Connect with us

Europe

ဗြိတိန်နိုင်ငံသို့လာရောက်သော ထရမ့်၏ နိုင်ငံတော်အဆင့် ခရီးစဥ်အား လန်ဒန်မြို့လယ်၌ လူပေါင်း ထောင်ချီဆန္ဒပြ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် ဗြိတိန်သို့ နိုင်ငံတော်အဆင့်ခရီးစဥ်ထွက်ခွာရန် မရိန်း-၁ ရဟတ်ယာဥ်ပေါ်သို့တက်နေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တော်ဝင်မိသားစု၏ ဝင်ဆာရဲတိုက်တွင် ရောက်ရှိနေစဥ် ဗြိတိန်နိုင်ငံသို့လာရောက်သည့် ၎င်း၏ဒုတိယအကြိမ်မြောက် နိုင်ငံတော်အဆင့်ခရီးစဥ်အား ကန့်ကွက်ဆန့်ကျင်သောအားဖြင့် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက လန်ဒန်မြို့လယ်၌ လူပေါင်းထောင်ချီ စုရုံး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများက လူဝင်မှုကြီးကြပ်ရေး၊ ဂါဇာအရေးကိစ္စ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာများနှင့် ပတ်သက်၍ အမေရိကန်၏ မူဝါဒများကို ဝေဖန်ထားသော စာတန်းများကို ကိုင်ဆောင်ကာ ပို့တ်လန်း နန်းတော်မှ လွှတ်တော်ရင်ပြင်အထိ တံပိုးခရာများ၊ ဒရမ်များတီးမှုတ်ပြီး သံပြိုင်အော်ဟစ်ကာ ချီတက် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသူတစ်ဦးဖြစ်သော အာမန်ဒါက ၎င်းအနေဖြင့် ဆန္ဒပြရန်ကိစ္စသက်သက်သာ လော့စ်အိန်ဂျလိစ်မှ လန်ဒန်သို့ ခရီးထွက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“လက်ရှိအချိန်မှာ အရာရာတိုင်းက အရမ်းရှုပ်ထွေးနေတယ်လို့ ကျွန်မထင်တယ်။ ကျွန်မတို့မှာ ခေါင်းဆောင်မှုကောင်းမရှိဘူး။ ကမ္ဘာကြီးနဲ့ အမေရိကန်ယူထားတဲ့ လမ်းကြောင်းကို ကျွန်မ အလွန် စိုးရိမ်နေပါတယ်” ဟု အာမန်ဒါက ပြောကြားခဲ့သည်။
ထရမ့်၏ခရီးစဥ်အတွင်း ဗြိတိန်နှင့် အမေရိကန်နိုင်ငံအကြား AI ၊ ကွမ်တမ်တွက်ချက်ခြင်းနှင့် နျူကလီးယားကဲ့သို့ သော လျင်မြန်စွာတိုးတက်လာသောနယ်ပယ်များတွင် ဒေါ်လာဘီလီယံချီသော နည်းပညာဆိုင်ရာသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ ဟတ်ဖို့ဒ်ရှိုင်းယားရှိ ဝဲလ်သမ်ခရော့စ်အရပ်တွင် Google က အချက်အလက်ဌာနတစ်ခုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက စက်တင်ဘာ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
ဟတ်ဖို့ဒ်ရှိုင်းယားရှိ ဟစ်ချင်းမြို့၌ နေထိုင်သော ဖီးလစ်သရယ်ဖောလ်က အဆိုပါအချက်အလက်ဌာန တစ်ခု တည်ဆောက်ခြင်းအား ရှောင်လွဲ၍မရကြောင်း၊ သို့သော် ၎င်းတို့က လူတိုင်းအတွက် မကောင်းသောအရာတစ်ခုသာ ဖြစ်လာမည်ဖြစ်ကြောင်း၊ စွမ်းအားကိုစား၊ ရွှံ့နွံမြေများကို အသုံးချပြီး အရင်ကအမှားများကို ထပ်ခါထပ်ခါ လုပ်ဆောင်နေရုံသာဖြစ်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၇ ရက်က ဆန္ဒပြပွဲသို့ လာရောက်ခဲ့သူပေါင်း ၅,၀၀၀ အထိ ရှိနိုင်ကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က ခန့်မှန်းပြောကြားခဲ့သည်။ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က အကြီးဆုံး ဆန္ဒပြပွဲကြီးအတွက် ရဲတပ်ဖွဲ့ဝင် ၁,၆၀၀ ကျော်ကို ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း၊ ဆန္ဒပြပွဲအား ဒေသစံတော်ချိန် ည ၇ နာရီတွင် ပြီးဆုံးရန် လိုအပ်ကြောင်း စက်တင်ဘာ ၁၆ ရက်ကတည်းက သတိပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ” ထရမ့်အစိုးရ ရပ်တန့်ရေး” အဖွဲ့က ဦးဆောင်စည်းရုံးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့သည် ဝင်ဆာတွင်နေထိုင်သူများနှင့် ဗြိတိန်၏ အခြားဒေသများမှ လူပေါင်း ၁၀၀ နီးပါးကို ဦးဆောင်ကာ ဗြိတိန်သို့ ထရမ့်မရောက်လာခင် စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက ဝင်ဆာ၌ ဆန္ဒပြပွဲ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ဘက်ကင်ဟမ်နန်းတော်၏ ထုတ်ပြန်မှုအရ ထရမ့်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာတို့သည် ထရမ့်ခရီးစဥ်၏ နောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာ ၁၈ ရက်၌ နှစ်ဦးနှစ်ဖက်ပါဝင်သော တွေ့ဆုံမှု တစ်ခုအား ဝန်ကြီးချုပ်နေထိုင်ရာ ချက်ကွာစ်၌ ပြုလုပ်ရန်စီစဥ်ထားကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Thousands protest in central London against Trump’s state visit in Britain
LONDON, Sept. 17 (Xinhua) — Thousands of demonstrators marched through central London on Wednesday afternoon to protest against U.S. President Donald Trump’s second state visit to Britain, as Trump was being feted at Windsor Castle by the royal family.
Protesters waved placards criticizing U.S. policies on immigration, Gaza and climate change, marching to the sound of trumpets and drums from Portland Place to Parliament Square.
U.S. citizen Amanda said that she traveled to London from Los Angeles just for the protest. “I think everything is just very messed up right now. We don’t have good leadership and I’m very worried for the direction that the United States is taking and the world,” she said.
The British government said Tuesday that Britain and the United States agreed on a multi-billion-dollar tech deal during Trump’s visit to boost fast-growing fields such as AI, quantum computing and nuclear, noting that Google will open a data center in Waltham Cross, Hertfordshire.
Philip Threlfall, a resident from Hitchin, a town in Hertfordshire, told Xinhua that building such a center is “inevitable,” but “they are gonna be a bad thing for everybody, just gonna eat power, eat up wetland and produce the same old rubbish multi-times over.”
Metropolitan Police said Wednesday that they estimated up to 5,000 people were in attendance. They also announced Tuesday that more than 1,600 officers would be deployed for the large demonstration and warned the event must conclude by 7 p.m. local time.

The demonstration was organized by the “Stop Trump Coalition” group, who also led a protest in Windsor on Tuesday evening with nearly 100 residents from Windsor and other parts of Britain gathering before Trump’s arrival.
According to Buckingham Palace, Trump and British Prime Minister Keir Starmer are scheduled to hold a bilateral meeting on Thursday, the last day of his visit, at Chequers, the prime minister’s country residence. ■
Photo:
U.S. President Donald Trump boards Marine One at the White House upon departure for a state visit to the UK, in Washington, D.C., the United States, on Sept. 16, 2025. (Xinhua/Hu Yousong)