸 维持“必要安全限制”
新华社耶路撒冷3月15日电(记者庞昕熠 冯国芮)以色列国防部负责协调对巴勒斯坦加沙地带人道援助事宜的机构15日发表声明说,加沙地带拉法口岸将于18日起重新开放,允许“有限”人员双向通行。
这一名为“领土内政府活动协调办公室”的机构称,以方经安全评估和审查恢复运营条件,决定重开拉法口岸,与此同时,仍将对这一口岸维持“必要安全限制”。
声明还说,口岸通行规则将参照关闭前的机制,人员经口岸出入加沙地带需与埃及协调,并需事先获得以方批准,欧盟代表团将监督口岸运行。此外,以方还将对通过口岸的人员实施“进一步的筛查和身份识别程序”。
拉法口岸位于加沙地带南部与埃及交界处,对加沙地带人道主义援助至关重要。自2024年5月以军控制巴方一侧以来,拉法口岸基本处于关闭状态。拉法口岸于今年2月2日正式重新开放,供数量有限的人员双向通行。以色列与美国2月28日联手对伊朗发起大规模军事行动首日,以方以安全为由关闭拉法口岸。(完)
图说:2月2日,救护车停在拉法口岸埃及一侧。新华社发