Connect with us

Europe

တရုတ်နိုင်ငံ သိပ္ပံနည်းပညာကဏ္ဍထုတ်ကုန်များ ဆားဘီးယားနိုင်ငံ “TESLA FEST 2025” ပြပွဲတွင် ပါဝင်ပြသ

ဘဲဂရိတ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ဆားဘီးယားနိုင်ငံ၏ ၃၉ ကြိမ်မြောက် ဆန်းသစ်တီထွင်မှု၊အသိပညာနှင့်ဖန်တီးမှုဆိုင်ရာ”TESLA FEST 2025″ နိုင်ငံတကာပွဲတော်ကို နိုဗီဆတ်မြို့တွင် အောက်တိုဘာ ၁၂ ရက်က ပြုလုပ်ခဲ့ရာ ပြပွဲအတွင်း တရုတ်နိုင်ငံမှ ထုတ်ကုန်များ ပါဝင်ပြသခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ပြုလုပ်သည့် အဆိုပါပြပွဲကို Vojvodina တီထွင်သူများအသင်းက ထောက်ပံ့ပေးပြီး ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့က ခွင့်ပြုချက်ပေးခဲ့ကြောင်းသိရသည်။ ပြပွဲတွင် ရိုမေးနီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံအများအပြားမှ ပြခန်းဖွင့်လှစ်သူများပါဝင်ကြောင်းသိရသည်။
“ ကျွန်တော်တို့ ဒီပြပွဲကို တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဆေးရုံများနှင့် လူငယ်တီထွင်သူများ၏ ဆန်းသစ်တီထွင်မှုများအပါအဝင် စီမံကိန်း၂၈ ခုယူဆောင်လာပါတယ် ” ဟု တရုတ်နိုင်ငံ တီထွင်သူများအသင်း(CAI) ၏ ဒုတိယ ဥက္ကဋ္ဌ He Zhenfu ကပြောကြားခဲ့သည်။
CAI သည် နှစ်စဥ် နိုင်ငံတကာတီထွင်မှုပြပွဲပေါင်း ၂၀ကျော်တွင် ပါဝင်ပြသလျက်ရှိပြီး ယခုနှစ်တွင် ဥရောပ အလယ်ပိုင်းနှင့်အရှေ့ပိုင်း၌ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် သီးခြားအာရုံစိုက် လုပ်ဆောင်လျက်ရှိကြောင်း “ဆားဘီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် အဆိုပါလုပ်ဆောင်မှုနှင့်ပတ်သက်၍ လိုက်ဖက်ညီကြောင်း” ၎င်းက ပြောကြားခဲ့သည်။
ပေကျင်း Gene Key Life နည်းပညာကုမ္ပဏီလီမိတက် တည်ထောင်သူနှင့်စီအီးအို Feng Jikai က ၎င်း၏ကုမ္ပဏီသည် ပုံမှန်မဟုတ်သော မူလအသည်းကာဆီနိုဂျင်ဆဲလ် ကုသမှုအတွက် “GKL-006 ” ထိုးဆေး တင်ဆက်ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။
“ ဆားဘီးယားနိုင်ငံကို ဥရောပစျေးကွက်တံခါးပေါက်အဖြစ်ယူဆောင်ကာ တရုတ်နည်းပညာကို ကမ္ဘာတစ်ဝန်း မြှင့်တင်နိုင်ဖို့ ကျွန်တော်တို့ရည်ရွယ်ပါတယ်၊ တရုတ်နိုင်ငံ၏ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် ကမ္ဘာ့ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူပြုလျက်ရှိပါတယ်” ဟု Feng က ပြောဆိုခဲ့သည်။
Vojvodina တီထွင်သူများအသင်း ဥက္ကဋ္ဌ Andjelko Glavasevic က လွန်ခဲ့သောနှစ်ပေါင်း ၃၀ မှ ၄၀ အတွင်း တရုတ်နိုင်ငံ၏နည်းပညာဖွံဖြိုးတိုးတက်မှုကို အနီးကပ်လိုက်ပါလေ့လာခဲ့ပြီး တရုတ်တီထွင်ဆန်းသစ်မှုများအပေါ် အကောင်းမြင်မှုရှိကြောင်း ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့သည်။
“ယနေ့အချိန်တွင် တရုတ်နည်းပညာထုတ်ကုန်များသည် ဆီးဘီးယားနေ့စဥ်လူမှုဘဝ ဘက်စုံထောင့်စုံတွင် ခိုင်ခိုင်မာမာ နီးကပ်စွာတည်ရှိနေကြောင်း” ၎င်းကပြောကြားခဲ့သည်။ “ အနာဂတ် နယ်ပယ်တွင် ပိုမိုပူးပေါင်းလုပ်ဆောင်ရန်စောင့်မျှော်နေပါတယ်”ဟု ထပ်မံပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China’s science, technology sector participates in Serbia “TESLA FEST 2025”
BELGRADE, Oct. 13 (Xinhua) — The opening ceremony of Serbia’s 39th International Festival of Innovation, Knowledge, and Creativity, “TESLA FEST 2025,” was held in Novi Sad on Sunday, featuring Chinese products during the event.
Running from Oct. 12 to 15, the event is sponsored by the Association of Inventors of Vojvodina and licensed by the World Intellectual Property Organization. It includes exhibitors from countries such as Romania and China.
“We brought 28 projects to this exhibition, including innovations from universities and research institutes, enterprises, hospitals, and even young inventors,” said He Zhenfu, vice chairman of the China Association of Inventions (CAI).
The CAI participates in over 20 international invention exhibitions annually, with a particular focus this year on expanding cooperation in Central and Eastern Europe, he said. “The Serbian and Chinese sides are highly complementary in this regard.”
Feng Jikai, founder and CEO of Beijing Gene Key Life Technology Co., Ltd., told Xinhua that his company presented the “GKL-006 injection,” a treatment for irregular primary liver cell carcinoma.
“Taking Serbia as a gateway to the European market, we aim to promote Chinese technology globally, contributing to the health of people worldwide through Chinese innovation,” said Feng.
Andjelko Glavasevic, president of the Association of Inventors of Vojvodina, shared with Xinhua that he has been closely following China’s technological development for the past 30 to 40 years and holds a very positive impression of Chinese innovations.
“Today, Chinese tech products are embedded in nearly every aspect of daily life in Serbia,” he noted, adding that he “looks forward to further collaboration with China in this field in the future.”