International Organizations
နျူကလီးယားစမ်းသပ်မှုက နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အန္တရာယ်ရှိဟု နိုင်ငံတကာ နျူကလီးယားစမ်းသပ်မှုပိတ်ပင်ရေး တာဝန်ရှိသူဆို
 
																								
												
												
											ဗီယင်နာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
မည်သည့်နိုင်ငံမှမဆို ပေါက်ကွဲစေတတ်သော နျူကလီးယားလက်နက် စမ်းသပ်မှုမျိုးမဆို ကမ္ဘာလုံးဆိုင်ရာ လက်နက်မပြန့်ပွားရေး ကြိုးပမ်းမှုများနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေမည်ဖြစ်ကြောင်း နိုင်ငံတကာ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
“နျူကလီးယားလက်နက်စမ်းသပ်မှုနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ စိုးရိမ်ပူပန်မှုတွေကို အာရုံစိုက်စေတဲ့ မကြာသေးမီက အများပြည်သူမှတ်ချက်တွေကို ကျွန်တော်သိရှိပါတယ်” ဟု ဘက်စုံနျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်အဖွဲ့၏ အမှုဆောင်အတွင်းရေးမှူး ရောဘတ် ဖလွိုက်ဒ်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
လက်ရှိအခြေအနေတွင် ကမ္ဘာ့ခေါင်းဆောင်များမှ နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ် (CTBT) ကို အတည်ပြုရန်နှင့် နျူကလီးယားလက်နက်စမ်းသပ်မှု ကင်းစင်သောကမ္ဘာတစ်ခုဆီသို့ ဦးတည်လုပ်ဆောင်ရန် အခွင့်အရေးတစ်ခုကို ၎င်းအနေဖြင့် မြင်တွေ့ခဲ့ရကြောင်း ဖလွိုက်ဒ်က ပြောကြားခဲ့သည်။
ဘက်စုံနျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်အဖွဲ့၏ စောင့်ကြည့်ရေးစနစ်သည် စမ်းသပ်မှုများကို ထောက်လှမ်းပြီး CTBT လက်မှတ်ရေးထိုးထားသော နိုင်ငံများသို့ အချက်အလက်များ ပေးပို့ရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“နေရာတိုင်း၊ လူတိုင်းနှင့် အမြဲတမ်းအတွက် နျူကလီးယားပေါက်ကွဲမှုအားလုံးကို ပိတ်ပင်ရန်” ရည်ရွယ်ချက်ဖြင့် CTBT မှာ ၎င်း၏ နောက်ဆက်တွဲ ၂ တွင် ဖော်ပြထားသည့် နိုင်ငံ ၄၄ နိုင်ငံစလုံးမှ အတည်မပြုရသေးဘဲ အတည်ပြုချက် ကိုးခုလိုနေသေးသဖြင့် ယခုအထိအသက်ဝင်ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Nuclear test harmful for int’l peace, security: int’l nuclear-test-ban official
VIENNA, Oct. 31 (Xinhua) — Any explosive nuclear weapon test by any State would be harmful and destabilizing for global non-proliferation efforts and for international peace and security, said an international nuclear-test-ban official on Thursday.
“I am aware of recent public remarks that draw attention to ongoing concerns about nuclear weapons testing,” Robert Floyd, executive secretary of the Comprehensive Nuclear-Test-Ban Treaty Organization, said in a statement.
Floyd said he saw in the current situation an opportunity for world leaders to work towards the ratification of the Comprehensive Nuclear-Test-Ban Treaty (CTBT) and a world free from nuclear weapons testing.
The organization’s monitoring system stands ready to detect the tests and provide the data to CTBT States Signatories, he said.
The CTBT, with an aim to “ban all nuclear explosions everywhere, by everyone, and for all time,” has not yet entered into force, as it has not been ratified by all 44 States listed in its Annex 2 and nine ratifications are still required. ■

 
									 
																	 
									 
																	 
									