Connect with us

International Organizations

တရုတ်နိုင်ငံက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် အခွင့်အလမ်းအသစ်များ ဆက်လက်ပံ့ပိုးပေးသွားမည်ဟု တရုတ်ကိုယ်စားလှယ် ပြောကြား

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံစုံနန်းတော်တွင် ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက် အစည်းအဝေးမြင်ကွင်းအား ၂၀၂၆ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၉ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက် အစည်းအဝေးတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို မတ် ၅ ရက်က ကျင်းပခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်လာသော တရုတ်ကိုယ်စားလှယ်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် လီရှောက်မေက တရုတ်နိုင်ငံ၏ အတွေးအခေါ်နှင့် ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အစဉ်အမြဲလိုပင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့တတ်စွမ်းသရွေ့ အစွမ်းကုန် အကျိုးထမ်းပိုးလျက်ရှိကြောင်း ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံသည် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေရှာဖွေခြင်းကို အဓိက ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အဖြစ် သတ်မှတ်ကာ အစီအမံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကျော်ကို စုစည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လူ့အခွင့်အရေးကောင်စီတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ ဖွံ့ဖြိုးတိုးတက်မှုဖြင့် လူ့အခွင့်အရေး မြှင့်တင်ခြင်း စသည့် ဆုံးဖြတ်ချက်များကို အဓိကအဆိုပြုခြင်းဖြင့် ဘက်အသီးသီး၏ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုအတွက် စွမ်းအင်အသစ်များ ဖြည့်တင်းပေးခဲ့ကြောင်း၊ လူ့အခွင့်အရေး အတွေးအခေါ်နှင့် လက်တွေ့ကျင့်သုံးမှုကို တက်ကြွစွာ မျှဝေကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူရည်ချွန် လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် ပလက်ဖောင်းအသစ် ထူထောင်ပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီး နှစ်ရပ်သည် လက်ရှိကျင်းပနေဆဲဖြစ်ပြီး တရုတ်နိုင်ငံ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလ၏ အဓိက ရည်မှန်းချက်များ၊ အညွှန်းကိန်းများနှင့် အရေးပါသောမဟာဗျူဟာမြောက် လုပ်ငန်းတာဝန်များကို ကြေညာခဲ့ကြောင်း လီရှောက်မေက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် အခွင့်အလမ်းအသစ်များ ဆက်လက်ပံ့ပိုးပေးသွားရန်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စီးပွားရေး၊ လှုမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးစသည့် လူ့အခွင့်အရေးအသီးသီး ပိုမိုကောင်းမွန်ကို အကောင်အထည်ဖော်ရန်၊ မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ နောက်ကျမကျန်ခဲ့စေရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
中国代表:中国将继续以高质量发展为全球南方提供新机遇
新华社日内瓦3月8日电 联合国人权理事会第61届会议5日举行可持续发展与经社文权利主题研讨会。中国出席联合国人权理事会第61届会议代表团副团长李笑梅出席并阐述中方理念主张。
李笑梅指出,中国一直尽己所能为全球发展贡献力量。中国提出的全球发展倡议,将发展筹资作为重点合作领域,倡议已动员230多亿美元资金支持全球南方发展振兴。中国在人权理事会主提经社文权利、发展促人权等决议,为各方互利合作注入新动能;积极分享人权理念和实践,为发展中国家人才培训和能力建设搭建新平台。
李笑梅表示,2026年全国两会正在进行,中国“十五五”时期主要目标指标、重大战略任务公布。中方愿继续以高质量发展为全球南方提供新机遇,更好实现发展权、经社文权利等各项人权,不让任何一人掉队。(完)
图说:这是3月2日在瑞士日内瓦万国宫拍摄的联合国人权理事会第61届会议现场。新华社记者 王露 摄