Connect with us

Europe

သံတမန်ဆက်ဆံရေး ၅၅ နှစ်မြောက်ရောက်ရှိလာသည်နှင့်အညီ တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတို့ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလျက်ရှိ

အီတလီနိုင်ငံ ရောမမြို့ရှိ Colosseum အဆောက်အဦမြင်ကွင်းကို ၂၀၂၅ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံကြား သံတမန်ဆက်ဆံရေး ၅၅ နှစ်မြောက်သို့ ရောက်ရှိလာခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ၂၀၂၅ ခုနှစ်သည် ရှေး‌ဟောင်းယဉ်ကျေးမှုအဖွဲ့နှစ်ခုအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များ၌ ထိတွေ့ဆက်ဆံမှုများမှာ တိုးတက်ရှင်သန်မှုများ ရှိခဲ့သည်။
အဆိုပါ နယ်ပယ်များ၌ များပြားလှသောကူးလူးဖလှယ်မှုများကြောင့် အပြန်အလှန်နားလည်မှုကို တွန်းအားပေးခဲ့သလို နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်ကိုလည်း စတင်နိုင်ခဲ့သည်။

အဆင့်မြင့် ကူးလူးဖလှယ်မှုများက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မောင်းနှင်ပေး
တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတို့သည် ယခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာတိုးတက်မှုကို အလေးထားခြင်းအားဖြင့် နီးကပ်သော အဆင့်မြင့်ဆက်ဆံရေးများကို ထိန်းထားနိုင်ခဲ့သည်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလက တောင်အာဖရိကနိုင်ငံတွင် G20 ထိပ်သီးအစည်းအဝေးအတွင်း အီတလီဝန်ကြီးချုပ် Giorgia Meloni နှင့် သီးခြားတွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ ချိန်ညှိမှု အားကောင်းစွာ လုပ်ဆောင်ရန်အသင့်ရှိကြောင်းနှင့် နှစ်နိုင်ငံကြား ပိုမိုတည်ငြိမ်၍ အကျိုးအမြတ်ပြည့်ဝသော ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တွန်းအားပေးရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် လီက ပြောခဲ့သည်။
အီတလီဝန်ကြီးချုပ် Giorgia Meloni ကလည်း အီတလီ-တရုတ် ဆက်ဆံရေးသည် နယ်ပယ်အားလုံးတွင် နှစ်နိုင်ငံ စဉ်ဆက်မပြတ် ဖလှယ်မှုများရှိကာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၌လည်း အပြုသဘော တိုးတက်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ရာစုနှစ်ဝက်ကျော်ကြာ လက်တွေ့ကျသော အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ပြီး ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုကို မြှင့်တင်ခဲ့ကာ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း ‌အောက်တိုဘာလက ရောမမြို့ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောခဲ့သည်။

အီတလီ စီးပွားရေးလုပ်ငန်းများက တရုတ်စီးပွားရေးကို ယုံကြည်စိတ်ချမှုရှိ
နှစ်နိုင်ငံကုန်သွယ်မှုပမာဏအနေဖြင့်ကြည့်ပါက နှစ်ပေါင်းများစွာဆက်တိုက် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ကျော်ရှိနေခဲ့ပြီး အီတလီနိုင်ငံက တရုတ်နိုင်ငံအား ကုမ္ပဏီများ တိုးချဲ့နိုင်ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်း စွမ်းဆောင်နိုင်သော ကျယ်ပြော၍ တက်ကြွမှုရှိသည့် ဈေးကွက်အဖြစ် ရှုမြင်လျက်ရှိသည်။
အီတလီနိုင်ငံတွင် ရုံးချုပ်ထားရှိသည့် နိုင်ငံတကာ ဇီဝဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Chiesi Group ၏ စီအီးအို Giuseppe Accogli က တရုတ်နိုင်ငံရှိ ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းအင်အားမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း ၃၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ဆန်းသစ်တီထွင်မှုကဏ္ဍ၌ ပိုမိုအားကောင်းလာခဲ့သည်ဟု မှတ်ချက်ပြုခဲ့သည်။
ယခုနှစ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် Chiesi Group အနေဖြင့် အဆုတ်ပြွန်ရောင်ခြင်းဆိုင်ရာ ဆေးဝါးအသစ် ပူးတွဲဖော်ထုတ်ရန် တရုတ်နိုင်ငံ၏ Haisco Pharmaceutical Group နှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/9bs

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွင်း စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များပြပွဲဧရိယာ၌ အီတလီ စားသောက်ကုန်နှင့် တိရစ္ဆာန်အစာများ ပို့ကုန်မြှင့်တင်ရေးပြခန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့တွင် ခေတ်ပေါ်နှင့် ခေတ်ပြိုင်အနုပညာပြခန်း၌ “၂၀၂၅ ခုနှစ် အရှေ့နှင့် အနောက် နိုင်ငံတကာဆွေးနွေးပွဲပြပွဲ – ရှန်ဟိုင်းမှ ရောမသို့” ပြပွဲပြသထားမှုများကို ကြည့်ရှုနေသည့် လေ့လာသူတစ်ဦးအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China, Italy deepen multi-sector cooperation as diplomatic ties turn 55
ROME, Dec. 29 (Xinhua) — Marking the 55th anniversary of diplomatic relations between China and Italy, 2025 saw interactions between the two ancient civilizations flourish across political, economic and cultural fields.
A series of exchanges across these areas fostered mutual understanding and signaled a new phase of cooperation between the countries.

HIGH-LEVEL EXCHANGES DRIVE BILATERAL COOPERATION
China and Italy maintained close high-level contacts this year, with leaders on both sides pointing to steady progress in bilateral ties.
In November, Chinese Premier Li Qiang met with Italian Prime Minister Giorgia Meloni on the sidelines of the 20th Group of 20 (G20) Summit in South Africa. Li said that China is ready to strengthen the alignment of development strategies with Italy and forge a more stable and fruitful comprehensive strategic partnership between the two countries.
For her part, Meloni said Italy-China relations enjoy a good momentum of development, with continuous bilateral exchanges at all levels and positive progress in practical cooperation.
Earlier, during a visit to Rome in October, Chinese Foreign Minister Wang Yi said the two countries had, over more than half a century, engaged in high-level pragmatic cooperation, promoted cultural and people-to-people exchanges, and built a comprehensive strategic partnership.
ITALIAN BUSINESSES CONFIDENT IN CHINESE ECONOMY
With bilateral trade volume exceeding 70 billion U.S. dollars for several consecutive years, Italy sees China as a vast and dynamic market where companies can scale up and innovate.
Giuseppe Accogli, CEO of Chiesi Group, an international biopharmaceutical company headquartered in Italy, noted that the company’s workforce in China has grown by 30 percent over the past two years, alongside a stronger focus on innovation.
At this year’s China International Import Expo, Chiesi Group signed a cooperation agreement with China’s Haisco Pharmaceutical Group to jointly develop a new drug for bronchiectasis. xhtxs.cn/9bs

Photo 1: This photo taken on March 25, 2025 shows a view of the Colosseum in Rome, Italy. (Xinhua/Li Jing)
Photo 2: This photo shows the booth of Italian Food and Feed Export Promotion Association at the Food and Agricultural Products exhibition area during the eighth China International Import Expo (CIIE) in east China’s Shanghai, on Nov. 8, 2025. (Xinhua/Liu Jiaqi)
Photo 3: A visitor views exhibits at the “2025 East and West International Dialogue Exhibition: From Shanghai to Rome” at the National Gallery of Modern and Contemporary Art in Rome, Italy, July 14, 2025. (Xinhua/Li Jing)