Connect with us

International Organizations

လိုပက်ဇ် နှစ်ဂိုးသွင်းယူကာ ပါလ်မီးရက်စ်က ဗာစကိုအသင်းကိုအနိုင်ရ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် အရှေ့ရုသာဖို့တွင် ပြုလုပ်သည့် ၂၀၂၅ ဖီဖာကမ္ဘာ့ကလပ်များပြိုင်ပွဲ အုပ်စုအေ ပွဲစဥ် ဘရာဇီး ပါလ်မီးရက်စ်အသင်းနှင့် အီဂျစ် Al Ahly FC အသင်းတို့ ပွဲတွင် ပါလ်မီးရက်စ်အသင်းမှ လိုပက်ဇ် ဂျိုဆေးမန်နျူယယ် ဂိုးသွင်းအပြီးအောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
အာဂျင်တီးနားတိုက်စစ်မှူး ဂျိုဆေးလိုပက်ဇ်က နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး တစ်ဂိုးဖန်တီးပေးခဲ့သောကြောင့် ပါလ်မီးရက်စ်အသင်းသည် အိမ်ကွင်းတွင် အောက်တိုဘာ ၁ ရက်က ဗာစကိုဒဂါးမားအသင်းကို ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ဘရာဇီးစီးရီးအေပြိုင်ပွဲ၌ နံပါတ်နှစ်နေရာကို တက်ရောက်ခဲ့သည်။
လိုပက်ဇ်သည် ဂိုးဧရိယာအစပ် ၁၈ ကိုက်အကွာမှ အတွင်းသို့ ချိုးဝင်လာကာ ဂိုးသမား Leo Jardim ၏ လက်တစ်ကမ်းဂိုးတိုင်ထောင့်သို့ အသာအယာကန်သွင်းနိုင်ခဲ့ပြီး အသင်းကို ဦးဆောင်ကစားနိုင်စေခဲ့သည်။
မကြာမီ လိုပက်ဇ်က ဖရိုဖရဲဖြစ်နေသည့် တစ်ဖက်နောက်တန်း၏အမှားကိုအသုံးချကာ အနီးကပ် ဂိုးသွင်းယူခဲ့ပြီးနောက် ပါလ်မီးရက်စ်အသင်းသည် အချိန်တိုအတွင်း ၂-၀ ရလဒ်ရရှိခဲ့သည်။
ဘာစီလိုနာတိုက်စစ်မှူး Vitor Roque က ပွဲကစားချိန် ၂၄ မိနစ်တွင် ပါလ်မီးရက်စ်အသင်းအတွက် တတိယဂိုးကို သွင်းယူခဲ့သည်။ လိုပက်ဇ်၏ အတိုင်းအဆမှန်မှန်ဖြင့် ဖြတ်ပေးပို့ခဲ့သည့်ဘောလုံးကို ကျင်လည်စွာ လိမ်ခေါက်ပြီးနောက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
“ပွဲတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ဒီအောင်မြင်မှုနဲ့ထိုက်တန်တယ်လို့ထင်ပါတယ်၊ အခက်အခဲတွေ ရှိပေမဲ့ ကျွန်တော်တို့ရဲ့စည်းမျဥ်းစည်းကမ်းတွေအပေါ် သစ္စာရှိရှိထိန်းသိမ်းပြီး ရှေ့ဆက်ကစားခဲ့ပါတယ်၊ ကျွန်တော့် အသင်းရဲ့လုပ်ဆောင်မှု၊ စွမ်းဆောင်ရည်နဲ့အားထုတ်မှုတွေအတွက် ပျော်ရွင်မိပါတယ်” ဟု ပါလ်မီးရက်စ်နည်းပြ Abel Ferreira က ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပါလ်မီးရက်စ်အသင်းသည် ယခုအခါ ပထမနေရာတွင်ရှိနေသည့် ဖလာမင်ဂိုအသင်းနှင့် နှစ်မှတ်အကွာ ကပ်လျက်ရှိနေပြီး ဗာစကိုအသင်းက၂၂ မှတ်အကွာဖြင့် နံပါတ် ၁၂ နေရာတွင် ရှိနေခြင်းဖြစ်သည်။
အောက်တိုဘာ ၁ ရက် ဘရာဇီးစီးရီးအေ ပွဲစဥ်များအနေဖြင့် မီရာဆိုးလ်နှင့်ဘရာဂန်တီနိုတို့ ၁-၁ ရလဒ်၊ ဖလူမင်နိစ်နှင့် စပို့တ်အသင်း ၂-၂ ရလဒ်၊ဆန်းတို့စ်နှင့်ဂရီမီယို ၁-၁ ရလဒ် ၊ဘိုတာဖိုဂို က Bahia ကိုအိမ်ကွင်းတွင် ၂-၁ အနိုင်ရလဒ် ၊အင်တာနာစီယွန်နယ်က ကိုရင်သီယန်စ်အသင်းကို အိမ်ကွင်းတွင် ၁-၁ ရလဒ် များ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Lopez double fires Palmeiras past Vasco
RIO DE JANEIRO, Oct. 2 (Xinhua) — Argentine striker Jose Lopez scored two goals and set up another as Palmeiras moved to second in Brazil’s Serie A with a 3-0 home win over Vasco da Gama on Wednesday.
Lopez gave his side the lead by cutting inside and firing a low effort from the edge of the 18-yard box that beat goalkeeper Leo Jardim at his near post.
Palmeiras made it 2-0 shortly after when Lopez capitalized on chaotic defending to tap home from point-blank range.
Former Barcelona forward Vitor Roque added a third goal in the 24th minute, running onto Lopez’s perfectly weighted pass and finishing clinically after deft footwork
“I think that over the whole match we deserved this victory,” Palmeiras manager Abel Ferreira told a post-match news conference. “Despite the difficulties, we kept playing forward to remain faithful to our principles. I’m happy with the commitment, the performance and the effort of our team.”
Palmeiras now trails first-placed Flamengo by only two points while Vasco sits 12th, 22 points further back.
Elsewhere in Brazil’s Serie A on Wednesday, Mirassol was held to a 1-1 home draw by Bragantino, Fluminense drew 2-2 at Sport, Santos drew 1-1 at home to Gremio, Botafogo edged to a 2-1 home win over Bahia and Internacional was held to a 1-1 home draw by Corinthians.
Photo : Lopez Jose Manuel of Palmeiras celebrates his goal during the Group A match between Palmeiras of Brazil and Al Ahly FC of Egypt at the FIFA Club World Cup 2025 in East Rutherford, New Jersey, the United States, June 19, 2025. (Xinhua/Li Rui)