Connect with us

International Organizations

တရုတ်နိုင်ငံအသင်းက အာရှလူငယ်အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ရှစ်ဆုရရှိကာ ဦးဆောင်လျက်ရှိ

ဘာရိန်းနိုင်ငံ Sakhir မြို့ရှိ Exhibition World Bahrain ၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က တွေ့ရစဥ် (ဓာတ်ပုံ - Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

မနာမာ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲများ၏ အလေးမ၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်နှင့် ကမ်းခြေဘော်လီဘောပြိုင်ပွဲများတွင် တရုတ်နိုင်ငံအသင်းက ရွှေတံဆိပ်ဆု ရှစ်ဆုရရှိထားပြီး ဆုတံဆိပ်ရရှိမှုတွင် ထိပ်ဆုံးက ဆက်လက်ရပ်တည်လျက်ရှိကြောင်းသိရသည်။
တရုတ်အလေးမအားကစားသမားများဖြစ်သည့် Jiang Jinfu ၊ Chen Xunfa နှင့် Wu Jihong တို့သည် ထင်ရှားသည့်စွမ်းဆောင်မှုများ ထုတ်ဖော်ပြသခဲ့ကြသည်။ အမျိုးသား ၅၆ ကီလိုတန်းတွင် Jiang သည် clean and jerk နည်းစနစ်ဖြင့် ကမ္ဘာ့လူငယ်စံချိန်ကိုမှီခဲ့သလို အာရှလူငယ်စံချိန်သစ်တစ်ခုတင်နိုင်ခဲ့သည်။ Chen က အမျိုးသား ၆၀ ကီလိုတန်းတွင် အာရှလူငယ်စံချိန်သစ်နှင့်ပြိုင်ပွဲစံချိန်သစ်များတင်နိုင်ခဲ့ပြီး Wu က အမျိုးသမီး ၄၄ ကီလိုတန်းတွင် ရွှေတံဆိပ်ရရှိခဲ့သည်။
တိုက်ကွမ်ဒိုပြိုင်ပွဲများတွင်လည်း တရုတ်နိုင်ငံက ‌ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်ငါးခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခဲ့သည်။ “ကျွန်တော်တို့ရဲ့အားကစားသမားအများစုက နိုင်ငံတကာပြိုင်ပွဲတွေ ပထမဆုံးအကြိမ် ဝင်ရောက်ယှဥ်ပြိုင်ကြတာပါ၊ သူတို့အပြည့်အဝအားထုတ်ခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသခဲ့ကြတယ်” ဟု နည်းပြဖြစ်သူ Shen Cheng ကပြောကြားခဲ့သည်။
အမျိုးသမီးကမ်းခြေဘော်လီဘောပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ Fan Yuhan နှင့် Zhuang Ming နှစ်ယောက်တွဲ က တစ်ဖက်အသင်းနှင့် အပြန်အလှန်ယှဥ်ပြိုင်ကစားကာ ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။ အဖွင့်ပွဲတွင် အမှားများ ကြောင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယပွဲတွင်မူ ပြန်လည်အနိုင်ရှိခဲ့သည်။ အဆုံးအဖြတ်ပွဲကစားရာတွင် ချန်ပီယံအမှတ်လေးမှတ်ကို ကာကွယ်ခဲ့ပြီး ခြောက်မှတ်ဆက်တိုက်ရယူကာ ၎င်းတို့နှစ်ဦးက ပြိုင်ပွဲကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
“အဆုံးအဖြတ်ပွဲမှာ ကျွန်မတို့ အနည်းငယ်တုံ့ဆိုင်းခဲ့တယ်၊ အနိုင်ရချင်စိတ်ကြောင့် ရှုံးမှာကိုကြောက်နေတာ ”ဟု Fan က ပြိုင်ပွဲအပြီးပြောခဲ့သည်။ “နောက်ဆုတ်ဖို့လမ်းလည်းမရှိတော့ ကျွန်မတို့ ပြိုင်ဘက်တွေရဲ့စိတ်မရှည်မှုကို အသုံးချကာ အခိုင်အမာရပ်တည်ခဲ့တယ်၊ ဒါက တကယ့်ကိုမလွယ်ပါဘူး”
တရုတ်နိုင်ငံက ရွှေတံဆိပ် ၃၄ ခု၊ ငွေတံဆိပ် ၂၄ ခု၊ ကြေးတံဆိပ် ၁၁ ခု ရရှိထားပြီး ဆုရရှိမှုဇယားတွင် ဦးဆောင်လျက်ရှိကာ ဥဇဘက်ကစ္စတန်နှင့်ထိုင်းနိုင်ငံတို့က နောက်ကပ်လျက်တွင်ရှိနေသည်။ (Xinhua)
……….
(English Version)
China collects 8 golds to cement top position at Asian Youth Games
MANAMA, Oct. 26 (Xinhua) — Team China won eight gold medals in weightlifting, taekwondo, athletics and beach volleyball on Sunday to remain atop the medal standings at the 3rd Asian Youth Games.
Chinese weightlifters Jiang Jinfu, Chen Xunfa and Wu Jihong delivered dominant performances. In the boys’ 56kg, Jiang equaled the world youth record in the clean and jerk and set a new Asian youth record. Chen set Asian youth and Games records in the boys’ 60kg snatch, while Wu won the girls’ 44kg snatch.
In taekwondo, China collected four golds, five silvers and three bronzes. “Many of our athletes competed in an international event for the first time. They went all out and showed great performances,” said coach Shen Cheng.
Chinese duo Fan Yuhan and Zhuang Ming rallied to win the girls’ beach volleyball title. After dropping the opening set due to errors, they responded in the second. In the decider, the pair saved four championship points and then won six points in a row to turn the match.
“In the decider we were a bit hesitant, wanting to win while being afraid to lose,” Fan said after the match. “With no way back, we capitalized on our opponents’ impatience and held firm. It was really not easy.”
China leads the medal table with 34 golds, 24 silvers and 11 bronzes, followed by Uzbekistan and Thailand.
Photo : Artists perform during the opening ceremony of the 3rd Asian Youth Games at Exhibition World Bahrain in Sakhir, Bahrain, Oct. 22, 2025. (Bahrain Asian Youth Games Organizing Committee/Handout via Xinhua)