Connect with us

China

ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နှင့် ဧပြီ ၅ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့သည်။

ဆာဂေး လက်ဗ်ရော့ဗ်က ရုရှားနိုင်ငံအနေဖြင့် လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေ အရှိန်ဆက်တိုက်မြင့်တက်နေမှုအား အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား အရေးကိစ္စနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ မဖြစ်မနေ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးနှင့် သံတမန်ရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန်၊ ပဋိပက္ခဖြစ်ပွားသည့် အရင်းအမြစ်ကို ဖြေရှင်းရန် အဆိုပြုကြောင်း၊ ထို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကာ အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရေးကို တွန်းအားပေးသောအသံအတွက် ဆက်လက် ပိုမို အားထုတ်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြရာ အမှား၊ အမှန်ဟူသော အရေးကြီးကိစ္စရပ်များတွင် တရားမျှတမှုကို ဖော်ပြသင့်ပြီး ဓမ္မဓိဋ္ဌာန်ကျ၍ မျှတသည့် ချဉ်းကပ်မှုကို လုပ်ဆောင်သင့်သလို နိုင်ငံတကာအသိုက်အဝန်း၏ နားလည်မှုနှင့် အားပေးထောက်ခံမှုကို ရရှိရန် ကြိုးပမ်းသင့်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တရုတ်နိုင်ငံက အစဉ်အမြဲ အဆိုပြုခဲ့ကြောင်း၊ လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေသည် ဆိုးရွားနေဆဲဖြစ်ပြီး စစ်ပွဲအရှိန်မှာလည်း မြင့်တက်နေဆဲဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေးပြဿနာ အရင်းအမြစ်ကို ဖြေရှင်းရန်မှာ အမြန်ဆုံး အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရေးပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ အရေးကြီးကိစ္စရပ်များတွင် အချိန်မီဆွေးနွေးရန်၊ အခြေအနေပြေလျော့စေရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေးနှင့် ကမ္ဘာ့ ဘုံလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
王毅同俄罗斯外长拉夫罗夫通电话
新华社北京4月5日电 中共中央政治局委员、外交部长王毅5日应约同俄罗斯外长拉夫罗夫通电话,就当前中东形势交换意见。
拉夫罗夫表示,俄方对中东形势持续升级高度关切。关于当前战事和霍尔木兹海峡问题,俄方主张必须立即停止军事行动,回归政治和外交轨道,解决冲突产生的根源。联合国安理会应为此发挥建设性作用。俄方愿同中方密切沟通协调,继续为推动停火止战发声出力。
王毅表示,中俄作为联合国安理会常任理事国,应在大是大非问题上体现公道,采取客观平衡做法,并争取国际社会更多理解和支持。中方始终主张通过对话谈判政治解决国际和地区热点问题。当前,中东局势仍在恶化、战事还在升级。解决霍尔木兹海峡通航问题的根本是尽快停火止战。中方愿同俄方在联合国安理会继续合作,在重大问题上及时沟通,为局势降温以及维护地区和平稳定和世界共同安全做出努力。(完)
1. 2025年2月20日,中共中央政治局委员、外交部长王毅在南非约翰内斯堡出席二十国集团外长会期间会见俄罗斯外长拉夫罗夫。 新华社记者 张誉东 摄