မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ဟေတီနိုင်ငံတစ်ဝန်း ဟာရီကိန်းမုန်တိုင်း မယ်လစ်ဆာ ဖြတ်ကျော်တိုက်ခတ်ခဲ့ရာတွင် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း ဒေသမီဒီယာက အောက်တိုဘာ ၃၀ ရက်၌ သတင်းဖော်ပြခဲ့သည်။
ရေဒီယိုရုပ်သံဌာန Caraibes ၏အဆိုအရ အနောက်တောင်ပိုင်းကမ်းရိုးတန်းမြို့ Petit-Goave နှင့် အနီးဝန်းကျင်နေရာအများအပြားတွင် နေအိမ်များပြိုကျခဲ့ပြီး အပျက်အစီးများ နေရာအနှံပြန့်ကြဲလျက်ရှိပြီး လုံးဝနီးပါးပျက်စီးခဲ့ရသည်ဟု Petit-Goave မြို့တော်ဝန် Jean Bertrand Subreme က ပြောကြားခဲ့ကြောင်း သိရသည်။
ဗီဒီယိုမြင်ကွင်းများတွင် အကြီးအကျယ်ပျက်စီးမှုများကို တွေ့မြင်ရပြီး သေဆုံးသူများ၏ရုပ်အလောင်းများမှာ အပျက်အစီးများအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ဒေသသတင်းများက ဖော်ပြခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ကာရစ်ဘီယံကိုဝင်ရောက်တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းများအနက် အပြင်းထန်ဆုံးတစ်ခုဖြစ်သည့် မယ်လစ်ဆာသည် ဟေတီနှင့် ကျူးဘားဒေသအများအပြားကို မိုးသည်းထန်မှုများနှင့်ရေကြီးမှုများသယ်ဆောင်လာခဲ့သည်။ (Xinhua)
…………………..
(English Version)
At least 20 dead as Hurricane Melissa hits Haiti
MEXICO CITY, Oct. 29 (Xinhua) — At least 20 people have died in Haiti as Hurricane Melissa swept through the country, local media reported on Wednesday.
According to Radio Television Caraibes, several neighborhoods in the southwestern coastal town of Petit-Goave were almost entirely destroyed, with collapsed houses and widespread debris, said Petit-Goave Mayor Jean Bertrand Subreme.
Footage from the scene showed extensive damage, and local reports said remains of the victims were still buried under the rubble.
Melissa, one of the most powerful hurricanes that hit the Caribbean in recent years, has brought heavy rain and flooding to multiple regions of Haiti and Cuba.
Photo : A man tries to remove fallen branches caused by the Hurricane Melissa in Kingston, Jamaica, on Oct. 28, 2025. (Jamaica Observer/Handout via Xinhua)