Connect with us

International Organizations

တရုတ်နိုင်ငံအသင်း ပွဲစဥ်အားလုံးအနိုင်ရကာ U-17 အာရှဖလားဝင်ခွင့်ရရှိ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံ့ချင့်မြို့တွင် အေအက်ဖ်စီ ယူ ၁၇ အာရှဖလား ၂၀၂၆ ခြေစစ်ပွဲ အုပ်စုအေ ပွဲစဥ် တရုတ်အသင်းနှင့်ဘင်္ဂလားဒေ့ရှ်အသင်းတို့ပွဲတွင် တရုတ်အသင်းမှ ရွှီကျိန့်ဖုန် (ရှေ့တန်းယာ) ယှဥ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ချုံချင့်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအသင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသင်းကို နိုဝင်ဘာ ၃၀ ရက်က ၄-၀ ဂိုးရလဒ်ဖြင့် အနိုင်ရရှိကာ လာမည့်နှစ်အတွက် AFC U-17 အာရှဖလားပြိုင်ပွဲ၌ ၎င်းတို့၏နေရာကို သေချာစေခဲ့သည်။ ၅ ပွဲဆက်တိုက်နိုင်ကာ ၄၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပေးဂိုးမရှိအနေအထားဖြင့် ခြေစစ်ပွဲများကို အဆုံးသတ်ခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံအသင်းသည် အစောပိုင်းတွင် ဘာရိန်း၊ အရှေ့တီမော၊ ဘရူနိုင်းနှင့် သီရိလင်္ကာအသင်းတို့ကို လွယ်ကူစွာ အနိုင်ရကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရွှိုက်ဝေဟောက် က ပွဲကစားချိန် ပထမပိုင်းတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ၅၃ မိနစ်တွင်မူ ၎င်း၏သုံးဂိုးမြောက် ဂိုးကိုသွင်းယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကျောက်စုန်းယွမ် က နောက်တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။
“ဖိအားတွေအောက်မှာ ကျွန်တော်တို့ရဲ့ကစားမှုအရှိန်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်၊ ဒီလိုအပိုင်းမှာ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ အထူးသဖြင့် နေရာလှည့်ကစားတာနဲ့နည်းစနစ်အပြောင်းအလဲတွေမှာပါ၊ ဒါက ပျော်ရွင်စရာ ရလဒ်တစ်ခုဖြစ်ပါတယ်” ဟု တရုတ်အသင်းနည်းပြ Bin Ukishima က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံ့ချင့်မြို့တွင် အေအက်ဖ်စီ ယူ ၁၇ အာရှဖလား ၂၀၂၆ ခြေစစ်ပွဲ အုပ်စုအေ ပွဲစဥ် တရုတ်အသင်းနှင့်ဘင်္ဂလားဒေ့ရှ်အသင်းတို့ပွဲတွင် တရုတ်အသင်းမှ ရွှိုက်ဝေဟောက် (အလယ်) ဂိုးသွင်းအပြီး အောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံ့ချင့်မြို့တွင် အေအက်ဖ်စီ ယူ ၁၇ အာရှဖလား၂၀၂၆ ခြေစစ်ပွဲ အုပ်စုအေပွဲစဥ် မကစားမီ တရုတ်အသင်းမှ ကစားသမားများ ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံ့ချင့်မြို့တွင် အေအက်ဖ်စီ ယူ ၁၇ အာရှဖလား ၂၀၂၆ ခြေစစ်ပွဲ အုပ်စုအေ ပွဲစဥ် တရုတ်အသင်းနှင့်ဘင်္ဂလားဒေ့ရှ်အသင်းတို့ပွဲတွင် တရုတ်အသင်းမှ ဝမ့်ရှန့် (အ‌ပေါ်) ယှဥ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံ့ချင့်မြို့တွင် အေအက်ဖ်စီ ယူ ၁၇ အာရှဖလား ၂၀၂၆ ခြေစစ်ပွဲ အုပ်စုအေ ပွဲစဥ် တရုတ်အသင်းနှင့်ဘင်္ဂလားဒေ့ရှ်အသင်းတို့ပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်းမှ Md Manik (ယာ) အဝါကတ်အပြခံရသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

…………………
(English Version)
China secures U-17 Asian Cup spot with perfect record
CHONGQING, Nov. 30 (Xinhua) — China sealed its place at next year’s AFC U-17 Asian Cup with a 4-0 win over Bangladesh here on Sunday, wrapping up qualifying with five straight victories, 42 goals scored and none conceded.
China had earlier eased past Bahrain, Timor-Leste, Brunei and Sri Lanka.
Shuai Weihao struck twice in the first half and completed his hat-trick in the 53rd minute to make it 3-0, before Zhao Songyuan added a late fourth.
“I hope we can keep our tempo under high pressure, we have done well in this area, especially the position rotation and the transition, it’s a delighted result,” said China’s head coach Bin Ukishima
Photo (1) Xu Zhengpeng (front R) of China vies the ball during the AFC U17 Asian Cup 2026 Qualifier group A match between China and Bangladesh in southwest China’s Chongqing Municipality, Nov. 30, 2025. (Xinhua/Huang Wei)
Photo (2) Shuai Weihao (C) of China celebrates his goal during the AFC U17 Asian Cup 2026 Qualifier group A match between China and Bangladesh in southwest China’s Chongqing Municipality, Nov. 30, 2025. (Xinhua/Huang Wei)
Photo (3) Starters of China pose before during the AFC U17 Asian Cup 2026 Qualifier group A match between China and Bangladesh in southwest China’s Chongqing Municipality, Nov. 30, 2025. (Xinhua/Huang Wei)
Photo (4) Wan Xiang (top) of China falls down during the AFC U17 Asian Cup 2026 Qualifier group A match between China and Bangladesh in southwest China’s Chongqing Municipality, Nov. 30, 2025. (Xinhua/Huang Wei)
Photo (5) Md Manik (L) of Bangladesh receives a yellow card during the AFC U17 Asian Cup 2026 Qualifier group A match between China and Bangladesh in southwest China’s Chongqing Municipality, Nov. 30, 2025. (Xinhua/Huang Wei)