Connect with us

Asia

တရုတ်-လာအို ရထားလမ်းက ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေး ချိတ်ဆက်ဆောင်ရွက်မှုများကို မြှင့်တင်ပေး

လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းရှိ တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်း တောင်ပိုင်းဘူတာရုံမှ တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၏မြို့တော် ကျိန့်ကျိုးမြို့သို့ ထွက်ခွာမည့် ပီလောပီနံမှုန့် တန်ချိန် ၁,၀၀၀ တင်ဆောင်ထားသော ကုန်တင်ရထားတစ်စင်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းအား လွန်ခဲ့သောလေးနှစ်က စတင်လည်ပတ်ချိန်မှစ၍ ခရီးသည်တင်ခရီးစဉ် ၆၂.၅ သန်းကျော်နှင့် ကုန်စည်တန်ချိန် ၇၂.၅ သန်းကျော်အား ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကာ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော အရှိန်အဟုန်များကို ဖြည့်တင်းပေးလျက်ရှိသည်ဟု တရုတ်နိုင်ငံ မီးရထားလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ဒီဇင်ဘာ ၂ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းအထိ ၁,၀၃၅ ကီလိုမီတာရှည်လျားသော ရထားလမ်းက ဒေသတွင်း ကူးလူးဆက်သွယ်မှုကို မြှင့်တင်ပေးကာ ဒေသတွင်း စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အားသစ်အဖြစ် အကျိုးပြုလျက်ရှိကြောင်း အဆိုပါကုမ္ပဏီက ဆိုသည်။

ကူမင်းမြို့မှ လာအိုနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံအထိ ဖောက်လုပ်ထားသော ယင်းမီးရထားလမ်းကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သလို လာအိုနိုင်ငံတွင်း သယ်ယူပို့ဆောင်ရေး စရိတ်စကများကိုလည်း ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟု ယင်းကုမ္ပဏီ၏ အဆိုအရ သိရသည်။
တရုတ်-လာအို ရထားလမ်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်၌ စတင်ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းဖြစ်ကာ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုများပြားလာသော လိုအပ်ချက်နှင့်ပြည့်မီစေရေးအတွက် ကူမင်းမြို့နှင့် ဗီယင်ကျန်းမြို့ကြား နိုင်ငံတကာခရီးသည်တင် ရထားခရီးစဉ်ပြေးဆွဲမှုများကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်၌ စတင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………
(English Version)
China-Laos Railway boosts regional tourism, trade connectivity
KUNMING, Dec. 2 (Xinhua) — The China-Laos Railway has handled over 62.5 million passenger trips and more than 72.5 million tonnes of cargo since its launch four years ago, injecting strong momentum into regional economic and social development, the China State Railway Group Co., Ltd. said Tuesday.
Stretching 1,035 kilometers from Kunming in southwest China’s Yunnan Province to the Lao capital of Vientiane, the railway has enhanced regional connectivity and served as a new driver of regional economic growth, the company said.
The railway has cut logistics costs by up to 50 percent on the route from Kunming to Thailand via Laos, while transport costs within Laos have been reduced by up to 40 percent, according to the company.
The China-Laos Railway commenced operations on December 3, 2021. To meet growing cross-border travel demand, international passenger train services between Kunming and Vientiane were introduced on April 13, 2023.
English Caption
An aerial drone photo shows a container train carrying 1,000 tonnes of cassava starch bound for Zhengzhou, capital of central China’s Henan Province, ready to depart from the Vientiane South Station on the China-Laos Railway in Vientiane, capital of Laos, Nov. 29, 2025. (Photo by Kaikeo Saiyasane/Xinhua)