Asia
ဂါဇာဒေသ၌ အစ္စရေး၏ သတ်ဖြတ်မှုများကို ဘင်္ဂလားဒေ့ရှ် ရှုတ်ချ

ဒါကာ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာအချို့၌ ပါလက်စတိုင်းပြည်သူများအား ထောက်ခံဆန္ဒပြမှုများ ဖြစ်ပွားနေခိုက် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အလွန်ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
လွန်ခဲ့သောလ၌ အစ္စရေးက ဟားမက်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲမှုကို အဆုံးသတ်ခဲ့ပြီးနောက် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးငယ် အများစုအပါအဝင် ပါလက်စတိုင်းပြည်သူ အများအပြား သေဆုံးခဲ့သည့်အပြင် ဂါဇာဒေသသို့ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်မှုကိုလည်း ပိတ်ပင်ခဲ့သည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခု ပေါ်ပေါက်စေသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်၌ ထုတ်ပြန်ခဲ့သည်။
“အစ္စရေးအနေနဲ့ စစ်ဆင်ရေးမှန်သမျှကို ချက်ချင်းရပ်ဖို့၊ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တာဝန်တွေကို လိုက်နာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တိုက်တွန်းပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အထူးသဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး၊ အရပ်သားများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန်နှင့် ပိတ်ဆို့ခံ ဂါဇာဒေသဆီသို့ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ဖြတ်သန်းပေးပို့နိုင်ရန် တိုက်ပွဲအားလုံး ရပ်တန့်ရေးတို့ကို လက်တွေ့ဖော်ဆောင်ရန်အတွက် ထိရောက်သော ချက်ချင်းလက်ငင်း အစီအမံများ ကျင့်သုံးခြင်းဖြင့် ၎င်းတို့၏ ဥပဒေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်များကို ဆောင်ရွက်ကြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းပန်ကြားလိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ htxs.cn/2Cx
…………………
(English Version)
Bangladesh condemns Israeli killings in Gaza
DHAKA, April 9 (Xinhua) — The Bangladeshi interim government has strongly condemned Israel’s continued mass killing and gross violation of human rights in the Gaza Strip amid pro-Palestine protests in parts of the country.
Since Israel ended a ceasefire with Hamas last month, its attacks have killed scores of Palestinians, mostly women and children, as well as blocked the entry of humanitarian aid into Gaza, leading to a human catastrophe, Bangladesh’s Ministry of Foreign Affairs said Monday.
“The Government of Bangladesh demands that Israel immediately cease all military operations, exercise maximum restraint, and abide by its duty under international humanitarian law,” it said.
Bangladesh appeals to the international community, in particular the United Nations, to discharge its moral and legal responsibilities by adopting immediate and effective steps toward the implementation of an unconditional ceasefire and the cessation of all hostilities for the protection of lives of civilians and unobstructed passage of humanitarian relief to besieged Gaza, it said. htxs.cn/2Cx
English Caption
People attend a protest against the Israeli killings in Gaza, in Dhaka, Bangladesh, April 7, 2025. (Xinhua)