Connect with us

International Organizations

ဂိုလန်ကုန်းမြင့်ဒေသအား သိမ်းပိုက်ခံ ဆီးရီးယားနယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားဟု တရုတ်သံတမန် ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆွေးနွေးပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေ (အလယ်-ရှေ့) အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဂိုလန်ကုန်းမြင့်ဒေသအား သိမ်းပိုက်ခံ ဆီးရီးယားနယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားကြောင်း တရုတ်နိုင်ငံ သံတမန်တစ်ဦးက ဒီဇင်ဘာ ၂၉ ရက်၌ အလေးအနက်ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှုနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုတို့ကို အပြည့်အဝ လေးစားရမည်ဖြစ်ကြောင်း၊ ဂိုလန်ကုန်းမြင့်ဒေသအား သိမ်းပိုက်ခံ ဆီးရီးယားနယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ပြောကြားခဲ့သည်။
အစောဆုံးအနေဖြင့် ၁၉၈၁ ခုနှစ်က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်-၄၉၇ တွင် ဆီးရီးယားနိုင်ငံ၏ ဂိုလန်ကုန်းမြင့်ဒေသအား သိမ်းပိုက်ခြင်းကို တရားမဝင်ဟု အတိအလင်းကြေညာထားသည်။ ယင်းနှင့်သက်ဆိုင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း UNDOF ဟုလူသိများသော ဂိုလန်ကုန်းမြင့်ဒေသရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ၏ အခွင့်အာဏာကို ခြောက်လသက်တမ်းတိုးမည့် ဆုံးဖြတ်ချက် အမှတ်- ၂၈၁၁ အား လုံခြုံရေးကောင်စီတွင် တညီတညွတ်တည်း မဲခွဲအတည်ပြုခဲ့ပြီးနောက် အဆိုပါမဲခွဲမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားစဉ် စွန်းက ထည့်သွင်းပြောကြားခဲ့သည်။
သက်ဆိုင်ရာနိုင်ငံအားလုံးအနေဖြင့် အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့ကြား တပ်များရုပ်သိမ်းရေးဆိုင်ရာ ၁၉၇၄ ခုနှစ် သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် တာဝန်ရှိသလို ခွင့်ပြုထားခြင်းမရှိသော ပြည်ပတပ်များအနေဖြင့် နှစ်နိုင်ငံအကြား ပိုင်းခြားထားသည့်ဧရိယာတွင် တပ်စွဲထားခြင်းမပြုသင့်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအတိုင်း UNDOF ၏ တာဝန်များ ကျေပွန်စေရေးအတွက် သေချာစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း စွန်းက အလေးထားပြောဆိုခဲ့သည်။
ဆီးရီးယားပြည်တွင်း၌ တည်ငြိမ်အေးချမ်းသော အခင်းအကျင်းမရှိဘဲ ဆီးရီးယားအရေးအတွက် ကောင်းမွန်ပြည့်စုံသော ဖြေရှင်းနည်းကို ရရှိနိုင်မည်မဟုတ်ကြောင်း၊ ဒီဇင်ဘာ ၂၆ ရက်က ဟွန်းမ်စ်မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများအပြားဖြစ်ပေါ်ခဲ့ရာ ယင်းဖြစ်စဉ်က ဆီးရီးယား၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အခြေအနေမှာ စိုးရိမ်စရာကောင်း၍ ရှုပ်ထွေးနေဆဲဖြစ်သည်ကို ညွှန်ပြလျက်ရှိကြောင်း စွန်းက ပြောကြားခဲ့သည်။
“ဆီးရီးယား ကြားဖြတ်အစိုးရအနေနဲ့ ပြည်တွင်းမှာ လုံခြုံမှုနဲ့ တည်ငြိမ်မှုရှိစေဖို့အတွက် နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင်ထမ်းဆောင်ပြီး အရှေ့တာကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ အပါအဝင် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လုံခြုံရေးကောင်စီက သတ်မှတ်ထားတဲ့ အဖွဲ့အစည်းမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ဖျက်ဖို့အတွက် ထိရောက်တဲ့အစီအမံအားလုံးကို လုပ်ဆောင်သွားဖို့ တိုက်တွန်းပါတယ်” ဟုလည်း တရုတ်သံတမန်က ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Golan Heights are internationally recognized as occupied Syrian territory: Chinese envoy
UNITED NATIONS, Dec. 29 (Xinhua) — A Chinese envoy on Monday stressed that the Golan Heights are internationally recognized as occupied Syrian territory.
Syria’s sovereignty, independence, unity and territorial integrity should be fully respected, and the Golan Heights are internationally recognized as occupied Syrian territory, said Sun Lei, China’s deputy permanent representative to the United Nations.
As early as 1981, Security Council Resolution 497 explicitly declares the occupation of the Syrian Golan Heights as null and void. The relevant Security Council resolutions must be implemented, Sun said in an explanation of vote after the Security Council unanimously adopted Resolution 2811, which renews the mandate of the UN peacekeeping force on the Golan Heights, known as UNDOF, for six months.
All parties are obligated to fully implement the 1974 disengagement agreement between Israel and Syria, and unauthorized foreign forces should not be stationed in the area of separation between the two countries, said Sun, emphasizing that the fulfillment of UNDOF’s mandate, as authorized by the Security Council, must be ensured.
A comprehensive solution to the Syrian issue cannot be achieved without a peaceful and stable domestic environment, said Sun, noting that a terrorist attack in Homs on Friday resulted in heavy casualties and shows that the counter-terrorism situation in Syria remains grave and complex.
“We call on the Syrian transitional government to fulfill its international obligations and take all effective measures to resolutely combat all international terrorist organizations listed by the Security Council, including the East Turkestan Islamic Movement, in order to achieve security and stability in the country,” said the envoy
English Caption
Sun Lei (C, front), China’s deputy permanent representative to the United Nations, speaks at a UN Security Council meeting at the UN headquarters in New York, on Dec. 29, 2025. (Xinhua/Zhang Fengguo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.