Connect with us

Asia

တရုတ်နိုင်ငံသံရုံးသို့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် အတင်းအဓမ္မ ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ ဂျပန်အစိုးရအနေဖြင့် တောင်းပန်သင့်ကြောင်း ဂျပန်မီဒီယာ ဖော်ပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အဦ ပြင်ပမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဓားကိုင်ဆောင်၍ တရုတ်သံရုံးသို့ အတင်းအဓမ္မဝင်ရောက်ခြင်းသည် ဆိုးရွားသောကိစ္စရပ်ဖြစ်ရာ ဂျပန်အစိုးရအနေဖြင့် အတိအလင်းတောင်းပန်၍ ဖြစ်စဉ်အကြောင်းရင်းကို သေချာစုံစမ်းစစ်ဆေးသင့်သည်ဟု ဂျပန် Hokkaido Shimbun သည် ဧပြီ ၁ ရက်တွင် “တရုတ်သံရုံးအား အတင်းအဓမ္မ ဝင်ရောက်ခြင်းဖြစ်ရပ်ကို ပေါ့ပေါ့တန်တန် မရှုမြင်ဘဲ တောင်းပန်ကာ စုံစမ်းစစ်ဆေးသင့်” ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အယ်ဒီတာ့အာဘော်တွင် ထောက်ပြထားသည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဂျပန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသို့ အတင်းအဓမ္မ ဝင်ရောက်ခြင်းအတွက် ဂျပန်အစိုးရက တရုတ်ဘက်ထံသို့ တောင်းပန်ခြင်းမရှိခဲ့ပေ။ ယင်းသည် ဆိုးရွားသော ကိစ္စရပ်တစ်ခုဖြစ်သည်။ တရားဥပဒေအား လိုက်နာသင့်သည့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က နိုင်ငံတကာ ကွန်ဗင်းရှင်းပါ သံရုံးအဆောက်အဦများအား ကျူးကျော်ခြင်းမပြုရ ဟူသည်နှင့် စပ်လျဉ်းသော သတ်မှတ်ချက်ကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ဂျပန်အစိုးရအနေဖြင့် ၎င်းကို တစ်ဦးတည်းလုပ်ရပ်ဟု ရှုမြင်၍ လျစ်လျူရှုခြင်းမပြုသင့်ဘဲ အတိအလင်းတောင်းပန်ကာ ဖြစ်စဉ်အကြောင်းရင်းကို သေချာစုံစမ်းစစ်ဆေးသင့်သည်။
ထိုကဲ့သို့ အလားတူဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းကို ကာကွယ်တားဆီးရန်အတွက် ဂျပန်အနေဖြင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ပညာပေးသင်ကြားခြင်း အပါအဝင် အစီအမံများကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။
သံတမန်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းအရ သံတမန်ရေးရာအခြေစိုက်ရန် လက်ခံထားသည့် နိုင်ငံအနေဖြင့် သံရုံးအဆောက်အဦများတွင် ကျူးကျော်ခံရခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးရန်အတွက် သင့်လျော်သည့်အစီအမံအားလုံး လုပ်ဆောင်ရန် တာဝန်ရှိသည်။ သို့သော် ဂျပန်အစိုးရက တုံ့ပြန်မှုနှေးကွေးခြင်းသည် စာချုပ်ပါဝင်ချုပ်ဆိုသော နိုင်ငံ၏ ရိုးသားစေတနာရှိမှုကို ဖော်ပြနိုင်ခြင်းမရှိပေ။ ယင်းသည် ဂျပန်၏ နိုင်ငံတကာဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်ပေသည်။ တစ်ချိန်တည်းတွင် သံရုံး၏ ရဲရေးရာလုံခြုံရေးစနစ်သည်လည်း သံသယဝင်ခြင်းခံရပေသည်။ (Xinhua)

——————
(Chinese Version)
全球瞭望|日媒:日本政府应就自卫队员强闯中国使馆事件道歉
新华社东京4月1日电(记者陈泽安 李子越)日本《北海道新闻》4月1日刊发题为《不能轻视闯入中国大使馆这一事件,应道歉并查证》的社论指出,日本自卫队员携刀强闯中国大使馆是严重事件,日本政府应明确道歉并详细调查原委。文章摘要如下:
一名自卫队员强行闯入中国驻日本大使馆,日本政府一直未向中方道歉。这是一起严重事件,理应遵守法律的自卫队员违反了国际公约有关使馆馆舍不得侵犯的规定。日本政府不能将其视为个人行为而轻视,应明确道歉,并详细调查原委。
日本必须尽快采取措施防止此类事件再次发生,包括加强对自卫队员的教育。
根据《维也纳外交关系公约》,接受国有责任采取一切适当措施保护使馆馆舍免受侵入或损害。但日本政府反应迟缓,难言作为缔约国的诚意,这可能损害日本的国际信誉。同时,对使馆的警卫体制也受到质疑。(完)
图说:这是2月8日在日本东京拍摄的国会外景。新华社记者 贾浩成 摄