North America
ကယ်လီဖိုးနီးယား ပြည်နယ်က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် တံခါးဖွင့်ထားဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ပြော

လော့စ်အိန်ဂျလိစ်၊ မေ ၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အစိုးရ၏ လက်ရှိ စည်းကြပ်ခွန်မူဝါဒမှာ နိုင်ငံ၏ စီးပွားရေးအင်အားအကြီးဆုံး ပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် (Golden State) အား ခြိမ်းခြောက်နေချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကို တံခါးဖွင့်ထားဆဲဖြစ်သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ်က ပြောကြားခဲ့သည်။
မေ ၂ ရက်က Nikkei Asia သတင်းစာနှင့် အွန်လိုင်းမှ အင်တာဗျူးပြုလုပ်စဉ်အတွင်း ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
၎င်း၏ပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် “တည်ငြိမ်သော ကုန်သွယ်ဖက်” အဖြစ် ရပ်တည်လျက်ရှိသည်ဟု နယူဆမ်က ဆိုသည်။ ကယ်လီဖိုးနီးယားပြည်နယ်အနေဖြင့် တရုတ်နိုင်ငံ၏ ပြည်နယ်များ၊ မြူနီစီပယ်မြို့များနှင့် နားလည်မှုစာချွန်လွှာ အများအပြား လက်မှတ်ရေးထိုးထားပြီး ယမန်နှစ်တွင် ပေကျင်းသို့ ၎င်းသွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံနှင့် နိုင်ငံအဆင့် ဆက်ဆံရေးသို့ တိုးမြှင့်ခဲ့သည်ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် အထူးသဖြင့် အာရှဒေသမှ အခြားသော ကုန်သွယ်ဖက်များကို တံခါးဖွင့်၍ ကြိုဆိုလျက်ရှိကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးမှာ တစ်ဦးကအသာရလျှင် အခြားတစ်ဦးက ဆုံးရှုံးနစ်နာရသည့် ကစားပွဲမျိုးမဟုတ်ဘဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အခြေအနေသာဖြစ်ကြောင်း နယူဆမ်က ဆိုသည်။
ဒေါ်နယ်ထရမ့် အစိုးရက ကမ္ဘာတစ်ဝန်းမှ ကုန်သွယ်ဖက်များအပေါ် စည်းကြပ်ခွန်ပမာဏ အများအပြား ချမှတ်မှုနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ နယူဆမ်က ၎င်းအနေဖြင့် အစိုးရ၏ ကုန်သွယ်ရေးမူဝါဒအပေါ် ကျယ်ကျယ်လောင်လောင် ထောက်ပြပြောဆိုနေရသည့် အကြောင်းရင်းမှာ အမေရိကန်နိုင်ငံရှိ အခြားပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ကယ်လီဖိုးနီးယားပြည်နယ်အနေဖြင့် ထိုစည်းကြပ်ခွန်များ၏ သက်ရောက်မှုဒဏ်ကို အချိုးအစားမညီမျှစွာ ခံစားနေရခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အာရှဒေသနှင့် ကျယ်ကျယ်ပြန့်ပြန့် ကုန်သွယ်လျက်ရှိကြောင်း၊ ဆီလီကွန်ဗေးလီးအခြေစိုက် နည်းပညာကုမ္ပဏီများအနေဖြင့် ယင်းဒေသရှိ ထောက်ပံ့ကွင်းဆက်များ၊ ဈေးကွက်များနှင့် ပေါင်းစည်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးနိုင်ခြေဟာ ဒေါ်လာဘီလီယံပေါင်းများစွာ ရှိပါတယ်။ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိပြီး ဂုဏ်သိက္ခာ ထိခိုက်နိုင်ခြေကလည်း မခန့်မှန်းနိုင်လောက်အောင်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
California open to trade with China: state governor
LOS ANGELES, May 3 (Xinhua) — California Governor Gavin Newsom has said that the Golden State will remain open to trade with China as the current U.S. administration’s tariff policy has threatened the largest state economy in the country.
He made the remarks in an online interview with Nikkei Asia on Friday, according to reports by Japanese media outlets.
Newsom said his state has been a “stable partner” in trade with China. He noted that California has signed a series of memorandums of understanding with China’s provinces and municipalities and extended relations to China’s national level during his visit to Beijing last year.
He stressed that California has “extended an open hand” to China and other trading partners, especially those in Asia.
Global trade is not a zero-sum game, said Newsom, adding that he recognizes “our interdependence.”
Talking about the huge tariffs against trade partners worldwide imposed by the Donald Trump administration, Newsom said the reason he has been so outspoken about the administration’s trade policy is because California was disproportionately impacted by the tariffs compared with other U.S. states. He noted that California has extensive trade with Asia and that Silicon Valley tech companies have integrated supply chains and markets in the region.
“The direct and indirect economic costs to the state of California is in the billions and billions of dollars,” said Newsom. “It has an outsized impact on tourism, on trade, small businesses, large businesses … and the reputation (damage) is incalculable.”
English Caption
A 2024 China-California Business Forum signing ceremony is held in Los Angeles, California, the United States, May 20, 2024. (Xinhua)