Asia
တရုတ်နှင့် အမေရိကန် ကွာလာလမ်ပူမြို့တွင် ကုန်သွယ်စီးပွားကဏ္ဍ စတင်ဆွေးနွေး
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်များသည် အောက်တိုဘာ ၂၅ ရက် နံနက်တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးပွဲ စတင်ကျင်းပခဲ့သည်။
ယခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများအတွင်း ရရှိခဲ့သော အရေးပါသောသဘောတူညီမှုနှင့်အညီ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် အရေးပါသော ကိစ္စရပ်များအပေါ် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၃ ရက်က ကြေညာချက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ဦးဆောင်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China, U.S. start economic, trade talks in Kuala Lumpur
KUALA LUMPUR, Oct. 25 (Xinhua) — The Chinese and U.S. delegations convened on Saturday morning for talks on economic and trade issues.
The two sides will hold consultations on important issues in China-U.S. economic and trade ties in accordance with the important consensus reached by the heads of state of the two countries during their phone calls this year, a spokesperson for China’s Ministry of Commerce said in a statement on Thursday.
The Chinese delegation is led by Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee.
Photo : This photo taken on Oct. 25, 2025 shows Merdeka 118, the venue for the China-U.S. economic and trade talks, in Kuala Lumpur, Malaysia. (Xinhua/Zhu Wei)
