Connect with us

North America

အီရန်ခေါင်းဆောင်အသစ် ရွေးချယ်မှုတွင် “မဖြစ်မနေ ကိုယ်တိုင်ပါဝင်မည်” ဟု ထရမ့် ဆို

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် အမှာစကားပြောကြားနေသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အီရန်၏ နောက်ထပ်ခေါင်းဆောင်အား ရွေးချယ်မှုတွင် “မဖြစ်မနေ ကိုယ်တိုင်ပါဝင်မည်” ဟု မတ် ၅ ရက်က ပြောကြားခဲ့ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။

ထရမ့်က ထိုနေ့တွင် အဆိုပါသတင်းဝက်ဘ်ဆိုက်၏ ဖုန်းဖြင့်မေးမြန်းမှုအား ဖြေကြားရာ၌ ၎င်းအနေဖြင့် အီရန်၏ ကွယ်လွန်သွားသော အဆင့်မြင့်ခေါင်းဆောင် ခါမေနီ၏ သားဖြစ်သူက အီရန်၏ ခေါင်းဆောင်အသစ်အဖြစ် ထမ်းဆောင်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း၊ “ရာထူးခန့်အပ်မှုမှာ ကျွန်တော်ကိုယ်တိုင် မဖြစ်မနေ ပါဝင်မယ်” ဟု ပြောကြားခဲ့သည်။
အီရန်တွင် “ခါမေနီ မူဝါဒအား လက်ဆင့်ကမ်းသည့်” ခေါင်းဆောင်အသစ်တစ်ဦး ပေါ်ထွက်လာမည်ဆိုပါက အမေရိကန်ကို “၅ နှစ်အတွင်း” စစ်ပွဲသို့ ပြန်လည်ဝင်ရောက်စေမည်ဟုလည်း ထရမ့်က သတိပေးပြောကြားခဲ့သည်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Majid Takht-Ravanchi က အမေရိကန်မီဒီယာ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ခါမေနီ တိုက်ခိုက်ခံမှုကြောင့် ကွယ်လွန်သွားပြီးနောက် အီရန်သည် နိုင်ငံရေးရာကိစ္စရပ်များကို တာဝန်ယူရန် လူသုံးဦးဖြင့် ဖွဲ့စည်းထားသော အဖွဲအစည်းအသစ်တစ်ခုကို ဖွဲ့စည်းထားပြီး ယင်းသည် အဆင့်မြင့်ခေါင်းဆောင်အသစ် ရွေးချယ်ပြီးသည်အထိဖြစ်မည်ဖြစ်ကြောင်း၊ ရွေးချယ်တင်မြောက်မှုသည် အီရန် ဖွဲ့စည်းပုံအခြေခံဥပေဒ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန် Tasnim သတင်းဌာန၏ မတ် ၅ ရက် သတင်းဖော်ပြချက်အရ သိရသည်။

ထို့ပြင် အီရန်အစိုးရသတင်းဌာန (IRNA) စသည့် မီဒီယာများ၏ မတ် ၄ ရက် သတင်းဖော်ပြချက်အရ အီရန်သည် အဆင့်မြင့်ဆုံးခေါင်းဆောင် ကိုယ်စားလှယ်လောင်းများအား အတည်ပြုပြီးဖြစ်ကာ ၎င်းတို့အနက်မှ အဆင့်မြင့်ဆုံးခေါင်းဆောင် ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
特朗普妄称“必须亲自参与”选定伊朗新领导人
新华社华盛顿3月5日电 据美国阿克西奥斯新闻网站5日报道,美国总统特朗普当天称,他“必须亲自参与”选定伊朗下一任领导人。
特朗普当天在接受该新闻网站电话采访时说,他不会接受伊朗已故最高领袖哈梅内伊的儿子担任伊朗新领导人。他表示,“我必须亲自参与任命”。
特朗普还警告说,如果伊朗产生一位“延续哈梅内伊政策”的新领导人,将迫使美国“在5年内”重返战争。
据伊朗塔斯尼姆通讯社5日报道,伊朗副外长拉万奇在接受美国媒体采访时说,哈梅内伊遇袭身亡后,伊朗已成立一个由三人组成的新机构负责国家事务,直至选出新任最高领袖。选举将遵循伊朗宪法程序。
另据伊朗伊斯兰共和国通讯社等多家媒体4日报道,伊朗已确定最高领袖的几位候选人,即将从中选出最高领袖。(完)
图说:1月22日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会上讲话。新华社记者 连漪 摄