Connect with us

International Organizations

ယူအီးအက်ဖ်အေ အမျိုးသမီးယူရို ၂၀၂၉ ‌ဘောလုံးပြိုင်ပွဲအား ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် အင်္ဂလန်အသင်းနှင့် စပိန်အသင်းတို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ယူအီးအက်ဖ်အေ အမျိုးသမီးယူရိုဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား ရုပ်သံဖန်သားပြင်ပေါ်မှ တိုက်ရိုက်ကြည့်ရှုအားပေးနေသော စပိန်အသင်းပရိသတ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

၂၀၂၉ ယူအီးအက်ဖ်အေ အမျိုးသမီးယူရိုဘောလုံးပြိုင်ပွဲအား ဂျာမနီနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဒီဇင်ဘာ ၃ ရက်၌ အတည်ပြုကြေညာခဲ့သည်။
ဂျာမနီအနေဖြင့် ပိုလန်ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကိုသာမက ဒိန်းမတ်နှင့် ဆွီဒင်တို့၏ ပူးတွဲကမ်းလှမ်းမှုကိုပါ ကျော်ဖြတ်၍ အမျိုးသမီးယူရိုပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
“ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ ဇွဲမလျှော့စတမ်း ကြိုးပမ်းအားထုတ်မှုတွေနဲ့ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုတွေအတွက် ကိုယ်စားလှယ်အဖွဲ့သုံးဖွဲ့စလုံးကို တကယ့်ကိုကျေးဇူးတင်ပါတယ်။ ကမ်းလှမ်းမှုတိုင်းဟာလည်း ပြီးခဲ့တဲ့နွေရာသီတုန်းက ဆွစ်ဇာလန်နိုင်ငံ သတ်မှတ်ခဲ့တဲ့ စံနှုန်းတွေကိုအခြေခံပြီး နိုင်ငံအဆင့်အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ ပြည်တွင်းကျွမ်းကျင်ပညာရှင်တွေကြားက အလွန်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အမြော်အမြင်တွေကို ပြသခဲ့တယ်” ဟု ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖယ်ရင်က ဆိုသည်။ “ဂျာမနီနိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ၂၀၂၉ ခုနှစ် နွေရာသီမှာကျင်းပမယ့် မမေ့နိုင်စရာ ပြိုင်ပွဲကြီးကို ကျွန်တော်တို့ မျှော်လင့်စောင့်စားနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အသင်း ၁၆ သင်းပါဝင်သော အဆိုပါပြိုင်ပွဲအား ဂျာမနီနိုင်ငံတစ်ဝန်းရှိ အားကစားကွင်း ၈ ခုတွင် ကျင်းပမည်ဟု သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘာလေကွင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တရုတ်အမျိုးသမီးအသင်းနှင့် အင်္ဂလန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲစဉ်၌ အင်္ဂလန်အမျိုးသမီးအသင်းမှ အယ်လာတူးန် (ဝဲ-ပထမ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

…………………..
(English Version)
Germany to host UEFA Women’s EURO 2029
BERLIN, Dec. 3 (Xinhua) — UEFA announced on Wednesday that the UEFA Women’s EURO 2029 will be held in Germany.
Germany won the hosting rights ahead of bids from the Polish Football Association and a joint bid by Denmark and Sweden.
“I want to sincerely thank all three bid delegations for their tireless work and commitment throughout the process. Each bid showcased vision and exceptional teamwork between national associations, governments and local experts, all inspired by the benchmark set by Switzerland last summer,” said President Ceferin. “Congratulations to Germany – we look forward to an unforgettable tournament in the summer of 2029!”
The 16-team tournament will be staged in eight stadiums across Germany.
English Caption 1
Fans of Spain watch a live screening of the UEFA Women’s Euro 2025 final match between England and Spain in Madrid, Spain, on July 27, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
England’s Ella Toone (1st L) celebrates scoring with teammates during an international women’s football friendly match between China and England at Wembley Stadium in London, Britain, Nov. 29, 2025. (Photo by Vince Mignott/Xinhua)