Connect with us

International Organizations

တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းရှိမည်ဟု IMF ခန့်မှန်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ တရုတ် (ရှန်ဟိုင်း) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှုကို ၅ ရာခိုင်နှုန်းရှိမည်ဟု နောက်ဆုံးထွက်ရှိထားသော ကမ္ဘာ့စီးပွားရေးခန့်မှန်းချက် (WEO) တွင် ဇူလိုင် ၁၆ ရက်၌ ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ဧပြီလက ၄.၆ ရာခိုင်နှုန်းဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပြင်ဆင်ချက်သည် ပထမသုံးလပတ်ကာလအတွင်း ပုဂ္ဂလိကသုံးစွဲမှုနှင့် ပို့ကုန်ကဏ္ဍတွင် ပြန်လည်အားကောင်းလာမှုကို အဓိကအထောက်အကူပြုကြောင်း ကမ္ဘာ့စီးပွားရေးခန့်မှန်းချက်အရ သိရသည်။

IMF က ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၃.၂ ရာခိုင်နှုန်းရှိမည်ဟု ဖော်ပြခဲ့ပြီး အာရှဒေသ၏ ထွန်းသစ်စနိုင်ငံများက ကမ္ဘာ့စီးပွားရေးကို အဓိက‌မောင်းနှင်အားအဖြစ် ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားသည်။ (Xinhua)


……………………………………..
(English Version)
IMF raises China’s 2024 economic growth forecast to 5 pct
WASHINGTON, July 16 (Xinhua) — The International Monetary Fund (IMF) on Tuesday revised China’s 2024 economic growth up to 5 percent in an update to its World Economic Outlook (WEO), from the 4.6-percent forecast in April.
The revision is primarily attributed to a rebound in private consumption and strong exports in the first quarter, according to the update.
The IMF maintained its forecast for global growth in 2024 at 3.2 percent, noting that Asia’s emerging market economies remain the main engine for the global economy.
Photo 1: This panoramic aerial photo taken on Jan. 10, 2023 shows a view of Lujiazui area in the China (Shanghai) Pilot Free Trade Zone in east China’s Shanghai. (Xinhua/Fang Zhe)