Connect with us

International Organizations

တရုတ်နိုင်ငံက အာရှလူငယ်အားကစားပြိုင်ပွဲတွင် ‌ရွှေတံဆိပ်ရှစ်ခု ထပ်မံရရှိ

ဘာရိန်းနိုင်ငံ Sakhir မြို့ရှိ Exhibition World Bahrain ၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က တွေ့ရစဥ် (ဓာတ်ပုံ - Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

မနာမာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာရှလူငယ်အားကစားပြိုင်ပွဲတွင် အောက်တိုဘာ ၂၇ ရက်၌ ‌ရွှေတံဆိပ်ရှစ်ခု ထပ်မံရရှိခဲ့ကြောင်း သိရသည်။
အမျိုးသား 3×3 ဘက်စကတ်ဘောပြိုင်ပွဲတွင် အိမ်ရှင်ဘာရိန်းအသင်းကို အနိုင်ရကာ ရွှေတံဆိပ် ရရှိခဲ့သည်။ “ကျွန်တော်တို့ရဲ့အကြီးဆုံးခွန်အားက တိုက်ခိုက်လိုစိတ်ပါ၊ နည်းဗျူဟာတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်တွေမှာ သူတို့ကိုပြန်လည်ဖိအားပေးနိုင်ခဲ့တယ်” ဟု နည်းပြချုပ် Wang Qiang က ပြောကြားခဲ့သည်။

“အရင်တစ်ခေါက်ရှုံးနိမ့်မှုက သူတို့ကိုလိုက်လျောညီထွေဖြစ်အောင် ကူညီခဲ့တယ်၊ ဘာရိန်းအသင်းက အိမ်ရှင် ပရိသတ်ရဲ့အားပေးမှုကြောင့် အစပိုင်းမှာ အားကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်စွာ ပြန်လာဖို့ အတွက် ချိန်ညှိကာ ယုံကြည်မှုအရယူနိုင်ခဲ့တယ်” ဟု ကစားသမားတစ်ဦးဖြစ်သည့် Yao Shengbin က ထပ်မံ ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံအမျိုးသမီး 3×3 ဘတ်စကတ်ဘောအသင်းကလည်း ကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။

စက်ဘီးစီးပြိုင်ပွဲတွင်မူ အသက် ၁၆ နှစ်အရွယ် Zhang Qiaochu က ၎င်း၏ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ၌ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
“ပြိုင်ပွဲကကြမ်းတမ်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တိုင်းပြည်ရဲ့ဂုဏ်အတွက် ဆက်ပြီးအားထုတ်ခဲ့ပါတယ်၊ တရုတ်နိုင်ငံဂုဏ်တက်စေဖို့ နောက်ထပ်အခွင့်အရေးတွေ ကျွန်တော် မျှော်လင့်ပါတယ်” Zhang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအသင်းက အောက်တိုဘာ ၂၇ ရက် ရေကူးပြိုင်ပွဲများတွင် ရွှေတံဆိပ်လေးခုရရှိခဲ့သည်။ အမျိုးသားမီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် He Yushuguang ၊ အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲတွင် Li Siyao ၊ အမျိုးသမီး မီတာ ၂၀၀ နောက်ပြန်ကူးပြိုင်ပွဲ Sun Mingxia နှင့် အမျိုးသမီး မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲတွင် Yang Fuzhen တို့က ရွှေတံဆိပ်အသီးသီးရရှိခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံမှအလေးမသမား Lan Xinyi က အမျိုးသမီး ၄၈ ကီလိုတန်းတွင် ရွှေတံဆိပ်နှစ်ခု ထပ်ပေါင်း ထည့်ပေးနိုင်ခဲ့သည်။ အလေးမပြိုင်ပွဲ၏ snatch ရော clean and jerk တွင်ပါ နှစ်မျိုးလုံး အတွက် ရွှေတံဆိပ် များရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ရွှေ ၄၂ ခု၊ ငွေ ၃၃ ခု၊ ‌ကြေး ၁၄ ခု ရရှိထားပြီး ဆုတံဆိပ်ရရှိမှုဇယားတွင် ဦးဆောင်လျက်ရှိကာ ၎င်းနောက်တွင် ဥဇဘက်ကစ္စတန်နှင့် ထိုင်းနိုင်ငံတို့က နောက်ကပ်လျက်တွင် ရှိနေသည်။ (Xinhua)

…………………..
(English Version)
China wins 8 more golds at Asian Youth Games
MANAMA, Oct. 27 (Xinhua) — China collected eight more gold medals at the Asian Youth Games on Monday.
The men’s 3×3 basketball team came from behind to beat host Bahrain for the title. “Our biggest strength was the fighting spirit. We executed our tactics well and turned the pressure back on them in the closing minutes,” said head coach Wang Qiang.
Player Yao Shengbin added that the previous defeat helped them adapt: “Bahrain started strong with home support, but we adjusted and gained confidence to complete the comeback.”
China’s women’s 3×3 team claimed a bronze.
On the cycling road course, 16-year-old Beijing rider Zhang Qiaochu overcame strong winds to win gold in his first international appearance.
“The race was tough, but I kept pushing for my country’s honor. I hope to have more chances to win glory for China,” Zhang said.
Also on Monday, China won four swimming gold medals. He Yushuguang touched first in the men’s 50m freestyle; Li Siyao won the women’s 100m butterfly; Sun Mingxia topped the women’s 200m backstroke; and Yang Fuzhen won the women’s 400m freestyle.
Chinese weightlifter Lan Xinyi added two gold medals in the women’s 48kg category, winning both the snatch and the clean and jerk.
China leads the medal table with 42 golds, 33 silvers and 14 bronzes, followed by Uzbekistan and Thailand.
Photo : Artists perform during the opening ceremony of the 3rd Asian Youth Games at Exhibition World Bahrain in Sakhir, Bahrain, Oct. 22, 2025. (Bahrain Asian Youth Games Organizing Committee/Handout via Xinhua)