Connect with us

International Organizations

ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးယန္တရား ထူထောင်ရေးအတွက် ကြိုးပမ်းသွားကြရန် တရုတ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်းကို ထည့်သွင်းစဉ်းစား၍ တည်ငြိမ်ထိရောက်သော၊ ရေရှည်တည်တံ့သော ဥရောပလုံခြုံရေး ယန္တရား ထူထောင်ရေးအတွက် စုပေါင်းကြိုးပမ်းအားထုတ်ကြရန် တရုတ်သံတမန်တစ်ဦးက ဒီဇင်ဘာ ၉ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ပြုလုပ်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက အထက်ပါအတိုင်း ပန်ကြားတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ ယူကရိန်းအကျပ်အတည်းသည် အတိမ်းအစောင်းမခံသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နိုင်ငံတကာ၌ ဆွေးနွေးမှုများမှာ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းပေါ်တွင် ပိုမိုပေါင်းဆုံလာပြီဖြစ်ကာ ငြိမ်းချမ်းရေးနှင့် ပိုမိုနီးစပ်လာပြီ ဖြစ်ကြောင်း၊ ယင်းသို့ အခြေအနေတိုးတက်လာမှုအပေါ် တရုတ်နိုင်ငံက ဝမ်းမြောက်ဝမ်းသာကြိုဆိုကာ ငြိမ်းချမ်းရေးအတွက် ဦးတည်သော မည်သည့်ကြိုးပမ်းမှုကိုမဆို ထောက်ခံအားပေးသကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိုအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဆောလျင်စွာဖြေရှင်းနိုင်ရေးအတွက် အတူတကွ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်သူများအနေဖြင့် အပြုသဘောဆောင်သော အရှိန်အဟုန်များကို အမိအရအသုံးချကာ တရားမျှတ၍ ရေရှည်တည်တံ့သော၊ တရားဝင်တာဝန်ခံမှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် အမြန်ဆုံးရရှိရေးအတွက် ကြိုးပမ်းသွားကြရန် စွန်းက တိုက်တွန်းခဲ့သည်။
“သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ မင့်စ်ခ် သဘောတူညီချက် ရရှိထားပေမဲ့လည်း ယူကရိန်းအကျပ်အတည်းဟာ လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး အဲဒါရဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ ကိုယ်စီ လုံခြုံရေးအရ အလေးထားစရာကိစ္စရပ်တွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာကြောင့်နဲ့ ပဋိပက္ခရဲ့ ဇာစ်မြစ်ကို အဖြေမရှာနိုင်တာကြောင့်ဖြစ်တယ်” ဟု စွန်းက ပြောသည်။ “ဘယ်လိုငြိမ်းချမ်းရေး သဘောတူညီချက်အသစ်ပဲဖြစ်ဖြစ် အဲဒီအပေါ်မှာ သင်ခန်းစာယူပြီး အခြေခံရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သက်ဆိုင်သူအားလုံးအနေဖြင့် ပဋိပက္ခ၏ ဇာစ်မြစ်ကို ကျေကျေလည်လည် ကိုင်တွယ်ဖြေရှင်းရန်၊ တည်ငြိမ်ထိရောက်၍ ရေရှည်တည်တံ့သော ဥရောပလုံခြုံရေးယန္တရား ထူထောင်ရန်၊ ခွဲခြား၍မရနိုင်သော လုံခြုံရေးမူဝါဒကို ထည့်သွင်းစဉ်းစားရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း စွန်းက ပြောကြားခဲ့သည်။
ထို့အတူ အရပ်သားများကို အကာအကွယ်ပေးရန်လည်း စွန်းက တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယင်းအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း စွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
China calls for efforts to establish sustainable European security architecture
UNITED NATIONS, Dec. 10 (Xinhua) — A Chinese envoy on Tuesday called for collective efforts to establish a balanced, effective, and sustainable European security architecture in the context of the Ukraine crisis.
Sun Lei, China’s deputy permanent representative to the United Nations, made the appeal at a Security Council meeting on Ukraine.
The Ukraine issue has now entered a critical phase. Discussions at the international level are increasingly converging on negotiation and moving closer to peace. China welcomes such progress, supports all efforts toward peace, and hopes that the international community will work together to achieve an early political settlement of the crisis, he said.
Sun called on the parties concerned to seize on the positive momentum and strive for a just, lasting, and binding peace agreement as soon as possible.
“While the parties concerned had reached the Minsk Agreements, the Ukraine crisis still erupted, the underlying reason being the failure to properly address their respective security concerns and tackle the root causes of the conflict,” said Sun. “Any new peace agreement must draw on this lesson.”
China calls on all parties to adequately address the root causes of the conflict; to establish a balanced, effective, and sustainable European security architecture; and to bear in mind the principle of indivisible security, he said.
Sun also called for the protection of civilians.
He said China will continue to play a constructive role in advancing a political resolution of the crisis.