Connect with us

International Organizations

ပေါင်ခြံဒဏ်ရာကြောင့် အက်သလက်တစ်ကလပ်အသင်းခေါင်းဆောင် အင်နာကီ ဝီလီယမ်စ် အနားယူရမည်

မက်ဒရစ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဂါနာလက်ရွေးစင် တိုက်စစ်မှူး အင်နာကီ ဝီလီယမ်စ် ပေါင်ခြံဒဏ်ရာ ရရှိသွားကြောင်း အက်သလက်တစ်ကလပ်အသင်းက အတည်ပြုခဲ့သဖြင့် ချန်ပီယံလိဂ်တွင် ကာရာဘတ်အသင်းကို အောက်တိုဘာ ၂၂ ရက်ညက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့မှုမှာ အနိုင်ချည်းသက်သက်မဟုတ်ဘဲ ကလပ်အသင်းအတွက် ဆုံးရှုံးမှုလည်း ရှိခဲ့သည်။
၁-၀ ဂိုးဖြင့် အက်သလက်တစ်အသင်း ရှုံးနိမ့်နေချိန်တွင် ဝီလီယမ်စ်က ၃၈ မိနစ်၌ ကွင်းမှ ထွက်ခွာခဲ့ရပြီး အဲလက်စ် ဘာရန်ဂွါးက အစားထိုးဝင်ကစားခဲ့သည်။ ဝီလီယမ်စ်၏ ညီငယ် နီကို၏ နေရာ၌ ဝင်ကစားခဲ့သော ရောဘတ် နာဗာရိုနှင့် ဂေါ်ကာ ဂုရူဇီတာတို့၏ ဂိုးများက အက်သလက်တစ်အသင်းအတွက် ယခုနှစ်ရာသီ၏ ပထမဆုံး ချန်ပီယံလိဂ်အောင်ပွဲကို ရရှိစေခဲ့သည်။

“အသင်းခေါင်းဆောင် အင်နာကီ ဝီလီယမ်စ်ဟာ အောက်တိုဘာ ၂၂ ရက် ချန်ပီယံလိဂ်ပွဲစဉ်ပထမပိုင်းအတွင်း ညာဘက်ခြေထောက် ကြွက်သားဒဏ်ရာ ရသွားလို့ ထွက်ခွာခဲ့ရပါတယ်။ နံပါတ် ၉ ကစားသမားဖြစ်တဲ့ ဝီလီယမ်စ်ရဲ့ ပြန်လည်နာလန်ထူမှုအဆင့် မကြာမီစတင်လာတော့မှာပါ။ ဒဏ်ရာသက်သာမှုအခြေအနေ တိုးတက်မှုကို အနီးကပ် စောင့်ကြည့်သွားမှာပါ” ဟု အက်သလက်တစ် ဝက်ဘ်ဆိုက်၌ အသိပေးဖော်ပြခဲ့သည်။

ကလပ်အသင်းက ဝီလီယမ်စ်၏ ပြန်လည်ကစားနိုင်မည့် အချိန်ကို မဖော်ပြခဲ့သော်လည်း အားကစားသတင်းစာ Diario AS က ဝီလီယမ်စ်သည် သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အထိ အနားယူရမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ဝီလီယမ်စ်သည် ဂီတာဖေးနှင့် အိမ်ကွင်း၌ကစားရမည့် လာမည့်လာလီဂါပွဲစဉ်၊ ရီးရဲလ်ဆိုစီဒက်နှင့် အဝေးကွင်း၌ ကစားရမည့် ပထမဆုံး Basque ဒါဘီပွဲစဉ်နှင့် နယူးကာဆယ်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားရမည့် အက်သလက်တစ်အသင်း၏ ချန်ပီယံလိဂ်ပွဲစဉ်တို့ကို လွဲချော်ရတော့မည်ဖြစ်သည်။

တိုက်စစ်မှူး အင်နာကီ ဝီလီယမ်စ်သည် ယခုလအစောပိုင်းကမှ ဂါနာအသင်း၏ လူစာရင်းမှ နုတ်ထွက်ရစေခဲ့သည့် ပေါင်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အက်သလက်တစ်အသင်း၏ ဒဏ်ရာရကစားသမားစာရင်း၌ ကာလရှည်အနားယူနေရသည့် ဘီနတ်ပရာဒို့စ်၊ အီဂီလပ်ဇ်တို့နှင့်အတူ ပါဝင်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………..
(English Version)
Groin injury sidelines Athletic Club captain Inaki Williams
MADRID, Oct. 23 (Xinhua) — Athletic Club’s 3-1 win over Qarabag in the Champions League on Wednesday night has come at a price with the club confirming that Ghana international forward Inaki Williams suffered a groin injury.
Williams was forced off the field in the 38th minute when Athletic trailed 1-0, and was replaced by Alex Berenguer. Goals from Gorka Guruzeta and Robert Navarro, who came on for Williams’ younger brother Nico, secured Athletic’s first Champions League win of the campaign.
“The captain was brought off during the first half of Wednesday’s Champions League fixture after suffering an injury to the adductor muscles in his right leg.”
“The No. 9 will begin his recovery process shortly and his progress will be closely monitored,” informed the Athletic website.
Though the club did not provide a timeline for Williams’s return, sports paper Diario AS estimates he will be sidelined for two to three weeks. This means he will miss the upcoming La Liga game at home against Getafe, the first Basque derby away to Real Sociedad, and Athletic’s Champions League match against Newcastle United.
The forward had just returned from a thigh injury that forced him to withdraw from the Ghana squad earlier this month. He joins long-term absentees Benat Prados and Eguiluz on Athletic’s injury list. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.