Asia
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအား အတင်းအဓမ္မဝင်ရောက်သူ အချက်အလက်များကို ဂျပန်ရဲတပ်ဖွဲ့ ထုတ်ပြန်
တိုကျို၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ဂျပန်ရဲတပ်ဖွဲ့သည် မတ် ၂၄ ရက်ညပိုင်းမှစ၍ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအား အတင်းအဓမ္မဝင်ရောက်သူ၏ အချက်အလက် စသည့် အမှုအခြေအနေအသေးစိတ်အား ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း၊ အတင်းအဓမ္မ ဝင်ရောက်သူသည် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှဖြစ်သည်ဟု ဂျပန်မီဒီယာများ၏ မတ် ၂၅ ရက် နံနက်ပိုင်း သတင်းဖော်ပြချက်အရ သိရသည်။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကလည်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုများကို ဘက်စုံပူးပေါင်းသွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
အဆိုပါ အတင်းအဓမ္မ ဝင်ရောက်သူ အမည်မှာ Kodai Murata ဖြစ်ပြီး အသက် ၂၃ နှစ်၊ ဒုတိယဗိုလ်ရာထူးဖြစ်ကာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ Miyazaki ခရိုင်အတွင်းရှိ အခြေစိုက်စခန်းမှဖြစ်ကြောင်း သိရသည်။
ဒေသစံတော်ချိန် မတ် ၂၄ ရက် နံနက် ၉ နာရီခန့်တွင် ၎င်းသည် ဓားကိုင်ဆောင်ကာ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ခြံဝန်းအတွင်းသို့ အတင်းအဓမ္မဝင်ရောက်ကာ ခြိမ်းခြောက်စကားများ ဆိုခဲ့ကြောင်း၊ သံရုံးသက်ဆိုင်ရာဝန်ထမ်းများက ၎င်းအားထိန်းသိမ်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် အဆောက်အဦအတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်မှုဖြင့် ၎င်းအား ဖမ်းဆီးခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကား၍ ဂျပန်မီဒီယာများက သတင်းဖော်ပြကြသည်။
အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် ဂျပန်ရဲတပ်ဖွဲ့က “ယင်းကိစ္စနှင့်စပ်လျဉ်း၍ များစွာဝမ်းနည်းမိကြောင်း” ၊ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအပေါ် ၂၄ နာရီ သတိပြုစောင့်ကြည့်မှု လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကလည်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုကို ဘက်စုံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖြစ်ရပ်မှန်အား စုံစမ်းစစ်ဆေးဖော်ထုတ်မှု အခြေခံပေါ်တွင် တင်းကျပ်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မတ် ၂၄ ရက် နံနက်ပိုင်းတွင် မိမိကိုယ်ကို “ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်” ဟု ခေါ်ဆိုသည့် မသမာသူသည် နံရံကျော်တက်၍ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်းသို့ အတင်းအဓမ္မဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ သံတမန်ဝန်ထမ်းများအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေဖြင့် အလေးအနက် အရေးဆိုမှုလုပ်ဆောင်ခဲ့ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း၊ ဂျပန်ဘက်အနေဖြင့် တာဝန်ယူမှုရှိသော ဖြေရှင်းချက်လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းအရသိရသည်။ (Xinhua)
——————
(Chinese Version)
日本警方披露强闯中国驻日使馆者身份信息
新华社东京3月25日电(记者李子越 陈泽安)据日媒25日凌晨报道,日本警方自24日晚陆续披露了强闯中国驻日本大使馆者的身份信息等更多案情细节,强闯者隶属于日本陆上自卫队。日本陆上自卫队回应表示,将全面配合警方调查。
据悉,该强闯者名为村田晃大,现年23岁,三等陆尉,隶属于陆上自卫队位于宫崎县的驻地。
日媒引述日本警方的说法报道说,当地时间24日9时左右,此人携刀具闯入中国驻日使馆院内,并发出恐吓言论。使馆相关人员将其控制后,警方以涉嫌非法侵入建筑物将其逮捕。
事件发生后,日本警方说“对此事深表遗憾”,并表示将对中国驻日使馆实施24小时警戒。日本陆上自卫队表示,将全面配合警方调查,并在查明事实基础上作出严肃处理。
据中国驻日本大使馆消息,24日上午,一名自称“日本自卫队人员”的不法之徒翻墙强行闯入中国驻日使馆,威胁杀害中国外交人员。中国驻日使馆提出严正交涉并表示强烈抗议,要求日方作出负责任的交代。(完)
图说:这是1月14日在日本东京拍摄的日本国会外景。新华社记者 杨智翔 摄
