Asia
တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသော ဂေဟာက ပါကစ္စတန် မိဘမဲ့ကလေးငယ်များအတွက် မျှော်လင့်ချက်နှင့် စောင့်ရှောက်မှုများ ပေးစွမ်းနေ

အစ္စလာမ်မာဘတ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ၏ သဒ္ဓါထက်သန်စွာ ပံ့ပိုးကူညီမှုကြောင့် အကောင်အထည်ပေါ်လာခဲ့သည့် Islamabad China-Pakistan Youth One Heart Step and Cure Home (ICOSH) ကူညီစောင့်ရှောက်ရေး ဂေဟာ၌ မိုဟာမက် ရှာဟက်နှင့် ၎င်း၏ ညီမဖြစ်သူတို့ နေထိုင်လျက်ရှိကာ စိတ်ခွန်အား၊ စိတ်ချမ်းသာမှုနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်လင့်သည့် သတ္တိများကို ရရှိလာခဲ့သည်။
ရှာဟက်မှာ ဆွေမျိုးသားချင်းမရှိသည့် မိဘမဲ့တစ်ဦးဖြစ်ပြီး ၎င်း၏မိခင်မှာ ခံတွင်းကင်ဆာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီးနောက် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူမှာ ကွယ်လွန်ခါနီးတွင် ၎င်း၏ သားသမီးများကို ICOSH ဂေဟာ၌ ယုံကြည်အားကိုးစွာ အပ်နှံခဲ့ခြင်းဖြစ်သဖြင့် ထိုဂေဟာအပေါ် ၎င်း၏ချစ်ခင်တွယ်တာမှု၊ ယုံကြည်မှု အတိုင်းအတာကို ပြသနေသည့် လက္ခဏာတစ်ရပ်လည်းဖြစ်သည်။
“ဒီဂေဟာက ကျွန်တော်တို့အတွက် သိပ်ကိုအရေးပါပါတယ်။ ပါကစ္စတန် ဝန်ထမ်းတွေက ကျွန်တော်တို့ကို ကြင်ကြင်နာနာနဲ့ ဂရုတစိုက် ဆက်ဆံကြပြီး တရုတ်လူမျိုး သူငယ်ချင်းတွေကလည်း အပတ်တိုင်း ကျွန်တော်တို့ကို လာကြည့်ပေးပါတယ်။ ကျွန်တော်တို့တွေ အရည်အသွေးရှိတဲ့ ပညာရေး၊ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေနဲ့ ဘေးကင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ရရှိအောင် အသေအချာ စီစဉ်ပေးပါတယ်။ ICOSH က ဂေဟာတစ်ခုဆိုတာထက်ပိုပြီး ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အရာ၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်၊ ကျွန်တော်တို့ရဲ့ မိသားစုပါပဲ” ဟု ထိုဂေဟာ၌ တစ်နှစ်ခန့် နေထိုင်လာသည့် အသက် ၁၁ နှစ်အရွယ် ရှာဟက်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
Beijing One Heart Sphere လူမှုအကျိုးပြု ဖောင်ဒေးရှင်းနှင့် တရုတ်-ပါကစ္စတန် လူငယ်များ ကူးလူးဖလှယ်ရေး အသိုက်အဝန်း (CPYEC) တို့က ၂၀၂၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ICOSH မှာ မြို့တော် အစ္စလာမ်မာဘတ်၌ ဆေးကုသမှုခံယူနေသော အကြီးအကျယ် နာမကျန်းဖြစ်နေသည့် ပါကစ္စတန် လူနာများကို ကူညီစောင့်ရှောက်ပေးသည့် မစ်ရှင်အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်မူ ICOSH မှာ မသန်စွမ်း ကလေးငယ်များ၊ အပြင်းအထန် နာမကျန်းဖြစ်နေသော ကလေးငယ်များအတွက် ယာယီခိုနားစရာ ပေးနိုင်ရုံသာမက ရှာဟက် အပါအဝင် မိဘမဲ့ကလေးငယ် ၂၁ ဦးကို အချိန်ပြည့် လက်ခံစောင့်ရှောက်ထားသည့် ရိပ်မြုံတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။
ထိုဂေဟာ၌ လအတန်ကြာ နေထိုင်ရင်း ကွယ်လွန်သွားခဲ့သည့် ရှာဟက်၏ မိခင်က ၎င်းအပေါ် ဂရုတစိုက် စောင့်ရှောက်မှုအတွက် များစွာကျေးဇူးတင်ခဲ့ပြီး ၎င်းကွယ်လွန်သွားချိန်တွင် ကျန်ရစ်ခဲ့သော ၎င်း၏ သားသမီးများကို စောင့်ရှောက်ပေးရန် ဂေဟာတာဝန်ရှိသူများကို အကူအညီတောင်းခဲ့ကြောင်း ပါကစ္စတန်ရှိ ICOSH ဌာနေအကြီးအကဲ ဆိုဘီယာ အက်ဒ်နန်က ဆိုသည်။
“သူက အတော်လေး နာမကျန်းဖြစ်နေတဲ့ လူနာတစ်ယောက်ဖြစ်တာမို့ ဒီမှာ သူကိုယ်တိုင်နေထိုင်ခဲ့တဲ့ အတွေ့အကြုံအရ သူ့ကလေးတွေကို ယုံယုံကြည်ကြည် အပ်နှံခဲ့တာပါ။ အဲဒါက ICOSH အပေါ် လူတွေရဲ့ နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးစားမှုကို ထင်ဟပ်စေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/35r

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ Islamabad China-Pakistan Youth One Heart Step and Cure Home (ICOSH) ကူညီစောင့်ရှောက်ရေးဂေဟာ၌ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား၌ ဖျော်ဖြေတင်ဆက်နေသည့် ကလေးငယ်များကို ၂၀၂၅ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………………..
(English Version)
Chinese-supported shelter offers hope, care to Pakistani orphans
ISLAMABAD, June 3 (Xinhua) — Muhammad Shahab has been living with his sister at the Islamabad China-Pakistan Youth One Heart Step and Cure Home (ICOSH), a compassionate shelter made possible through the generous support of the Chinese people, and has found strength, comfort and courage to dream of a brighter future.
An orphan with no relatives, Shahab lost his mother, who bravely fought oral cancer. In her final days, she entrusted ICOSH with her children, a gesture that speaks volumes about the trust and love she felt for this place.
“This home means everything to us. The Pakistani staff treats us with kindness and care, and Chinese friends visit us every week to see how we are doing. They ensure we have access to quality education, nutritious meals, and a safe, loving environment. ICOSH is more than a home, it is our protection, our hope, and our family,” the 11-year-old, who has been living in the home for about a year, told Xinhua.
Established in 2023 by the Beijing One Heart Sphere Charity Foundation and the China-Pakistan Youth Exchange Community (CPYEC), ICOSH began with the mission of assisting critically ill Pakistani patients seeking treatment in the capital. Today, it has grown into a haven offering temporary shelter for disabled and seriously ill children, as well as full-time residence for 21 orphans, including Shahab.
Shahab’s late mother, who stayed at the compassionate home for several months, deeply appreciated the care she received and asked the center’s administration to look after her children after her passing, according to Sobia Adnan, the Pakistani director of ICOSH.
“She was a seriously ill patient who entrusted her children to us based on her own experience here,” Sobia said. “It reflects the deep trust that people have in ICOSH.” xhtxs.cn/35r
English Caption 1
Children attend a ceremony marking the International Children’s Day at the Islamabad China-Pakistan Youth One Heart Step and Cure Home (ICOSH), in Islamabad, capital of Pakistan, on June 1, 2025. (Xinhua/Ahmad Kamal)
English Caption 2
Children perform during a ceremony marking International Children’s Day at the Islamabad China-Pakistan Youth One Heart Step and Cure Home (ICOSH), in Islamabad, capital of Pakistan, on June 1, 2025. (Xinhua/Ahmad Kamal)